NEWS

GTIG အထည်ချုပ်စက်ရုံ ၅ ရုံမှာ လုပ်ခလစာ တိုးပေးဖို့တောင်းဆိုမှုကြောင့် လစာတပြေးညီသတ်မှတ်

CoverLogo
549 Views
 
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ထဲက GTIG အထည်ချုပ်စက်ရုံ တွေထဲက GTIG (ရုံ-၂) နဲ့GTIG U&G (ရုံ-၁) တို့မှာ လုပ်ခတိုးမြှင့်ရေး တောင်းဆိုခဲ့ပြီးနောက် GTIG စက်ရုံ (၅) ရုံ စလုံးတွင် လုပ်ခ တပြေးညီပေးဖို့ စက်ရုံ တာဝန်ရှိသူတွေ နဲ့ အလုပ်သမားသမဂ္ဂများ အကြား ညှိနှိုင်းမှုရရှိခဲ့တယ်လို အလုပ်သမားတွေထံကသိရပါတယ်။
 
လုပ်ခလစာ တပြေးညီသတ်မှတ်လိုက်တဲ့ အထည်ချုပ်စက်ရုံ၅ရုံ က GTIG U&G (ရုံ-၁)၊ GTIG Guo Hua Glory (ရုံ-၂)၊ GTIG Easter၊ GTIG Hua Sheng နဲ့ GTIG HUBO စတဲ့ ရုံငါးရုံစလုံး တွင် လုပ်ခအခြေခံနှုန်း တပြေးညီ သတ်မှတ်ခဲ့တာဖြစ်ရာအနည်းဆုံးအခကြေးငွေ Day ကြေး (၁၁,၅၀၀)ကျပ်၊ အချိန်ပိုကြေး (၂,၁၀၀) ကျပ်နဲ့ လစာနှုန်းထား သဘောတူမှုတွေရှိတယ်လို့ဆိုပါတယ်။
 
အဆိုပါ GTIG (ရုံ-၂) ညှိနှိုင်းမှုပြီးနောက် မေ ၂၇ မှာ GTIG (ရုံ-၁) လုပ်ခလစာ တိုးမြှင့်ရေးတောင်းဆိုရာ တောင်းဆိုမှုပြုလုပ်ပြီး (၃) နာရီ အကြာတွင် GTIG (ရုံ-၂) ကဲ့သို့ လုပ်ခလစာတိုးမြှင့်ပေးရန် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှု ရရှိခဲ့ကာ အခြားအထည်ချုပ်စက်ရုံ၃ရုံလည်း တပြေးညီ လစာသတ်မှတ်ခဲ့တယ်လို့ STUM ကဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းနဲ့လူနေမှုစရိတ်မြင့်မားလာတာကြောင့်လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာက စက်ရုံလုပ်သားများ စားဝတ်နေရေးအတွက်ဖူလုံမှုမရှိတော့လို့ အခြေခံစက်ရုံလုပ်သားများဟာ အခြေခံလုပ်ခလစာ တိုးမြင့်ရေးအတွက် တောင်းဆိုမှုတွေများ လာပါတယ်။
 
၂၀၂၅ ခုနှစ် မေလ ၁ ရက် STUM မှ ထုတ်ပြန်ထားတဲ့ “ရှင်သန်စရိတ်လုပ်ခလစာ” အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် ရရှိလာတဲ့ အနည်းဆုံးလုပ်ခလစာကနေထိုင်မှုစရိတ်နဲ့ မလုံလောက်သဖြင့်၊ သူတို့ရဲ့လူနေမှုအဆင့်အတန်းအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာခြင်းများရှိလာကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ်ကနောက်ဆုံး ပြင်ဆင်ခဲ့သတဲ့အနည်းဆုံးလုပ်ခလစာအား နေထိုင်မှုစရိတ်နဲ့ကိုက်ညီအောင် ပြန်လည်သုံးသပ် တိုးမြှင့်သတ်မှတ်ရန် လိုအပ်ကြောင်း။
 
ထို့အပြင် ILO C131 သဘောတူညီချက်အတိုင်း အလုပ်သမားနဲ့ မိသားစုရဲ့ မူလအခြေခံလိုအပ်ချက်များအတွက် မျှတသောလုပ်ခလစာစနစ် တည်ဆောက်ရန်၊ လုပ်ငန်းခွင်အတွင်း လုံခြုံရေး၊ ခွဲခြားဆက်ဆံမှုကင်းခြင်း၊ သမဂ္ဂအခွင့်အရေးများကို တာဝန်ယူကာကွယ်ပေးရေး ဥပဒေစံနှုန်းများ ဖော်ဆောင်သင့်ကြောင်း။
 
ထို့အပြင် အသိပညာဖြန့်ဖြူးရေး၊ လူမှုဖူလုံရေးနှင့် ကျန်းမာရေးပံ့ပိုးမှုများ တိုးတက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်းအကြံပြုချက်များသည် မြန်မာနိုင်ငံရှိ အလုပ်သမားများရဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ရေး၊ လူ့အခွင့်အရေးများ ထိန်းသိမ်းရေးနဲ့ တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် အခြေခံအကျဆုံးဖြစ်ကြောင်း အကြံပြုတိုက်တွန်းတာတွေ လည်းရှိနေပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026