NEWS

Grab Food က အော်ဒါကြေး ပုံမှန်အတိုင်းပြန်ပေးမှ riders များ အလုပ်ဆင်းမည်

CoverLogo
3.4K Views

Grab Food ကနေ အော်ဒါကြေး ပြောင်းလဲသတ်မှတ်လိုက်တာကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့ riders တွေအနေနဲ့ အော်ဒါခေါက်ကြေးကို မလျှော့ချခင်နှုန်းထားအတိုင်း ပြန်ပေးမှ အလုပ်ဆက်လုပ်မယ်လို့ riders တွေထံက သိရပါတယ်။

ယခင်ကတော့ အော်ဒါခေါက်ကြေးကို အနိမ့်ဆုံး ၈၀၀ကျပ်ခန့်အထိ ရရှိခဲ့‌ပြီး ယခုအချိန်မှာတော့ အနိမ့်ဆုံး ၆၀၀ကျပ်အဖြစ် မတ်လ ၁၄ရက်နေ့က စတင်သတ်မှတ်လိုက်တာကြောင့် ရန်ကုန်မြို့က riders အများအပြားဟာ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ rider တစ်ဦးက "မတ်လ၁၄ရက်နေ့က သူတို့ အော်ဒါကြေးပြောင်းလဲသတ်မှတ်လိုက်တယ်၊ အဲ့ဒီမတိုင်ခင် အော်ဒါကြေးအတိုင်း ပြန်ဖြစ်မယ်ဆိုရင် အကုန်လုံး ပြန်ဆင်းမယ့်သူတွေချည်းပဲ၊အခုချက်ခြင်း အော်ဒါကြေးကို riders တွေအကုန်လုံးကို noti ကနေ တရားဝင်ကြေငြာပေး၊ တရားဝင်ကြေငြာပေးတာနဲ့ အကုန်လုံး အလုပ်ပြန်လုပ်မယ့် သူတွေချည်းပဲ၊ အကုန်လုံး အလုပ်လုပ်ချင်ကြတာ၊ ဒါပေမယ့် မတန်မရာကြီးပေးထားလို့ ဘယ်သူမှ အလုပ်မဆင်းဘဲ နေနေကြတာ"လို့ ပြောပါတယ်။

Grab Food ကနေ အလုပ်စတင်ခေါ်ယူချိန်က အနိမ့်ဆုံးအော်ဒါခေါက်ကြေး ၁၂၀၀အထိ ကမ်းလှမ်းပြီး ပေးခဲ့သလို ကီလိုမီတာအလိုက် နှုန်းထားတွေ ရရှိခဲ့ပြီး အချိန်ပိုကြေးနဲ့ အပိုဆုကြေးတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။၂၀၂၀ခုနှစ် စက်တင်ဘာလကစပြီး အဆိုပါနှုန်းထားကနေ ၈၀၀ကျပ်အထိ ပြောင်းလဲသွားချိန်မှာတော့ အချိန်ပိုကြေး၊‌ အပိုဆုကြေးတွေ မရရှိတော့တဲ့အပြင် လတ်တလောမှာ အနိမ့်ဆုံး အော်ဒါကြေးကို ၆၀၀အထိ လျော့ချလိုက်တာလို့ ဆိုပါတယ်။

၁၂၀၀ကျပ်ကနေ ၈၀၀ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ချိန်က riders တွေဟာ ဆန္ဒပြခဲ့ကြပြီး ကုမ္ပဏီဘက်ကတော့ ရဲတပ်ဖွဲ့ကို ခေါ်ယူကာ လူစုခွဲခိုင်းခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီအတွက် အခု ဆန္ဒပြရာမှာ ရဲကိုခေါ်နိုင်တာကြောင့် ရုံးကိုလည်း မသွားသလို အလုပ်မဆင်းပဲ ဆန္ဒပြနေကြတယ်လို့ rider တွေက ဆိုပါတယ်။

Grab Food ရဲ့ သယ်ယူပို့ဆောင်သူတွေဟာ လခစား ဝန်ထမ်းမဟုတ်ပဲ အော်ဒါခေါက်ကြေးနဲ့ သတ်မှတ်ပြီး ဝန်ဆောင်ခရရှိတာဖြစ်ပါတယ်။လခစားဝန်ထမ်းမဟုတ်တာကြောင့် အလုပ်သမားတွေ ရရှိရမယ့်အခွင့်အရေးတွေကိုလည်း မရရှိဘူးလို့ သိရပါတယ်။ဒါ့အပြင် အလုပ်စဝင်ချိန်မှာ ကုမ္ပဏီဘက်ကို စပေါ်ငွေတင်သွင်းရတယ်လို့ သိရပါတယ်။ငွေတန်ဖိုးအလျောက် ကုမ္ပဏီဘက်က ပြန်ပေးရမယ့် ပစ္စည်းအမျိုးအစားတွေကို စာချုပ်ထဲမှာ ရေးသွင်းထားပေမယ့် Grab Foodအမှတ်အသားပါ အင်္ကျီ သုံးထည်၊ပစ္စည်းထည့်တဲ့ ပုံးနဲ့ ဦးထုပ်တစ်လုံးသာ ရရှိခဲ့တယ်လို့ rider တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် riders တွေအတွက် မတော်တဆမှုတွေဖြစ်ပါက  ကုမ္ပဏီဘက်က အပြည့်အဝ တာဝန်ယူတာမရှိဘူးလို့ သိရပါတယ်။သယ်ယူပို့ဆောင်ရေးလုပ်စဉ် ကားတိုက်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးအတွက် ဝမ်းနည်းကြောင်းကို လူမှုကွန်ရက်မှာ တင်ပါက အလုပ်ထုတ်မယ်လို့ ကုမ္ပဏီဘက်က ‌သတိပေးခဲ့ဘူးတယ်လို့လည်း သိရပါတယ်။

Rider တစ်ဦးက"riders တော်တော်များများမှာ အသက်အာမခံမရှိဘူး၊လမ်းမှာ ကားနဲ့ပဲဖြစ်ဖြစ်၊အကြောင်းတခုခုကြောင့် အော်ဒါသွားပို့နေရင်းနဲ့ အက်ဆီးဒန့် ဖြစ်သွားပြီဆိုလို့ရှိရင် ဖြစ်သွားတဲ့ အက်ဆီးဒန့်အတွက်ကို ရုံးကနေ အပြည့်အဝ တာဝန်ယူတာမျိုး မရှိဘူး၊တခါတလေဆိုလို့ရှိရင် အက်ဆီးဒန့်ဖြစ်သွားလို့ ဆုံးရှုံးသွားတဲ့ ဆုံးရှုံးသွားတဲ့ အစားအသောက်ပစ္စည်းတွေ တန်ဖိုးတောင်မှ rider ကနေ ပြန်ပြီးတော့ လျော်ပေးရတာမျိုးတွေရှိတယ်"လို့ ပြောပါတယ်။

သယ်ယူပို့ဆောင်သူတွေအတွက် အချိန်ပိုင်းအလုပ်ရဲ့ အော်ဒါခေါက်ကြေးကိုလည်း ပုံမှန်အတိုင်း ပေးစေချင်သလို လခစားဝန်ထမ်းအဖြစ်လုပ်ကိုင်လိုသူတွေကိုလည်း နှုန်းထား တိတိကျကျနဲ့ ခန့်ထားပေးစေလိုတယ်လို့ ဆိုပါတယ်။

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026