NEWS

GTIG Guohua Glory အထည်ချုပ်စက်ရုံလုပ်သား တစ်ထောင်ဝန်းကျင် လုပ်ငန်းခွင်ရပ်နားပြီး ဒေးကြေး ၁၃၀၀၀ ကျပ်တိုးမြှင့်ပေးရေးတောင်းဆို

CoverLogo
644 Views
 
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် အမှတ် - မှာရှိတဲ့ GTIG Guohua Glory အထည်ချုပ်စက်ရုံမှာ လုပ်သား တစ်ထောင်ဝန်းကျင်လုပ်ငန်းခွင်ရပ်နားပြီး ဒေးကြေး ၁၃၀၀၀ ကျပ်တိုးမြှင့်ပေးရေးတောင်းဆို နေပါတယ်။
 
တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်မှာ WCC နဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
အလုပ်သမားတွေအနေနဲ့ ဒေးကြေးတိုးမြှင့်ရေးတောင်းဆိုရာမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေရလို့ ခေတ်ကာလနဲ့ လျော်ညီတဲ့ လုပ်ခတိုးပေးဖို့ အလုပ်ခွင်ရပ်ပြီးတောင်းဆိုကြတာလို့ သိရပါတယ်။
 
အဲ့ဒီလုပ်ငန်းခွင်မှာ ONLY, Bestseller စတဲ့ အမှတ်တံဆိပ်တွေကို အလုပ်သမား တစ်ထောင်ကျော်နဲ့ ချုပ်လုပ်လည်ပတ်နေတာပါ။
 
Iron section က အပူခံကြေး တလ ၆၀၀၀၀ တောင်းတာကို လုပ်ငန်းရှင်က တသောင်းဘဲ တိုးပေးလိုက်တာစပြီး အလုပ်သမားတွေ အလုပ်ရပ်ကာ တောင်းဆိုမှုစတင်ခဲ့တာလို့ သိရပါတယ်။
 
"ဒေးကြေး ၁၃၀၀၀ တောင်းထားပါတယ်။ IRON ဌာနကတော့ အပူခံကြေး ၆၀၀၀၀ ပေးဖို့ ပါတယ်"လို့ အလုပ်သမားကပြောပါတယ်။
စက်ရုံ ၄ ရုံ ၀န်းတခုထဲမှာ ဖွင့်လှစ်လုပ်ကိုင်တာဖြစ်ပြီး GTIG 2 စက်ရုံမှာ တောင်းဆိုမှုပြုလုပ်နေတာလို့ သိရပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026