NEWS

Golden Color Fashion စက်ရုံ ညလုံးပေါက် အချိန်ပိုခေါ်

CoverLogo
299 Views
 
Golden Color Fashion အထည်ချုပ်စက်ရုံက ညလုံးပေါက် အချိန်ပိုဆင်းခဲ့ရတယ်လို့ သွေးစည်း ညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM ကို အလုပ်သမားတွေ က ပြောပါတယ်။ စက်ရုံရဲ့ စက်ချုပ်မဟုတ်တဲ့ ဌာနတွေ (Other Section)က အလုပ်သမားတွေ ဇူလိုင်လ ၁ ရက်မှာ ညလုံးပေါက် အချိန်ပိုဆင်းခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ရဲ့ အလုပ်သမားဥပဒေမှာ တစ်နေ့ အလုပ်ချိန် (၈)နာရီဖြစ်ပြီး တပတ် (၄၈)နာရီပဲ လုပ်ကိုင်ဖို့ ပြဌာန်းထားပါတယ်။ တနင်္ဂနွေနေ့ကို စက်ရုံအများစု နားရက်အဖြစ် သတ်မှတ်ထားပါတယ်။ အချိန်ပို လုပ်ခွင့် တင်ပြဖို့ လိုအပ်သလို အလုပ်သမားတွေ သဘောတူကြောင့် လက်မှတ်တင်ပြဖို့လည်း သတ်မှတ်ထားပါတယ်။
 
ဒါ့အပြင် အချိန်ပို လုပ်ပိုင်ခွင့် ခွင့်ပြုကြောင်း စက်ရုံဘက်က အလုပ်သမားတွေ သိရှိဖို့ အများမြင်သာတဲ့ နေရာမှာ ကပ်ထားဖို့လိုအပ်ပါတယ်။ အလုပ်သမားတွေရဲ့ သဘောတူချက် မရှိဘဲ အချိန်ပိုလုပ်ခွင့်မရှိဘဲ တပတ် အချိန်ပို အလုပ်ချိန် (၂၀)နာရီ မကျော်ဖို့လည်း သတ်မှတ်ပြဌာန်းထားပါသည်။
 
တရားမဝင် အချိန်ပို ခိုင်းစေမှုတွေအတွက် ငွေဒဏ်ကနေ ထောင်ဒဏ်အထိ ချမှတ်ဖို့လည်း ဥပဒေက ပြဌာန်းထားပါတယ်။ Golden Color Fashion အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ စက်မှုဇုန် ၃ ၊ မြတောင်၀န်ကြီး ဦးမိူလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။
 
ပြီးခဲ့တဲ့ဇွန်လအတွင်း ရွှေပြည်သာမြို့နယ်က S&S Garment မှာ ဇွန်လတစ်လလုံး အချိန်ပို ညလုံးပေါက် ခေါ်ယူခဲ့လို့ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်တာကို STUM ကို အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025
Cover
Asian Just စက်ရုံ လုပ်ခလစာ နှစ်ကြိမ် ခွဲထုတ်ပေးမှု အလုပ်သမားများ အခက်ကြုံ
Oct 24, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး ကို အမှုများပြန်လည်ရုတ်သိမ်းကာ လွှတ်ပေးသော်လည်း ဆက်လက် တရားရင်ဆိုင်နေရ
Oct 24, 2025
Cover
Mayfair စက်ရုံအလုပ်သမားများ လုပ်အားခနှင့် အခွင့်အရေးများ ချိုးဖောက်ခံနေရ
Oct 24, 2025
Cover
CHI MEI အထည်ချုပ်စက်ရုံ လုပ်ငန်းရပ်ဆိုင်းရန်ပြင်ဆင်မှု အလုပ်သမားဥပဒေများအား ချိုးဖောက်
Oct 23, 2025
Cover
Myanmar Huasheng Kefu Fashion Co.,ltd အချိန်ပိုဖိအားဆင်းခိုင်းပြီး ဥပဒေမဲ့ အလုပ်ထုတ်
Oct 23, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် မရသည့် လုပ်သားများ တိုင်ကြားနိုင်ဟု စစ်ကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 21, 2025