NEWS

Galaxy ( Myanmar ) စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်နေ

CoverLogo
809 Views

ရန်ကုန်မြို့ ၊ လှိုင်သာယာစက်မှုဇုန်က Galaxy ( Myanmar ) စက်ရုံ ပိုင်ရှင် တရုတ်အမျိုးသားဟာ လုပ်ငန်းခွင်အတွင်း စက်ခုံကို ရိုက်ပြီး အလုပ်သမားတွေဆီက စံချိန်တိုးတောင်းတာတွေ ပြုလုပ် နေတယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FGWM ဆီက သိရပါတယ်။ 

လှိုင်သာယာ စက်မှုဇုန် ၂ ၊ ဆိပ်ကမ်းသာလမ်း က Galaxy ( Myanmar ) အထည်ချုပ်စက်ရုံ ပိုင်ရှင် တရုတ်နိုင်ငံ သားဟာ အလုပ်သမားတွေကို တိုက်ရိုက်ခိုင်းစေတာ၊ စက်ခုံကို လက်နဲ့ ရိုက်တာ စံချိန်တောင်းခံပြီး အော်ဟစ်တာ ၊ အနီးနားက ပစ္စည်းတွေကို လွှတ်ပစ်တာတွေ ပြုလုပ်တယ်လို့ FGWM ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

ဒါ့အပြင် အလုပ်ရှင်အပါအဝင် စူပါ၊ စကားပြန်ဆိုသူတွေလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို တခြား အလုပ်သမားတွေနဲ့အတူ အထည်စံချိန် (Hourly)ကို တပြေးညီ အတင်းအကျပ် ဖိအားပေး တောင်းခံတာ၊ စံချိန်တောင်းလို့ မရတဲ့ အလုပ်သမားများကိုလည်း နို့တစ်ပေးကာ မတရား အလုပ်ထုတ်ပစ်ပြီး အလုပ်သမား သစ်များကို ခန့်အပ်တာတွေ လုပ်ဆောင်တယ်လို့ FGWM က ထုတ်ပြန်ထားတာပါ ။ 

“ လုပ်သက် ၃ လပြည့် ပြီး နေ့စားဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်း ခန့်အပ်တာ မရှိဘူး။ စက်တင်ဘာ ၂၄ ရက် မှာ အော်ဒါ အပြီးပေးရမယ်၊ မပေးနိုင်တဲ့လိုင်းကို နို့တစ် ပေးမယ် ဆိုပြီး ငြိမ်းခြောက်တာ။ အော်ဒါ ပြီးလည်း နောက် စက်တင်ဘာ ၂၅ မှာ နေ့စားအလုပ်သမားအားလုံးကို အလုပ်ထုတ်လိုက်တယ်လို့ ”အလုပ်သမားတွေက ပြောဆိုတယ်ဆိုပြီးလည်း ရေးသားထားပါတယ်။ 

Galaxy ( Myanmar ) စက်ရုံ က ချုပ်လုပ်တဲ့အလုပ်သမားတွေဟာ ရှောင်တခင်ခွင့် မရတာ၊ ဖူလုံရေးဆေးခွင့် တရက် ယူပါက ရက်မှန်ကြေး ၂၀၀၀၀ ဖြတ်တောက်တာ ၊ ခွင့်ယူပါက ရက်မှန်ကြေးကျပ် ၄၀၀၀၀ ကို ဖြတ်တောက်တာ၊ လုပ်ငန်းခွင်မှာ ဆေးပေးခန်း မရှိ ၊ ပန်ကာ လုံလောက်စွာ မရှိတာတွေကြောင့် အလုပ်သမား တွေ မူးလဲတဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောကြားထားတယ်လို့ သိရပါတယ်။ 

Galaxy ( Myanmar ) စက်ရုံမှာ အထည်ချုပ် စက်လိုင်း ၇ လိုင်းရှိပြီး အလုပ်သမား ၃၅၀ ကျော်နဲ့ လည်ပတ် နေကာ အမေရိက၊ စပိန် ကုန်အမှတ်တံဆိပ် ROLY ၊ Working ၊ Body Guard အမှတ်တံဆိပ်ကျောပိုးအိတ်တွေကို ချုပ်လုပ်နေ တယ်လို့ သိရပါတယ် ။ 

#MyanmarLabourNews


Related posts

Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026
Cover
Tha Shu (Myanmar) Glory Fashion စက်ရုံတွင် တပတ် အချိန်ပို အော်လင်းအောနိုက် ၄ ရက် ဆင်းနေရ
Feb 13, 2026
Cover
Uni-Win Leather စက်ရုံ အမျိုးသား အောစူပါမှ ဆဲဆို ခိုင်းစေ
Feb 13, 2026
Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026