NEWS

Glowing &Win Investment (ADK) အထည်ချုပ်စက်ရုံ မှာ အလုပ်သမား တွေကို OT အတင်းအကျပ်ဆင်းခိုင်းပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်နေ

CoverLogo
428 Views
 
ရန်ကုန်တိုင်း ဒေသကြီး၊ မဂ်လာဒုံ မြို့နယ်၊ R.၆လမ်း အမှတ် (-) ရှိ Glowing &Win Investment (ADK) အထည်ချုပ်စက်ရုံတွင် အလုပ်သမားသဘောဆန္ဒမပါဘဲ OTအတင်းအကျပ်ခေါ်ယူနေပြီး အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်နေတယ်လို့သိရပါတယ်။
 
" OT ကိုအလုပ်သမားသဘောဆန္ဒမပါဘဲ လက်မှတ်အတင်းအကြပ်ထိုးခိုင်းတယ် တနလာ်နေ့ကနေ သောကြာနေ့ထိ ည ၇ နာရီထိ OTခေါ်တယ် အလုပ်ချိန်နဲ့ OT ချိန်ကြားထဲမှာ အနားမပေးဘူး စနေနေ့ဆို ညနေ ၆ နာရီထိဆင်းရတယ် တနဂ်နေ့ OTကို တစ်ပတ်ခြားခေါ်တယ် မဆင်းရင်စောင်းချိတ်ပြောတယ် ရက်မှန်ကြေး ဘောနပ်စ်တွေဖြုတ်ပြစ်တယ်၊ ညဘတ် Ot ကိုလဲ ည၁၁ ခွဲထိ တစ်ရက်ခြားဆင်းရတယ် ၊အောလင်းဆင်းရတာတွေလဲရှိတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေအတွက် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက် စာချုပ် ချုပ်ထားပေမယ့် အလုပ်သမားအခွင့်အရေး ဘာတခုမှ မရတဲ့အပြင် လုပ်ငန်းခွင်မှာ မိုးလင်းမိုးချုပ် ဆဲဆိုခိုင်းစေကာ လုပ်နိုင်စွမ်းထက်ပိုမို ခိုင်းစေပြီး လုပ်အားခေါင်းပုံဖြတ်နေတာလို့ အလုပ်သမားကပြောပါတယ်။
 
"စက်ရုံ မှာဆေးခန်းတော့ရှိပါရဲ့ ဒါပေမဲ့ အကိုက်ခဲပျောက်ဆေးတောင်မရှိဘူး စက်ရုံ တွင်း ဆေးပုံးတွေကိုလည်း စစ်ဆေးရေးလာမှ ထားပေးတယ် စစ်ဆေးရေးပြန်သွားရင် ပြန်သိမ်းသွားတယ် အရေးပေါ်ထွက်ပေါက်တွေကိုပိတ်ထားတယ် ၃လပိုင်း၂၈က ငလျှင်လှုပ်တော့ ထွက်ပေါက်တွေရဲ့အနီးဆုံးမှာရှိနေပေမဲ့ ပိတ်ထားလို့ထွက်မရခဲ့ဘူး၊ ၃လပိုင်းထဲမှာပဲ EP ဌာနကဝန်ထမ်းတစ်ယောက် ခေါင်မိုးပေါ်က ပြုတ်ကျတယ် မျက်နှာတစ်ခြမ်းပျက်စီးသွားတယ် ခြေထောက်တွေကျိုးသွားတယ် အံကတ်ကျွတ်ပြီးလည်ချောင်းထဲဝင်သွားတယ် စက်ရုံဘတ်က တာဝန်ယူမူတာဝန်ခံမူ ဘာတစ်ခုမှမရှိဘူး ပိုက်ဆံ ၃သိန်းပဲပေးတယ်အရေးပေါ်ကားခေါ်မပေးဘူး ပြသနာကြီးမှာဆိုးလို့လေ စက်ရုံသုံးပစ္စည်းတွေ လွန်းအိမ်လွန်ဆံကအစ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သုံးရတယ် စက်ရုံထဲမှာ ဖိနပ်မစီးခိုင်း ဘူး အိမ်သာဝင်ရင်ကအစ အလုပ်လုပ်တဲ့နေရာမှာတော့ စီးချင်စီးမစီးချင်နေဒီတိုင်းထားတယ်" လို့ အဆိုပါစက်ရုံမှ အလုပ်သမား တစ်ဦးကပြောပါတယ် ။
 
အဆိုပါစက်ရုံသည် လူဦးရေ သုံးထောင်ဝန်းကျင်နဲ့ CRIVIT .JACK &JONES Brands တွေကိုချုပ်လုပ်နေတာဖြစ်ပါတယ်။အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ နဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ အလုပ်လုပ်ကိုင်နိုင်ရေး လိုလားနေတယ်လို့ ပြောပါတယ်။

Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026