NEWS

Golden Colour Fashion စက်ရုံအလုပ်သမားများ လုပ်အားခတိုးပေးမည်ဆိုကာ လိမ်လည်ခိုင်းစေခံရ

CoverLogo
925 Views

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ စက်မှုဇုန် (၃)ရှိ Golden Colour Fashion (Myanmar) စက်ရုံ အလုပ်ရှင်ဟာ အလုပ်သမားတွေကိုလုပ်အားခတိုးပေးမယ်လို့ ကြိုတင်အသိပေးထားပြီး အမှန်တကယ် လစာထုတ်ချိန်မှာ မပေးခဲ့ဘူးလို့ သိရပါတယ်။

" ကျွန်တော်သိရသလောက်တော့ စက်တင်ဘာကျရင်လုပ်ခတိုးပေးမယ် အားလုံးထောက်ပံ့ကြေးပါအပါတစ်နေ့ ၁၁၀၀၀ တိုးပေးမယ်လို့ပြောထားတာ။ ခုလစာထုတ်တော့မပေးနိုင်ဘူးဆိုလို့ အလုပ်သမားတွေစက်ရုံထဲမှာ တေင်းဆိုနေတယ်လို့ကြားရတယ်။ မက်လုံးပေးခိုင်းလာတာ။ ပြောထားတာ ၈လပိုင်းကလို့သိရတယ်" လို့အလုပ်သမားနဲ့နီးစပ်သူက ဆိုပါတယ်။ 

စက်ရုံရဲ့ All super နဲ့အလုပ်သမားတွေ  သြဂုတ်လ ၁၅ရက်မှာ ပြုလုပ်ခဲ့တဲ့ စက်ရုံတွင်းအစည်းအဝေးမှာ လာမယ့် စက်တင်ဘာလကစတင်ပြီး တစ်ရက်တာလုပ်အားခကြေးကို တရားဝင်ပေးထားတဲ့ထောက်ပံ့​ကြေးကျပ်နှစ်ထောင်အပါအဝင် တစ်နေ့လုပ်အားခ ၁၁၀၀၀ ကျပ်ပေးမယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် တစ်နာရီလုပ်အားခအချိန်ပိုကြေးလည်းတိုးပေးမယ်လို့  All Super မှ ကတိပေးပြောဆိုခဲ့ပါတယ်။ 

ဒီလိုလုပ်ခလစာတိုးပေးမှာ ဖြစ်တာကြောင့်  တစ်ရက်တာ လုပ်ငန်းခွင်ပျက်ကွက်ပါက ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်၊ တစ်နေ့တာလုပ်အားခ ၁၁,၀၀၀ကျပ်၊ လုပ်သက်နှစ်ကြေး အားလုံး၊ကျွမ်းကျင်ကြေး ၃၃၀၀ကျပ်၊ အထည်ကြေး တစ်ရက်စာ တို့ကို ဖြတ်တောက်မယ်လို့ အသိပေးခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့လည်း ( ၈ ) နာရီကြာလုပ်ဆောင်ရမယ့် အထည်အရည်အတွက်ကို ( ၆ )နာရီနဲ့ အပြီးလုပ်ဆောင်ပေးရတာ၊ လုံခြုံရေးတင်းကြပ်စွာ စစ်ဆေးတာကို ခံရသလို အမျိုးသမီး‌တွေပါမကျန် ကိုယ်ထိလက်ရောက်စစ်ဆေးခံရတာ၊ အိမ်သာသွားဖို့ စက်လိုင်းတစ်လိုင်းကို ကတ်သုံးကတ်သာ ထုတ်ပေးထားပြီး ကတ်ပါမှသာ အိမ်သာသွားခွင့်ပြုတာတွေကို  စက်ရုံဘက်မှ တင်းတင်းကြပ်ကြပ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အလုပ်သမားများအနေနဲ့ လစာတိုးပေးမယ်ဆိုတာကြောင့်  တင်းကြပ်မှု‌တွေကိုသည်းခံကာ အလုပ်လုပ်ကိုင်လာခဲ့ကြတာဖြစ်ပါတယ်။ စက်တင်ဘာလ လစာထုတ်ခါနီးမှာတော့ လစာထုတ်ရက်မရောက်မီ နှစ်ရက်အလို အောက်တိုဘာလ ၃ ရက်နေ့မှာ ထပ်တိုးလစာကို မပေးနိုင်ဘူးလို့  စက်ရုံ Super မှ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အဆိုပါAll super က"၆၈၀၀ နဲ့ပဲပေးမယ်။ တိုင်ချင်တဲ့နေရာတိုင် လိုက်ရှင်းမယ်။ အဖမ်းခံရမယ်ဆိုရင်လည်းအဖမ်းခံလိုက်မယ်။ ကျေနပ်ရင် မနက်ဖြန် အလုပ်လာဆင်း၊လက်မှတ်ထိုး၊ ပေးတဲ့လစာကိုယူ၊ မဆင်းနိုင်ရင် မလာနဲ့။ "လို့ စက်ရုံ အလုပ်ရှင်ကပြောဆိုခဲ့စကားကို Super က ပြန်လည်ပြောပြခဲ့တာလို့ သိရပါတယ်။ 

စက်ရုံဘက်က ပျက်ကွက်တာနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု လုပ်‌ဆောင်ဖို့ အလုပ်သမား‌တွေက WCC ကိုစာတင်တောင်းဆိုထားပြီး အလုပ်ရှင်ကညှိနှိုင်းရာမှာ အလုပ်သမားတွေကို ဝင်ခွင့်မပေးတာကြောင့် အလုပ်သမားတွေအနေနဲ့ ညှိနှိုင်းခွင့်ရရှိဖို့တောင်းဆိုနေတယ်လို့ သိရပါတယ်။

အခုလို အလုပ်သမား‌ေတွအပေါ်လစာတိုးပေးမယ်ဆိုကာ မက်လုံးပေးခိုင်းစေပြီး အလုပ်သမားများရဲ့လုပ်အားခများကို ခေါင်းပုံဖြတ်တာဟာ  အလုပ်သမား‌တွေရဲ့ ရပိုင်ခွင့်ကို ချိုးဖောက်တာ၊ အလုပ်သမား‌တွေ အပေါ် လိမ်လည်လှည့်ဖျားကာ  လုပ်အားညှစ်ထုတ် ခိုင်းစေပြီး အလုပ်သမားများ၏ လုပ်အားကို အရယူခဲ့တဲ့ Golden Colour Fashion (Myanmar) ကုမ္ပဏီရဲ့ ဆိုးဝါးတဲ့ လုပ်ရပ်ကို မှတ်တမ်းတင်တာနဲ့ တိုင်ကြားရေး ယန္တရား အရအရေးယူ အပြစ်ပေးတာ‌တွေ လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း STUM ကဆိုထားပါတယ်။ 

စက်ရုံဟာ  အချိန်ပိုမတရားခေါ်ယူတာ၊ သမဂ္ဂဖြိုခွဲတာနဲ့လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံ တာတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်ပြီး လက်ရှိမှာ KAPPA , MEDICINE, KoToN အစရှိတဲ့ brands ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026