NEWS

Golden Color Fashion စက်ရုံ ညလုံးပေါက် အချိန်ပိုခေါ်

CoverLogo
397 Views
 
Golden Color Fashion အထည်ချုပ်စက်ရုံက ညလုံးပေါက် အချိန်ပိုဆင်းခဲ့ရတယ်လို့ သွေးစည်း ညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM ကို အလုပ်သမားတွေ က ပြောပါတယ်။ စက်ရုံရဲ့ စက်ချုပ်မဟုတ်တဲ့ ဌာနတွေ (Other Section)က အလုပ်သမားတွေ ဇူလိုင်လ ၁ ရက်မှာ ညလုံးပေါက် အချိန်ပိုဆင်းခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ရဲ့ အလုပ်သမားဥပဒေမှာ တစ်နေ့ အလုပ်ချိန် (၈)နာရီဖြစ်ပြီး တပတ် (၄၈)နာရီပဲ လုပ်ကိုင်ဖို့ ပြဌာန်းထားပါတယ်။ တနင်္ဂနွေနေ့ကို စက်ရုံအများစု နားရက်အဖြစ် သတ်မှတ်ထားပါတယ်။ အချိန်ပို လုပ်ခွင့် တင်ပြဖို့ လိုအပ်သလို အလုပ်သမားတွေ သဘောတူကြောင့် လက်မှတ်တင်ပြဖို့လည်း သတ်မှတ်ထားပါတယ်။
 
ဒါ့အပြင် အချိန်ပို လုပ်ပိုင်ခွင့် ခွင့်ပြုကြောင်း စက်ရုံဘက်က အလုပ်သမားတွေ သိရှိဖို့ အများမြင်သာတဲ့ နေရာမှာ ကပ်ထားဖို့လိုအပ်ပါတယ်။ အလုပ်သမားတွေရဲ့ သဘောတူချက် မရှိဘဲ အချိန်ပိုလုပ်ခွင့်မရှိဘဲ တပတ် အချိန်ပို အလုပ်ချိန် (၂၀)နာရီ မကျော်ဖို့လည်း သတ်မှတ်ပြဌာန်းထားပါသည်။
 
တရားမဝင် အချိန်ပို ခိုင်းစေမှုတွေအတွက် ငွေဒဏ်ကနေ ထောင်ဒဏ်အထိ ချမှတ်ဖို့လည်း ဥပဒေက ပြဌာန်းထားပါတယ်။ Golden Color Fashion အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စက်မှုဇုန် ၃ ၊ မြတောင်၀န်ကြီး ဦးမိူလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။
 
ပြီးခဲ့တဲ့ဇွန်လအတွင်း ရွှေပြည်သာမြို့နယ်က S&S Garment မှာ ဇွန်လတစ်လလုံး အချိန်ပို ညလုံးပေါက် ခေါ်ယူခဲ့လို့ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်တာကို STUM ကို အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026