NEWS

Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ

CoverLogo
241 Views
 
Golden Propitious (Myanmar) Co.,Ltd ပိုင်အထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းတာတွေ မလုပ်ဘဲ အချိန်ပိုတွေ အတင်းကျပ် လုပ်ကိုင်ခိုင်းနေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်သမားတွေက အချိန်ပိုတွေကို ည ၉ နာရီ၊ အော်လင်း ၊အော်နိုက်ဆင်းရတယ်။ တနင်္ဂနွေနေ့ ပိတ်ရက်နဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေ မပိတ်ပဲ အလုပ်ဆင်းရတယ်။” လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ ၁၂ ရက်ကနေ ၁၇ ရက်နေ့ထိ ပိတ်ရက် ၆ ရက် ဖြစ်တယ်လို့ အာဏာပိုင်တွေက ကြေညာထားသလို စက်ရုံအများစု အလုပ်ပိတ်ခဲ့ပေမဲ့ Golden Propitious အထည်ချုပ် စက်ရုံကတော့ တစ်ရက်တည်းသား ပိတ်ပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ပိတ်ရက် ၁ ရက်ပဲ ပိတ်တယ်။ အချိန်ပိုဆိုပြီး ခေါ်တယ်။ အလုပ်သမားတွေကို ဆင်းနိုင်လားဆို မေးတာလဲ မရှိဘူး။ လက်မှတ်ထိုးခိုင်းတာလည်းမရှိဘူး။စက်ရုံဘက်က ခေါ်တဲ့တိုင်း အဲလို ဆင်းရတယ်၊” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အောလင်း၊ အောနိုင် အချိန်ပိုတွေနဲ့ ပိတ်ရက် အချိန်ပိုတွေ လုပ်ကိုင်ဖို့ ခွင့်ပြုချက် ရမရ မသိရပေမဲ့ အလုပ်သမားတွေကတော့ ပိတ်ရက်မရှိ အလုပ်ဆင်းနေရသလို့ ဥပဒေမှ ပြဌာန်းထားတဲ့ ခွင့်ရတွေ မရလို့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ပိတ်ရက်မရှိ အလုပ်ဆင်းရတယ်၊ ကျန်းမာရေးအရ မဆင်းနိုင်ရင်လည်း ခွင့်လည်းမရဘူး၊ ရုတ်တရက် ကျန်းမာရေး အခြေအနေကြောင့် ဂိတ်ပတ်စ်တောင်းတော့ ပြောဆိုလုပ်ခံရတယ်။ ဒါနဲ့ပဲ အလုပ်သမား အများစုက ခွင့်မဲ့ တွေဖြစ်သွားတယ်။” လို့ ပြောပါတယ်။
 
Golden Propitious (Myanmar) စက်ရုံမှာ နေ့စားအလုပ်သမားတွေ အများအပြား ခေါ်ယူခိုင်းစေပြီး လုပ်သက် သုံးလပြည့်ပါက အလုပ်က ရပ်နားလေ့ ရှိတယ်လို့ သိရပါတယ်။
 
“တချို့ အလုပ်သမားတွေ နေ့စားပဲပေးပါ၊ အလုပ်မဖြုတ်ဖို့ ပြောကြတယ်။ တချို့ဆို့ လုပ်သက်မနည်းတော့ဘူး နေ့စားပဲ ထားတယ်။ စက်ရုံဘက်က အလုပ်သမားတွေ အများကြီးလိုတာ။ဒါပေမဲ့ အလုပ်သမား အခွင့်အရေး မ ပေးချင်တော့ နေ့စားပဲ ခိုင်းနေတော့တာ.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက်က စီစဉ်ပေးတဲ့ ကြိုပို့ယာဉ်တွေက အချိန်တိကျမှု မရှိလို့ အလုပ်သမားတွေမှာ ကိုယ်တိုင် စာရိတ်ကျခံပြီး လုပ်ငန်းခွင်လာရောက်ရတာ၊ ထမင်းစာခုံတွေက မလုံလောက်တာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒီလို အလုပ်သမားနစ်နာမှုတွေကို တင်ပြဖြေရှင်းဖို့ အလုပ်သမားသဂ္ဂနဲ့ WCC အဖွဲ့တွေ ဖွဲ့စည်းထားတာ မရှိဘူးလို့လည်း သိရပါတယ်။
 
Golden Propitious (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံမှာ အလုပ်သမား (၁,၀၀၀) ကျော်လုပ်ကိုင်နေပြီး လက်ရှိ SMOG ဂျာကင်တွေ ချုပ်လုပ်နေတယ်လို့ သိရထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026