NEWS

Grand Forest အထည်ချုပ် တာဝန်ရှိသူ အားလုံးက ခြိမ်းခြောက်ပြီး အချိန်ပို အတင်းအကျပ်ခေါ်

CoverLogo
354 Views
 
Grand Forest အထည်ချုပ် တာဝန်ရှိသူတွေက အချိန်ပိုဆင်း ခြိမ်းခြောက်ပြီး အတင်းအကျပ် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲလို့ ခြိမ်းခြောက်မှုတွေကို စူပါ၊အောစူပါ၊ နည်းပညာပိုင်း ပြသသူတဲ့၊ မန်နေဂျာနဲ့ HR ဌာန တာဝန်ရှိသူတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
 
“ အချိန်ပို အဆင်မပြေလို့ မဆင်းနိုင်ဘူးလို့ ရက်မှန်ကြေးဖြုတ်မယ်၊ ဂရိတ်ချမယ်၊ အလုပ်မလာနဲ့ အဲလိုတွေပြောတာ။ အဲ့လိုပြောတာက အောစူပါ၊ စူပါတွေ၊ နည်းပညာပိုင်းပြသူ အမျိုးသား၊ မန်နေဂျာနဲ့ HR အမျိုးသမီး တို့ အားလုံးပါပဲ။ ဝမ်တိန်ပါထိုးခိုင်းတာ။ ”လို့ ပြောပါတယ်။
 
ရက်မှန်ကြေး ၃၀၀၀၀၊ ဂရိတ်အဆင် အမြင့်ဆုံး ကျပ် တစ်သိန်း ဝန်ကျင်အထိ ရှိနေတာကြောင့် အလုပ်သမားတွေ အချိန်ပို ငြင်းဆန်တိုင်း ကျပ် တစ်သိန်းကျော် နစ်နာနေရတာမျိုး ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လိုင်း ၄၊ လိုင်း ၇ ၊ လိုင်း ၁၀၊ ၁၁ အောစူပါတွေက အထည်စံချိန် ဆဲဆိုတောင်းတယ်လို့ ပြောပါတယ်။
 
“သူတို့က ရုံးခန်းမှာ အာမခံလာတယ်။ အလုပ်သမားတွေ စံချိန်မရရအောင် အော်ဟစ်ခိုင်းတယ်။ ဆဲတာဆို အမျိုသမီးတွေမှာပါတဲ့ ဟာတွေနဲ့ ခိုင်းနှိုင်းပြောတာ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အပေါ့အပါးသွားဖို့ အချိန်ကန့်သတ်ထားပြိး သတ်မှတ်အချိန်ကျော်ပါက သတိပေးလက်မှတ်ထိုးရတဲ့အပြင် သုံးရေကို စက်ရုံဘက်က ဖြတ်တောက်တာတွေ လုပ်ထားတယ်လို့ အလုပ်သမားတွေမှာ ဒုက္ခရောက်ရတယ်လို့ ပြောပါတယ်။
“အိမ်သာသွားရင် ၃ မိနစ် အချိန်ပေးထားတယ်။ ကျော်ရင် သတိပေးလက်မှတ်ထိုးရတယ်။ အလေးအပင်ကြ မချိန်မလောက်တော့ဘူး။ သုံးရေက အများစု ပြတ်နေတယ်။ တခါတလေ ရက်နဲ့ ချီကြာတယ်။ အလုပ်သမားတွေနဲ့ ကိုယ်ဝန်ဆောင်အလုပ်သမားတွေ ဒုက္ခရောက်တာပဲ.” လို့ပြောပါတယ်။
 
လက်ရှိ အချိန်ပိုကို ညနက် ၁၂ နာရီ တပတ် ၃ ရက်၊ စနေနေ့တိုင်း အော်လင်း၊ တနင်္ဂနွေကို အလှည့်ကျ လုပ်ကိုင်နေရပြီး အဲ့ဒီအချိန်တွေကို လက်ငင်းရှင်းပေးတာကြောင့် လစာရှင်းတန်းမှာ အချိန်ပို လုပ်ချိန် မပေါ်လွင်ဘူး ဖြစ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ပြီးခဲ့တဲ့လက ဆို အိုတီခေါ်ချိနမ် ၇၉ နာရီပဲ ပြထားတယ်။ နာရီ ၈၀ မကျော်ဘူးပေါ့။ တကယ်က နာရီ ၁၀၀ ကျော် လုပ်ခဲ့ရတာပါ။ အဲလို လုပ်ရတော့ ကျန်းမာရေးထိခိုက်တာတွေရှိတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအတွင်း အလုပ်သမားတချို့ မူးလဲတာမျိုး ရှိနေပေမဲ့ အရေးပေါ် သုံးနိုင်ဖို့ ဆေးဝါးမပြည့်စုံမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီလို ကြုံရတိုင်း အလုပ်သမားတွေကို ထောက်ပံတာမျိုးလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
 
“အချိန်ပိုတွေဆင်းရတော့ ကျန်းမာရေးမကောင်းဖြစ်တယ်။ လုပ်ငန်းခွင်ထဲမှာပဲ မူးလဲတာတွေ မကြာခဏ ဖြစ်တယ်။ အရေးပေါ်ဆေးဝါးက မဟာဖြေဆေး တမျိုးပဲ ရှိတယ်။ ဆေးခန်းကို အလုပ်သမားအချင်းချင်းပဲ လိုက်ပို့ရတယ်။ လစာဖြတ်တာမရှိဘူး ထောက်ပံတာမျိုး မရှိဘူး။.” လို့ ပြောပါတယ်။
 
Grand Forest International Apparel သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွာသာကြီးစက်မှုဇုန်ရှိ ဆရာစံလမ်းနှင့် ဆင်ဖြူလမ်းထောင့် တွင် တည်ရှိပါသည်။

Related posts

Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026