NEWS

Gibaek Myanmar Co.,Ltd အထည်ချုပ် စက်ရုံမှာ ရက်ပျက်ပါက အလုပ်ထုတ်

CoverLogo
1.4K Views

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မှာ အခြေစိုက်ထားတဲ့ Gibaek Myanmar Co.,Ltd အထည်ချုပ်စက်ရုံက အလုပ်သမား တွေကို စက်ရုံဘက်က ခွင့်မပေးဘဲ ရက်ပျက်ပါက အလုပ်ထုတ်တဲ့အထိ လုပ်ဆောင်နေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

 

“အလုပ်ပျက်လို့ နောက်နေ့မလာနဲ့ဆို ပြီးထုတ်လိုက်တာရယ် ၊ တလဆိုရင် ၃ ယောက် ၄ယောက်လောက် ထုတ် နေတာ” လို့ Gibaek Myanmar အထည်ချုပ် စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမားအမျိုးသမီးက ပြောပါ တယ်။

 

အလုပ်ထုတ်ခံရသူအများစုဟာ ရက်ပျက်လို့ အလုပ်က ထုတ်ပယ်ခံရသူတွေဖြစ်တယ်လို့လည်း အဲဒီ အမျိုးသမီးက ပြောပါတယ်။ 

 

အလုပ်သမားတွေဘက်က လူမှုဖူလုံရေးကြေး ပေးသွင်းပေမဲ့ ဆေးခွင့်၊ ရှောင်တခင်ခွင့် စတဲ့ခွင့်တွေ ပေးတာမျိုး မရှိတဲ့အပြင် အလုပ်ပျက်ပါက အလုပ်ထုတ်တဲ့အကြောင်းကိုပြီး လိုင်းခေါင်းဆောင်တွေက တဆင့် အကြောင်းကြားတယ်လို့ စက်ချုပ် အလုပ်သမားတွေက ပြောပါတယ်။ 

 

“အူအတက်ရောင်လို့ ဆေးရုံစာရွက်နဲ့ ခွင့်တိုင်တာတောင် ခွင့်မရတဲ့ အလုပ်သမားတောင် ရှိပါတယ်။ အလုပ် ထုတ်ရင်လည်း HR တွေကထုတ်တာမဟုတ်ဘူး ။ အောစူပါ ဆိုတဲ့ အမျိုးသမီးက ထုတ်နေတာ။ အောက်ခြေမှာ ထုတ်သဘောမျိုး ဖြစ်နေလို့လေ ။ “ လို့ အမျိုးသမီး စက်ရုံလုပ်သားတဦးက ပြောပါတယ်။ 

 

အထည်ချုပ်စက်ရုံနဲ့ အလုပ်သမားတွေကြား အလုပ်ခန့်ထားမှုဆိုင်ရာ (EC) စာချုပ် ချုပ်ဆိုဖို့တော့ လုပ်သက် ၃ လ ပြည့်မှာ ချုပ်ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

Gibaek Myanmar Co.,Ltd အထည်ချုပ် စက်ရုံကို ကိုရီးယား နိုင်ငံသား တဦး ပိုင်ဆိုင်ပြီး အလုပ်သမားတွေကို မန်နေဂျာ/ အောစူပါ (all super) ဒေါ်-------ဆိုသူက စီမံခန့်ခွဲတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေကို ပြောပါတယ်။ 

 

“ သူကတော့ ရာထူး နှစ်မျိုးယူထားတယ်ပြောပြီး ဝန်ထမ်းတွေကို တိုက်ရိုက် အလုပ်ထုတ်နေပါတယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ် ဆိုပြီး သတိပေး လက်မှတ်တိုးခိုင်းတာတောင် မရှိဘူး ရက်ပျက်တာနဲ့ အလုပ်ထုတ်တာပါ “ လို့ အလုပ်သမားအမျိုးသမီးက ပြောပါတယ်။ 

 

Gibaek Myanmar Co.,Ltd အထည်ချုပ် စက်ရုံမှာ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်တွေ ချုပ်လုပ်နေတဲ့အပြင် တောင်ကိုးရီးယားအခြေစိုက် THE REDFACE ကုန်အမှတ်တံဆိပ်ကိုလည်း ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

 

လက်ရှိ လုပ်ငန်းခွင်ကနေ ကျန်းမာရေးအပါအဝင် အကြောင်းကြောင့် ပြန်လိုပါက စက်ရုံအတွင်းကနေ ထွက်ခွင့် (Gate pass) မပေးဘူးဆိုပြီး အလုပ်သမားတွေအားလုံးပါဝင်တဲ့ အစည်းအဝေး (မီတင်) မှာပြောဆိုထားတယ်လို့ သိရပါတယ်။ 

 

“နေမကောင်းရင် အိမ်ကထဲက မလာနဲ့တဲ့ ။ အလုပ်ရောက်ရင် ပြန်ခွင့်မပေးတော့ဘူး ဆိုပြီး အလုပ်သမားတွေကို ပြောထားတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

Gibaek Myanmar Co.,Ltd ဟာ အနွေးထည်ချုပ် စက်ရုံဖြစ်ပြီး တိုက်ကြီးမြို့ ကန်တော့ကန်ရပ်ကွက်မှာ ဖွင့်လှစ် ထားတာ ၆ လ ဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။ လက်ရှိ စက်ရုံအတွင်း လုပ်သား ၃၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတယ်လို့ သိရပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026