NEWS

GREAT ONE Myanmar စက်ရုံမှအလုပ်သမားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
1.4K Views

လှိုင်သာယာမြို့နယ် စက်မှုဇုန်(၂)၊ ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ GREAT ONE Myanmar CO, LTD စက်ရုံမှာ  ၀င်ရောက်လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေဟာ  အလုပ်သမားအခွင့် အရေးတွေမရရှိဘဲ  ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။

စက်လိုင်းထဲတွင် ၁ နာရီကို အထည်အရေတွက် တစ်ရာတောင်းခံပြီး၊ QC ဌာနတွေမှာလည်း လိုင်း ၂၁ လိုင်းလုံးထွက်သမျှကို နိုင်အောင်အထည်စစ်ရပြီး မပြီးပါက နိုင်ငံခြားသား တရုတ်မှ အလုပ်သမားများကို နှစ်ပြားမတန်အောင် ပြောဆိုခြင်း၊ မန်နေဂျာမှ ငယ်သံပါအောင် အော်ပြီး နားမခံနိုင်အောင် ဆဲခြင်း၊ ပါးရိုက်ပစ်မယ် ပြောခြင်း၊ တိုင်ချင်တဲ့နေရာတိုင်ဟု အမြဲတမ်း ကြိမ်းဝါးပြောဆိုလေ့ ရှိပြီး၊ လိုင်းထဲတွင် အပြည့်အဝ လူဦးရေးမထားဘဲ တစ်ယောက်ကို နှစ်ယောက်စာဖြင့် ခိုင်းစေခံနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။  

"သီတင်းကျွတ် တရား၀င်ပိတ်ရက်ကို အလုပ်ရှင်ဘက်ကရက်ရှည် ပိတ်လိုက်တယ်။ အလုပ်ပြန်ဖွင့်တော့ စက်ရုံတစ်ရုံလုံး အလုပ်သမားများဆီက ရက်မှန်ကြေးဖြတ်တောက်ပြီး၊ အလုပ်သမားတွေလစာပေးစာရွက်မှာ သဘောတူကြောင်း လက်မှတ်ထိုးခိုင်းတယ် အလုပ်သမား တွေလက်မှတ် မထိုးကြတော့ မန်နေဂျာက လက်မှတ်မထိုးတဲ့စက်ရုံတစ်ရုံလုံးကို ခြိမ်းခြောက်ပြီး လိုက်ထိုးခိုင်းတာ" လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။

အဆိုပါစက်ရုံက  တရုတ်လူမျိုးပိုင်ဆိုင်ပြီး  အလုပ်သမား ၆၀၀ကျော်နဲ့  လုပ်ကိုင် နေကာ JACK&JONE အမှတ်တံဆိပ် ဂျာကင်တွေ 
ချုပ်လုပ်နေတာဖြစ်တယ်လို့  သိရပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမားများ ခံစားခွင့်တွေဖြစ်တဲ့  ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့်များ မပေးခြင်း၊ ထိုခံစားခွင့်များကို စစ်ဆေးရေးမှ လာရောက်စစ်ဆေးလျှင်လည်း ခံစားခွင့်အကုန် ပေးတယ်ဟု အလုပ်သမားများကို ကြိုတင် သင်ပေးထားပြီး လိမ်လည်ပြီးပြောခိုင်းတာတွေပြုလုပ်တာတွေအပြင် နေမကောင်းဖြစ်ပါက ခွင့်မရဘဲ အလုပ်တစ်ရက် ပျက်လျှင် ဒေးကြေး၊ ရက်မှန်ကြေး အပါ၂၄၈၀၀ ကျပ် ဖြတ်တောက်ခံနေရတာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်  လူမှုဖူလုံရေးကြေး တစ်လတစ်ခါ ပေးဆောင်ရပေမဲ့  ဖူလုံရေကတ် မရသူ အများအပြားရှိနေပြီး၊ ဖူလုံရေးကတ်ရှိသော အလုပ်သမားများ  ဖူလုံရေဆေးခန်း သွားရောက်ပြလျှင်လည်း အလုပ်ဖြုတ်ခံရမည်ဟု ခြိမ်ခြောက်ခြင်းနဲ့ အချိန်ပိုအိုတီ မဆင်းခိုင်းတော့ပဲ ပြန်လွှတ်ခြင်းတွေပြုလုပ်တာတွေအပြင်  လုပ်ငန်းခွင် အတွင်း အသက်မပြည့်သေးသူများ ခေါ်ခိုင်းထားပြီး အော်တစ် ( စစ်ဆေးရေး)လာစစ်ခြင်းကြောင့် အားလုံးကို အလုပ်ဖြုတ်ပစ်လိုက်ခြင်း၊ အကြောင်းပြချက်မရှိပဲ အလုပ်သမားများကိုလည်း ဥပေဒမဲ့ အလုပ်ဖြုတ်မှုများလည်း မကြာခဏပြုလုပ်တယ်လို့လည်း သိရပါတယ်။

စက်ရုံတစ်ရုံလုံးရှိ အလုပ်သမားများကို နေ့စားလရှင်းတွေပဲ ခန့်အပ်ခြင်း၊ စက်ချုပ်သမားများကိုလည်း မလိုအပ်ေတာ့ပါက  ချက်ချင်းဆိုသလို အလုပ်ဖြုတ်ပစ်ခြင်းနဲ့  ဖိအားပေးပြီး လက်မှတ်တွေ ထိုးခိုင်းခြင်းများ ပြုလုပ်ကာ လုပ်ငန်းခွင်ထိခိုက်မှုများ ရှိသော်လည်း အလုပ်ရှင်ဘက်မှ တာဝန်ယူခြင်းမရှိသည့် အပြင် အလုပ်ပါတစ်ခါထဲ ထုတ်ပစ်တာမျိုးတွေလုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

အဲ့ဒီလိုချိုးဖောက်မှုတွေများပြားလာတာကြောင့်  အလုပ်သမား တွေအနေနဲ့ တောင်းဆိုချက်များဖြစ်တဲ့ 
၁။ အလုပ်သမားများ ခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့်များ အလုပ်ရှင်မှ ပေးရန်။

၂။ ဥပေဒမဲ့ အလုပ်ထုတ်ခြင်းများ မပြုလုပ်ရန်နှင့် အလုပ်သမားခြိမ်းခြောက်မှု မပြုလုပ်ရန်။

၃။ အလုပ်သမားများကို ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ မပြုလုပ်ရန်နှင့် နိုင်ငံခြားသားမှ ရိုင်းစိုင်းစွာ မပြောရန် စတဲ့တောင်းဆိုချက်တွေကို တောင်းဆိုလိုတယ်လို့ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026