NEWS

Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း

CoverLogo
621 Views
 
Golden Colour Fashion အထည်ချုပ်စက်ရုံပိုင်ရှင်က အလုပ်သမားတဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု ခဲ့လို့ အော်ဒါမရဖြစ်နေတာကြောင့် စက်ရုံ အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၈ ရက် မနက်ပိုင်းမှာ လုပ်ငန်းခွင်ထဲက စူပါ၊ အောစူပါ၊အောချုပ်အပါအဝင် စက်ရုံတာဝန်ရှိသူအားလုံးကို ခေါ်ယူပြီး ဖိအားပေးပြီး လက်ဗွေဖြင့် လက်မှတ်ထိုးစေခဲ့တယ်လို သိရပါတယ်။ လက်မှတ်ထိုးခိုင်းတယ်ဆိုတဲ့ စာရွက်ထဲမှာတော့ လုပ်ငန်းရှင်အနေနဲ့ မြန်မာနိုင်ငံသို စတင်ရောက်ရှိချိန်ကစလို့ အလှူအတန်းတွေ ပြုလုပ် နေသူ၊ ဝန်ထမ်းတွေအပေါ်မှာ နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ ရိုင်းစိုင်းစွာ ပြောဆိုပြုမူ မရှိခဲ့ဘဲ အလုပ်ထုတ် ခံရတဲ့ အမျိုးသမီးဝန်ထမ်းက ပြသနာများစွာရှာတဲ့အတွက် လက်တွဲဖြုတ်ရခဲ့တာလို့ ရေးသားထားပါတယ်။ အဲဒီ အမျိုးသမီးကိုလည်း ကာမအိန္ဒြ ပျက်ပြားအောင်နဲ အုပ်စုဖွဲ့ အနိုင်ကျင့်တာ မပြုလုပ်ခဲ့ဘူးဆိုတဲ့ အချက်တွေ လည်း ပါဝင်ပါတယ်။
တချို့ စူပါ၊အောစူပါတွေက လက်မှတ် မထိုးခဲ့တာကြောင့် လုပ်ငန်းရှင်ဆိုသူက နောက်တစ်ကြိမ် အစည်းဝေး ထပ်မံခေါ်ယူကာ လက်မှတ်မထိုးပါက စက်ရုံအနေနနဲ့ အော်ဒါမရနိုင်တဲ့အတွက် လက်မှတ် ထိုးပေးရမယ်ဆိုကာ ဖိအားပေး ထိုးခိုင်းခဲ့တာလို့ သိရပါတယ်။
စက်ရုံလုပ်ငန်းရှင်ဟာ ပြီးခဲ့ ဒီဇင်ဘာ ၂၀ ရက်က လုပ်ငန်းခွင်က အလုပ်သမား အမျိုးသမီး တဦးရဲ့ လက်မောင်း ကို ကြမ်းတမ်းစွာကိုင်တွယ်ပြီး ရုံးခန်းအတွင်းက ဆွဲထုတ် အလုပ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာ ရုံးတွေမှာ ဖြေရှင်းခဲ့ရာ အလုပ်သမာအမျိုးသမီးအပေါ် စွပ်စွဲချက်တွေအတွက် ခိုင်လုံတဲ့ အထောက်အထားတွေ မတင်ပြနိုင်ခဲ့ဘူးလို့ STUM အဖွဲ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။
ခိုင်လုံတဲ့ အထောက်အထား မရှိဘဲ စက်ရုံဝန်ထမ်းများအား ဖိအားပေးပြီး နစ်နာသူအလုပ်သမား အမျိုးသမီးကို ထပ်မံနစ်နာစေဖို့ အခုလို ပြုလုပ်ခဲ့တာကြောင့် Golden Colour Fashion ပိုင်ရှင်ရဲ့ လုပ်ရပ်ကို မှတ်တမ်းတင်ပြီး နစ်နာသူအမျိုးသမီးကို ဥပေဒအရ ဆက်လက် အကူညီပေးသွားမယ်လို STUM အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026