NEWS

GTIG 2 အထည်ချုပ်စက်ရုံ ဒေးကြေး တောင်းဆိုမှု ၁၁,၅၀၀ ကျပ် သာ ရရှိ

CoverLogo
818 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ဝါးတစ်ရာစက်မှူဇုန်ရှိ တရုတ်နိုင်ငံသားပိုင် GTIG Guohua Glory (GTIG 2) အထည်ချုပ်စက်ရုံလုပ်သားတွေ အခြေခံလုပ်လစာ တိုးမြှင့်ရေး တောင်းဆို ရာ တစ်နေလုပ်ခ Day ကြေး (၁၁,၅၀၀)ကျပ်ပေးရန် နှစ်ဘက် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
 
ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် GTIG 2 စက်ရုံ မှ အနည်းဆုံးအခကြေးငွေ (၁၃,၀၀၀)ကျပ်၊ အချိန်ပိုကြေး (၃,၀၀၀) ကျပ် ရရှိရေး တောင်းဆိုခဲ့ရာ ညှိနှိုင်းမှုအရ Day ကြေး (၁၁,၅၀၀)ကျပ်၊ အချိန်ပိုကြေး (၂,၁၀၀) ကျပ်အား သဘောတူညီမှုရရှိခဲ့ပြီး နှစ်ဘက်သဘောတူစာချုပ် ချုပ်ဆိုင်နိုင်ခဲ့ကြတယ်လို့ STUM က ထုတ်ပြန်ပါတယ်။
 
နှစ်ဘက်သဘောတူညီစာချုပ်ပါ အချက်များမှာ Guohua Glory CO., LTD စက်ရုံမှ ဝန်ထမ်းများသည် Day ကြေး (၁၂၀၀၀)ကျပ် အချိန်ပိုကြေး ၁ နာရီ (၂၃၀ဝ)ကျပ် တိုးပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ (၂၆.၅.၂၀၂၅) ရက်နေ့တွင် အလုပ်သမားရေးရာ မြို့နယ် ပေါင်းစပ် အဖွဲ့မှ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ် များအား ညှိနှိုင်းမူအရ သဘောတူညီမူရခဲ့ကြောင်း ဆိုပါတယ်။
 
သဘောတူညီ ပထမ အချက်အရ အလုပ်ရှင်မှ ယခင် ပေးချေသော ဒေးကြေး ၅၈၀၀ ကျပ်+ ထောက်ပံ့ကြေး ၃၂ဝဝကျပ် မှ ယခုအခါဒေးကြေး ၅၈၀၀ကျပ်+ ထောက်ပံ့ကြေး ၅၇၀၀ကျပ် ဖြင့် စုစုပေါင်း ၁၁၅၀၀ ကျပ်နှင့် အချိန်ပို ကြေးအား ယခင်ကပေးချေသော တစ်နာရီလျှင် ၂၀၀ဝကျပ် အား တစ်နာရီလျှင် ၂၁၀၀ကျပ်ဖြင့်ပေးချေမှာကို သဘောတူထားတယ်လို့ ဆိုပါတယ်။
 
တောင်းဆို ခဲ့တဲ့ (၂၆.၅.၂၀၂၅) ရက်နေ့ကို မည်သည့်အကျိုးခံစား ခွင့်မှ မရှိဘဲ လစာ ဖြတ်တောက်မည်ဖြစ်ကြောင်းအား ဝန်ထမ်းများမှ သဘောတူညီထားကြောင်း ဖော်ပြထားပါတယ်။
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026