NEWS

Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ

CoverLogo
269 Views
 
Glary Jun Xing Garment စက်ရုံက လုပ်ငန်းခွင်အတွင်း အလုပ်သမားချင်းအတူတူ ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပို အများအပြား ခေါ်ယူခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့စဉ် အောလင်း၊ အောနိုက် အချိန်ပိုတွေ ရက်ဆက် ဆင်းပေးရတဲ့အပြင် တနင်္ဂနွေ အလုပ်ပိတ်တွေပါ လုပ်ကိုင်ပေးနေရတယ်လို့ ပြောပါတယ်။
 
“စက်ရုံမှူး၊ မန်နေဂျာ အောစူပါတွေက အချိန်ပိုတွေ ခေါ်ခိုင်းနေတယ်။ အလုပ်သမားတွေမှာ ကိစ္စရှိလို့ မဆင်းဘူးဆိုရင် အဲ့ဒီ စက်ရုံမှူး၊ မန်နေဂျာ၊ အောစူပါတွေက ခေါ်ဆူတယ်။ ဆဲတယ်၊ အော်ပြောတယ်။ “ လို့ ပြောပါတယ်။
စက်ရုံအတွင်း ရုံ ၁ နဲ့ ရုံ ၂ ဆိုပြိး စက်ရုံနှစ်ရုံရှိပြီး တခြားစက်ရုံနဲ့ ရုံ ၁ က အထည်တွေကိုပါ အချိန်ပိုခေါ်ပြီး ချုပ်ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပိုဆင်းဖို့ အလုပ်သမားဆန္ဒမမေးဘဲ အတင်းအကျပ် ဆင်းခိုင်းပြီး မန်နေဂျာသဘော စက်ရုံမှူးသဘော အတိုင်း လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
 
“လုပ်ငန်းခွင်က ထောင်နဲ့တူတယ်။ စက်ရုံမှူး၊ မန်နေဂျာ၊ အောစူပါတွေက တစ်နေ ကုန်ပတ်လှည့်ပြီး စောင့်ကြည့် ပြီး ခိုင်းနေတာ၊ အလုပ်ကိစ္စ စကားပြောရင်တောင် စကားပြောလို့ ဝမ်တိန်လက်မှတ်ထိုးခိုင်းတာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ခလစာကို စက်ရုံဘက်က ခွဲခြားပေးပြီး အလုပ်ထွက်ပါက လုပ်ကိုင်ပြီးတဲ့ လုပ်ခအတွက် သတ်မှတ် ဒေးကြေး မပေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“လူ ဟောင်း အလုပ်သမားတွေကို ဒေးကြေး ၁၀၅၀၀ ၊ လူသစ်ဆိုပြီး ကျွမ်းကျင်အလုပ်သမားကို ၉၀၀၀ ပဲ ပေးတယ် ၊ လူသစ် အလုပ်သင်ဆို ၈၀၀၀ ဆိုပြီး ပေးတယ်။ ပြီးတော့ အလုပ်ထွက်ရင် ကိုယ်လုပ်ထားတဲ့ ဒေးကြး ၁၀၅၀၀ ကို အပြည့်မပေးဘူး။ ၇၈၀၀ ပဲ ပေးတယ်.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ကြိုပို့ယာဉ် မလုပ်လောက်လို့ အလုပ်သမားတွေကို တွယ်စီးနေရတာကို တာဝန်ရှိသူတွေကိုယ်တိုင် တွေ့မြင်ပေမဲ့ တိုးချဲ
ပေးတာမရှိဘူးလို့လည်း ပြောပါတယ်။
 
“အမျိုးသမီး အလုပ်သမားတွေ ဖယ်ရီတွဲစီးနေရတာကို မန်နေဂျာကိုယ်တိုင် မြင်တယ်။ ဒါကို သွားပြောကြတာပဲ လုံးဝစီစဥ်မပေးဘူး။ အခုထိ တွယ်စီးနေတုန်း။” လို့ အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။
 
စက်ရုံဘက်က ကောင်းမွန်တဲ့ လုပ်ငန်းခွင် မဖြစ်တဲ့ အပြင် ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်ရက်နဲ့ ခံစားခွင့်တွေကို စက်ရုံက မပေးသလို့ ရက်ပျက်ဆိုပြီး ဒေးကြေး ဖြတ်တောက်ခံရတယ်လို့ အလုပ်မသားတွေက ပြောပါတယ်။
 
“ လူမှုဖူလုံရေး လစဥ်ထည့်တယ်၊ ဆေးခွင့်မရလူး၊ တခြားခွင့်လည်း မရဘူး။ ရက်ပျက်ဆိုပြီး ဒေးကြေး ၁၀၅၀၀နဲ့ ရက်မှန်ကြေး ၅၀၀၀၀ ဖြတ်တယ်။ သောက်ရေ လုံလောက်မှုမရှိဘူး၊ ရေ ခဏခဏပြတ်တယ်။ ဆေးခန်း ထိုင်ရမဲ့ သူနာပြုက ဆေးခန်းမှာ မရှိဘူး HR ခန်းထဲမှာ အင်တာဗျူး စစ်ပေးနေရတယ်။ ဆေးလည်း မရှိဘူး။ အလုပ်သမား ရုံးက လာစစ်တဲ့နေ့ပဲ အစုံအလင်ထားတာ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အသက် ၁၄၊ ၁၅၊ ၁၆အရွယ် လူငယ်၊ လူရွယ်အလုပ်သမား ၃၀ကျော်ကို ခိုင်းစေနေပြီး လုပ်အားခတန်းတူ မရကြဘူးလို့လည်း ပြောပါတယ်။
 
Glary Jun Xing Garment Co., Ltd ပိုင် အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပန်းပဲခေါင်း မောင်ခတ်လမ်း၊ ရုံအမှတ်၂၇၀ မှာ ဖွင့်လှစ်တဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၈၀၀ ကျော် နဲ့ Sinsay တံဆိပ် ဘောင်းဘီ၊ အင်္ကျီနဲ့ ဝမ်းဆက်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026