NEWS

Golden Colour Fashion သမဂ္ဂဝင်အလုပ်သမား၄ဦး ဖမ်းဆီးခံရ

CoverLogo
570 Views
 
ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်၊ စက်မှုဇုန် (၃) က Golden Colour Fashion အထည်ချုပ်စက်ရုံ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရတယ်လို သိရပါတယ်။ အလုပ်သမား ၄ ဦးကို အုပ်ချုပ်ရေးမှူးအပါအဝင် အရပ်ဝတ် လူတချို့က လာရောက်ခေါ်ဆောင်သွားတာလို့ နီးစပ်သူတွေက ပြောပါတယ်။
 
“ကနဦး ၆၆(ဃ)နဲ့လိုသိရတယ်။ ခုည အာမခံရပါတယ်။ Golden Colour Fashion အထည်ချုပ်ပိုင်ရှင်က သူ ပြစ်မှုကျူးလွန်မှုမရှိဘူး၊ အပြစ်ကင်းကြောင်းကို အလုပ်သမားတွေကို အတင်း လက်မှတ်ထိုးခိုင်းခဲ့တာရဲ့ နောက်ဆက်တွဲပဲ။ အလုပ်သမားတွေကို ၆၆(ဃ)နဲ့အရင် ဖမ်းလိုက်တာ။” လို့ အလုပ်သမားတွေနဲ့ နီးစပ်သူက ပြောပါတယ်။
 
သင်္ကြန်ကာလအပြီး ဧပြီ ၂၂ ရက် ညနေ ၃ နာရီကျော်မှာ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မေလပြည့်မိုး ၊ သမဂ္ဂ အတွင်းရေးမှူး အေးမြတ်ခိုင် ၊ အလုပ်အမှူဆောင် ခိုင်ဇင်ဝေ ၊ အေးမြနန္ဒာတို့ အလုပ်သမား ၄ ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်ဝတ်လူတချို့က အင်းစိန် ရွာမ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ အလုပ်သမားအမျိုးသမီး တဦးလက်မောင်း ကို စက်ရုံလုပ်ငန်းရှင်က ကြမ်းတမ်းစွာ ကိုင်တွယ်ပြီး ရုံးခန်းအတွင်းက ဆွဲထုတ်ကာ အလုပ်ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုပြုမူပြီး အလုပ် ထုတ်တာကို သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ ဖြေရှင်းခဲ့ရာ လုပ်ငန်းရှင်ဘက်က ခိုင်လုံတဲ့ အထောက် အထား တစ်စုံတစ်ရာပြသနိုင်တာ မရှိခဲ့ဘူးလို့ အလုပ်သမားနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
ဧပြီ ၈ ရက်မှာ အလုပ်သမားတွေ၊ စူပါ၊ အောစူပါ၊ အောချုပ် အပါအဝင် စက်ရုံတာဝန်ရှိသူအားလုံးကို အစည်းအဝေးခေါ်ယူပြီး ဒီဖြစ်စဉ်မှာ အပြစ်ကင်းတယ်ဆိုတာကို လုပ်ငန်းရှင်က လက်မှတ် ထိုးခိုင်းခဲ့တာ ဖြစ်ပါ တယ်။ စူပါနဲ့ အောစူပါ တချို့ လက်မှတ်မထိုးတာကြောင့် နောက်တကြိမ် အစည်းအဝေးခေါ်ယူပြီး လက်မှတ် မထိုးပါက အော်ဒါမရနိုင်တဲ့အတွက် လက်မှတ်ထိုးဖို့ ဖိအားပေးခိုင်းစေခဲ့တာလို သိရပါတယ်။
 
လက်မှတ်ထိုးခိုင်းတဲ့ စာရွက်ပေါ်မှာ အလုပ်ထုတ်ခံရတဲ့ အမျိုးသမီးဝန်ထမ်းဟာ ပြသနာများစွာရှာတဲ့အတွက် လက်တွဲဖြုတ်ရတာ ဖြစ်သလို စက်ရုံလုပ်ငန်းရှင်က အလှူအတန်း ပြုလုပ်နေသူ၊ ဝန်ထမ်းတွေကို နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ ရိုင်းစိုင်းစွာ ပြောဆို ပြုမူတာ မရှိသူ၊ အလုပ်ထုတ်ခံရတဲ့ အမျိုးသမီးကိုလည်း ကာအိန္ဒြ ပျက်ပြား အောင် ပြုလုပ်တာ၊ အုပ်စုဖွဲ့ အနိုင်ကျင့်တာ တစ်စုံတစ်ရာ မပြုလုပ်ခဲ့ဘူးဆိုတဲ့ အချက်တွေ ပါရှိတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026