NEWS

Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း

CoverLogo
30 Views

Galaxy (Myanmar)အထည်ချုပ်စက်ရုံမှာ   အထည်စံချိန်မပြည့်တဲ့စက်လိုင်းတွေကို ပိတ်သိမ်းပြီး အလုပ်က ထုတ်ပယ်မယ်မဲ့ နို့တစ်စာကို မေလ ၂၆ ရက်မှာ ကပ်ထားပြီးနောက်  ၆ ရက်အကြာမှာ  နိုတစ် သိရှိကြောင်း လက်မှတ်ထိုးခိုင်းလို့  အလုပ်ရပ် ဆန္ဒပြနေတယ်ဆိုပြီး အလုပ်သမားတွေက ပြောပါတယ်။ 


“စက်ရုံက သမဂ္ဂအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေရှိတဲ့ လိုင်းကို လက်မှတ်ထိုးခိုင်းပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အလုပ်ထုတ်ဖို့ ပြင်ဆင်ထားတာ၊  တခြားလိုင်းကိုပြောင်းချင် ပြောင်းလို့သာ ပြောတာ ပြောင်းရမဲ့စက်လိုင်းက စူပါကခေါ်မှ ပြောင်းလို့ရမှာ။ အခုက  ညီမတို့ကိုဘယ်လိုင်း စူပါမှမခေါ်ဘူး”လို့ အလုပ်သမားတွေက ပြောပါတယ်။


ပိတ်သိမ်းမဲ့ စက်လိုင်းထဲက အလုပ်သမားတွေကို နစ်နာကြေး ပေးမှာ ဖြစ်ပေမဲ့  နစ်နာကြေးမယူဘဲ အလုပ် ဆက်လုပ်လိုတဲ့ အလုပ်သမားရှိပါက စက်လိုင်းတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ပဲ လုပ်ကိုင်ခွင့်ပြုမယ်လို့ စက်ရုံဘက်က  ထုတ်ပြန်တဲ့ နိုးတစ်စာမှာ ဖော်ပြထားပါတယ်။ 


အလုပ်သမားတွေရဲ့ ချုပ်လက်စ အထည်တွေကို အော်ဒါပြန်သိမ်းလို့ ဆိုပြီ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ နဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို စက်လိုင်းချိန်းမလား၊ နစ်နာကြေးယူ အလုပ်ထွက်မလား ဆိုတာ သဘောတူကြောင်း လက်မှတ်ထိုးပေးဖို့ လူစာရင်းနဲ့တကွ စက်ရုံအုပ်ချုပ်သူတွေက  စာရွက်ပို့ထားတယ်လို့ ပြောပါတယ်။ 


“ညီမတို့ ချုပ်နေတဲ့အထည်တွေကို အခြားစက်ရုံကိုသွားချုပ်ခိုင်းလို့ အော်ဒါပြန်သိမ်းသွားတယ်ဆိုပြီး အောစူပါ ကပြောတယ်။ အလုပ်ကနေ ကိုယ်သဘောနဲ့ကိုယ်ထွက်ရမယ်ဆိုတဲ့ပုံစံလုပ်တာ၊ သမဂ္ဂအဖွဲ့ကိုခွဲခြားတာပါ”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။


ဇွန်လ ၁ ရက်အထိ လက်မှတ်ထိုးဖို့ အလုပ်သမားတွေဘက်က လက်မခံကြလို စက်ရုံဌာနအားလုံးနဲ့ အလုပ်သမား အားလုံးနီးပါက အလုပ်ရပ် ဆန္ဒထုတ်ဖော်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။


“ဒီနေ့ ဇွန် ၁ ရက်မှာ  အလုပ်ရပ်ထားတယ်။ စက်လိုင်းတွေနဲ့ တခြားဌာနတွေ အကုန်လုံးပါတယ်။  လူသစ်တွေရှိတဲ့ စက်လိုင်းတချို့တော့ အလုပ် လုပ်နေရတယ်”လို့ အလုပ်သမားတွေ က ပြောထားပါတယ်။ 


Galaxy (Myanmar) Appreal Co;Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ဆိတ်ကမ်းသာလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်ပါတယ်။  လက်ရှိ (martes)ESSENTIALS တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။  


Related posts

Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026