NEWS

Gainway International (Myanmar) Garment လုပ်သားများ ဒေးကြေး တိုးပေးရန် တောင်းဆိုမှု ညှိနှိုင်းမည်

CoverLogo
1.1K Views

ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က Gainway International (Myanmar) Garment က အလုပ်သမားလုပ်သားတွေဟာ တစ်ရက်လုပ်အားခ (ဒေးကြေး) ၅၆၀၀ တိုးပေးဖို့အတွက် တောင်းဆိုမှုအတွက်  ဇွန်လ ၁၂ရက်မှာ စက်ရုံဘက်က ဆွေးနွေးညှိနှိုင်းမယ်လို့ ပြောကြားထားတယ်လို့ အလုပ်သမားတွေ ဆီက သိရပါတယ်။

"ခေါင်းဆောင်တွေခေါ်ပြီးတော့ ပြောတယ်။ သောကြာနေ့မှာ ဆွေးနွေးညှိနှိုင်းတာရော၊ စနေနေ့မှာ ပြောထား တာရော အသက်မ၀င်ဘူးပြောတယ်။ နောက်တစ်ခုက အိမ်တွင်းရေး ပြဿနာကိုအိမ်ထဲမှာပဲ ရှင်းရမဲ့ဟာကို အပြင် ဦးစီးရုံးတို့ ၊ ညှိနှိုင်းဖြန်ဖြေရေးရုံးတို့ကို စာတင်လိုက်လို့  အပြင်လူတွေပါတော့မယ်။ အဲ့အတွက် အပြင်က လူတွေပါမှ အသက်၀င်တော့မယ်။  တနင်္လာ ဒါမှမဟုတ် အင်္ဂါမှာ လူကြီးတွေ လာလိမ့်မယ်။ သူတို့ကို သက်သေ ထားပြီးတော့ ညှိနှိုင်းမယ်လို့ပြောတယ်" လို့  စက်ရုံ အလုပ်သမားတွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

စက်ရုံတွင်းအလုပ်သမား ၉၀၀ ကျော် ရှိတဲ့အထဲက အလုပ်သမား ၈၀၀ ကျော်ဟာ တစ်ရက်လုပ်အားခ ၅၆၀၀ ကျပ် တိုးပေးဖို့ လက်မှတ်ထိုး တင်ပြတောင်းခဲ့သလို  WCC ကနေလည်း တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ စက်ရုံ ဘက်က တုံ့ပြန်မှူမရှိလို့  ဇွန် ၉ ရက်မှာ လုပ်ငန်းခွင် မဝင်ရောက်ဘဲ တောင်းဆိုခဲ့ကြတာလို့ Myanmar Labour News ကို ပြောပါတယ်။

စက်ရုံတွင်း စတင် ဆန္ဒပြတောင်းခဲ့ပြီးနောက် ဇွန် ၁၀ ရက်မှာ  စူပါတွေ လီဒါတွေ ထပ်တိုး ပူးပေါင်းလာတာ ကြောင့် တောင်းဆိုမှုထဲ မပါဝင်သူ ၃၀ လောက်သာ ကျန်ရှိတယ်လို့ သိရပါတယ်။

"သူတို့မှာ အဖြေရပြီ ၀န်ထမ်းတွေ ကျေနပ်လောက်မဲ့ အဖြေလို့ပြောတယ်။ တနင်္လာနေ့မှာခေါင်းဆောင် တွေ စောစော လာစေချင်တယ်။ သူဌေးနဲ့ တွေ့ပြောမယ်လို့ ပြောတယ်။ အဖြေဘယ်လိုလာမယ်မသိသေးဘူး။ ဆွေးနွေး ညှိနှိုင်းဖို့တော့ရှိတယ်" လို့  ပြောပြပါတယ်။

Gainway International (Myanmar) Garment စက်ရုံဟာ H&M ကုန်အမှတ်တံဆိပ် အမျိုးသမီး အတွင်းခံ အဝတ်အထည်တွေ ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ထည်ထောင်ထားတာဖြစ်တယ်လို့ DICA ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ လက်ရှိ စက်ရုံ အလုပ်သမားတွေကတော့ တစ်နေ့ လုပ်ခ (ဒေးကြေး) ၅၆၀၀ ရရှိဖို့၊ ရက်မှန်ကြေး ၁၀၀၀၀ တိုးပေးဖို့၊ နှစ်ကြေးထည့်ပေးဖို့၊ ဒေးကြေး တိုးပြီး ရာခိုင်နှုန်း တစ်ကတ်ကြေး မလျှော့ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

Photo - Gainway International (Myanmar) Garment  လုပ်သားများ စက်ရုံအတွင်းမဝင်ပဲ တောင်းဆိုနေစဉ်

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026