NEWS

Grand Forest အထည်ချုပ် လုပ်သားများ တောင်းဆိုမှု ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ပြည့်ဝ ဟုဆို

CoverLogo
228 Views
 
Grand Forest အထည်ချုပ် လုပ်သား ၈၀၀ ကျော်တောင်းဆိုမှု တရက်တည်းနဲ့ ပြီးဆုံးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က ပိုင်ရှင် အပြောင်းအလဲ ပြုလုပ်ပြီး လုပ်ခ ခံစားခွင့် တချို့ကို စက်ရုံဘက်က လျှော့ချခဲ့ အလုပ်သမားတွေက ဆန္ဒပြခဲ့တာလို့ သိရပါတယ်။
 
“တရက်တည်းနဲ့ ပြီးသွားတယ်။ အလုပ်သမားရုံးကလာတော့မှာ ပိုင်ရှင် အပြောင်းအလဲ လုပ်ထားတာသိရတာ။ အဓိက တောင်းဆိုတာက အရင် သူဌေး ပေးထားတဲ့ ခံစားခွင့်တိုင်းပေးရမယ်ဆိုပြီးတော့ အလုပ်သမားရုံးကတော့ ပြောသွားတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဒါ့အပြင် လုပ်ခံစားခွင့်နဲ့ ပတ်သက်ပြီး မူလအတိုင်း မပေးနိုင်ပါက အလုပ်သမားတွေကို ဥပဒေအတိုင်း နစ်နာကြေးပေးပြီး အလုပ်ရပ်နားရမယ်လို့လည်း အလုပ်သမားရုံး တာဝန်ရှိသူက ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
 
“ အချက် ၁၄ ချက်တောင်းဆိုတဲ့ အထဲမှာ လစာတိုးပေးဖို့မပါဘူး။ မူလအတိုင်း လုပ်ခနဲ့ ခံစားခွင့်ပေးဖို့ပါပဲ။ ဂရိတ်ကြေးချ၊ ရက်မှန်ကြေးပုံစံပြောင်းတော့ အလုပ်သမားတွေက တစ်သိန်းကျော်ကျော် နစ်နာလို့ အခုလို့ တောင်းဆိုမှုဖြစ်ခဲ့တာ.” လို့ ပြောပါတယ်။
 
ညှိနှိုင်းမှုအတွင်း မူလအတိုင်းခံစားခွင့်တွေ ပြန်လည်ရရှိခဲ့ပေမဲ့ လုပ်ခလစာ ခွဲခြားမှုတွေကတော့ ညှိနှိုင်းမရခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စုစုပေါင်းဆို ၆၀ ရာခိုင်းနှုန်းလောက်ပဲ ရခဲ့တာ။ အလုပ်ဌာနပေါ်မူတည်ပြီး ခံစားခွင့် ခွဲခြားတာတွေ့တော့ မရခဲ့ဘူး၊ အလုပ်‌ ပြန်ဆင်းနေကြပြီ။” လို့ ဦးဆောင်သူတဦးက ပြောဆိုထားပါတယ်။
 
Grand Forest International Apparel အထည်ချုပ်စက်ရုံက ရန်ကုန်မြို၊ ဒဂုံဆိပ်ကမ်းမြိုနယ်၊ ရွာသာကြီးစက်မှုဇုန်၊ ဆရာစံလမ်းနဲ့ ဆင်ဖြူလမ်းထောင့် မှာရှိပြီး အလုပ်သမား ၁,၂၀၀ ဝန်းကျင်လုပ်ကိုင် တရုတ်နိုင်ငံသား ပိုင် စက်ရုံလို သိရပါတယ်။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026