NEWS

Great Glowing Investment (JW) (ADK )အထည်ချုပ်စက်ရုံ အလုပ်သမားတွေ လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရ

CoverLogo
1.2K Views
 
ရန်ကုန်တိုင်းဒေသကြီး ၊ မဂ်လာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်းရှိ Great Glowing Investment Co, Ltd. (JW) (ADK ရုံခွဲ)ထည်ချုပ်စက်ရုံမှာ ဥပဒေပါခွင့်ရက်တွေမရရှိတာ အချိန်ပိုအားအလုပ်သမားသဘောဆန္ဒမပါဘဲ အတင်းအကြပ်ခေါ်ယူနေတာတွေအပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေအနေဲ့ ၁၉၅၁ ခုနှစ် ခွင့်ရက်နဲ့အလုပ်ပိတ်ရက်ဥပဒေမှာပါတဲ့ ရှောင်တခင်ခွင့်၊လုပ်သက်ခွင့်၊ ဆေးလက်မှတ်ခွင့်တွေမရဘူးလို့ ဆိုပါတယ်။
 
" ဒီစက်ရုံမှာ အလရကစည်းကြပ်တဲ့ ၁၉၅၁ ခုနှစ် ခွင့်ရက်နဲ့အလုပ်ပိတ်ရက်ဥပဒေမှာပါတဲ့ ရှောင်တခင်ခွင့်၊လုပ်သက်ခွင့်၊ ဆေးလက်မှတ်ခွင့်တွေမရဘူး၊ မီးဖွားခွင့်တော့ပေးတယ်။ အရေးပေါ်ရှောင်တခင်ခွင့်တင်ရင် Super Leader ကပေးလဲ HRက ခွင့်တင်တဲ့အလုပ်သမားကိုခေါ်ဆူတယ်၊ မိသားစုနာရေးဖြစ်ရင်လဲခွင့်မပေးဘူး၊ အလုပ်ခွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းဖြစ်ရင်လဲ အလုပ်လာရတယ် ကျောက်ပတ်တီးပဲကိုင်ထားကိုင်ထား အလုပ်လာရတယ် ဒါပြင် Super Leader တွေကဆဲဆိုတယ် (ဖအေနဲ့ပေးစား မောင်တွေအကိုတွေနဲ့ပေးစား)တာတွေ အတော်ဆိုးတယ် ၊ Super Leaderတွေကနေ ခေါင်းခေါက်တာတွေ ချည်လုံးနဲ့ပစ်ပေါက်တာတွေ ပေါင်တွေလိမ်ဆွဲတာတွေ ကျောကုန်းထုရိုက်တာတွေ ကိုယ်ထိလက်ရောက်လုပ်တယ်။ Super Leader တွေနဲ့ ပဏာမသင့်တဲ့သူဆို လိုင်းပေါင်းစုံရွှေ့တာတွေ ဘောနပ်မပေးတာတွေ လုပ်ပြီး ခွဲခြားဆက်ဆံတယ် "လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။
 
ရှောင်တခင်ခွင့်ခံစားခွင့်မရတဲ့အတွက် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ခွင့်တရက်ပျက်ပါက ဒေးကြေး ၆၀၀၀ ကျပ် ရက်မှန်ကြေး ၁၅၀၀၀ ကျပ် ဖြတ်တောက်ခံရလို့ စုစုပေါင်း ၂၁၀၀၀ ကျပ် ဖြတ်တောက်ခံရတာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း မှာ ကြီးကြပ်ရေးလုပ်သားတွေဖြစ်တဲ့ စူပါတွေ လီတာတွေ က ဆဲဆိုအော်ဟစ်ခိုင်းစေနေတာတွေ ပြုလုပ်ပြီး ကိုယ်ထိလက်ရောက်ကျုးလွန်မှုတွေပါ လုပ်ဆောင်လေ့ရှိတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။
 
ဒါ့အပြင် အရေးပေါ် ထိခိုက်ဒဏ်ရာရပါက ကုသရန် ဆေးဝါးမရှိတာနဲ့ အခြားကိစ္စရပ်တွေအတွက် ငွေကြေးအတင်းအကြပ်ကောက်ခံတာ အချိန်ပိုကို အနားပေးဘဲ ဆက်တိုက်ခိုင်းစေနေတောတွေလည်း ကျူးလွန်နေပြီး ယင်းကဲ့သို့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် တိုင်းကြားဖို့ ခက်ခဲနေတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။
 
" စက်ခုံကမူလီပြုတ်တာကအစ အနည်းဆုံး ပိုက်ဆံ ၂၀၀၀ ဖြတ်တယ်၊ QC တွေပဲထည်ပါသွားရင် အနည်းဆုံး ၂၀၀ ဖြတ်တယ်အဆင့်ဆင့် ၊ စက်ရုံကလေဝင်လေထွက်မကောင်းဘူး အပူအအေးမမျှတဘူး အရေးပေါ်ထိခိုက်ဒဏ်ရာရရင်ဆေးပုံးတွေမရှိဘူး ဆေးပုံးတွေကိုလည်း ဧည့်သည်လာတဲ့အခါ စစ်ဆေးရေးလာတဲ့အခါမျိုးမှာပဲ ထားတယ် ဧည့်သည်တို့စစ်ဆေးရေးတို့ပြန်သွားတာနဲ့ ဆေးပုံးတွေကိုပြန်သိမ်းဖို့မိုက်နဲ့ကြေညာတယ် ၊ အမျိုးသမီးဝန်ထမ်းတွေဆိုလဲ အပေါ်ထပ်အောက်ထပ်ကို လှေကားနဲ့ အထည်ထုတ်ကြီးတွေ သယ်ခိုင်းတာတွေလုပ်တယ်၊ super, leader မန်နေဂျာတွေရဲ့ သားသမီးတွေမွေးနေ့လုပ်ရင် အတင်းအကြပ် ပိုက်ဆံကောက်တယ် မထည့်လို့မရဘူး အချိန်ပိုကို ညနေ၄နာရီကနေ ၆နာရီမိနစ်၃၀ထိဆင်းရတယ် နားချိန်မပေးဘူး EC စာချုပ်ထဲမှာကျတော့ နာရီဝက်အနားပေးမယ်ချုပ်ထားပြီး တကယ်တမ်းကျအနားမပေးဘူး ဆက်တိုက်အလုပ်လုပ်ရတယ် otမဆင်းရင် အဆဲအဆိုခံရတယ် အလုပ်သမားသဘောဆန္ဒလဲမမေးဘူး All nightတွေဆိုလဲ ဆက်တိုက်ခေါ်တယ် နောက်နေ့ကျန်းမာရေးမကောင်းလို့ခွင့်တိုင်ရင်မပေးဘူးဆဲဆိုခံရတယ်"လို့ အလုပ်သမားတစ်ဦးမှထပ်မံပြောဆိုပါတယ်။
အဆိုပါစက်ရုံသည် တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ ၅၀၀၀ ဝန်းကျင်နဲ့ Hang Ten, ZARA Brand တွေကိုချုပ်ပြီး ဂျာမဏီ၊တရုတ်၊ဂျပန် ထည်တွေကိုချုပ်လုပ်တင်ပို့နေတယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လမှာလည်း လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခွင့်တွေ ခံစားခွင့်မရတာ အထည်စံချိန်အလွန်အကျွံတောင်းဆိုတာနဲ့ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးများချိုးဖောက်ခံရတာကြောင့် အလုပ်သမား ၂၀၀၀ ကျော် စုပေါင်းတောင်းဆိုမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026