NEWS

Full Way Myanmar Garment စက်ရုံ ပိတ်ထားစဉ် ချုပ်စက်များ ပြောင်းရွှေ့မှု၊ အလုပ်သမားများ တားမြစ်

CoverLogo
687 Views
 
စက်ရုံခတ္တပိတ်ထားစဉ် အသိမပေးဘဲ့ ချုပ်စက်တချို့ ကို Full Way Myanmar Garment စက်ရုံ တာဝန်ရှိသူတွေက ရွှေ့ပြောင်းနေတာကို တွေ့ရှိလို့ တားမြစ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ချုပ်စက်တချို့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာကို ဒီကနေ့ ဇန်နဝါရီ ၁ ရက်မှာ သိရှိခဲ့ရတာလို့ ဆိုပါတယ်။
 
“စက်ရုံက ချုပ်စက်တွေကို နေ့လည် ၁ နာရီလောက်မှာ ပြောင်းဖို့ ပြင်နေတယ်လို့ အနီးနားက အလုပ်သမားတွေက အသိပေးလာတယ်။ သွားကြည့်တော့ စက် ၅ လုံးတင်ထားတာကို တွေ့ရတယ်။ စက်ရုံမန်နေဂျာလည်း ပါတယ်။ အလုပ်သမားတွေ မရှိဘဲ၊ အသိမပေးဘဲ ပြောင်းတာကို လက်မခံဘူးလို့ ပြောထားတယ်။ အခုတော့ ချုပ်စက်တွေကို ပြန်ချထားတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံပိုင်ရှင်က တခြားစက်ရုံကို ငှားဖို့ သယ်ယူတာလို့ စက်ရုံမန်နေဂျာက ပြောကြားပေမဲ့ အလုပ်သမားတွေက ယုံကြည်မှုမရှိလို့ ချုပ်စက်တွေသယ်ယူတာကို လက်မခံတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက အလုပ်ပိတ်တယ် ပြောပြီးစက်တွေကို ထုတ်နေတာ ၊ ထုတ်မယ်ဆိုလည်း စက်ရုံမပိတ်တုန်းက ပြောထားသင့် တယ်လေ ။ စက်ရုံပိုင်ရှင်ကို ဘယ်လိုမှ ယုံလို့မရတော့ဘူး။ ရှေ့ပိုင်းမှာ စက်တွေကို ထုတ်ထားတာ။ အခုအသုတ်က နောက်ဆုံးအသုတ်ပဲ။ အရင်က စက်လိုင်းက ၁၅ လိုင်းရှိတယ်။ အဲဒီကနေ လျော့လာလိုက်တာ အခု ၄ လိုင်းပဲကျန်တော့တာပဲ ကြည့်ပါ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အဲဒီ ကိစ္စအတွက် စက်ရုံ မန်နေဂျာက ဇန်နဝါရီ ၅ ရက်မှာ တွေ့ဆုံဖို့ ပြောကြားထားပြီး ချုပ်စက်တွေကို ဆက်လက်သယ်ယူပါ ဥပဒေအရ တိုင်းကြားမှာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ ၁၀ ရက် ပိတ်မယ်ဆိုတာကို ဒီဇင်ဘာ ၁၀ ရက်က ပြောကြားခဲ့တာဖြစ်ပြီး ရပိုင်ခွင့်တချို့ကို ဖြတ်တောက်မယ်ဆိုပြီး ကြီးကြပ်ရေးမှူးတွေက တဆင့် ပြောကြားခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အော်ဒါမရှိဘူးလို့ ပြောပြီး အလုပ်ကို ၁၀ရက်ပိတ်မယ်။ ဒေးကြေးပေးထားမယ်။ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး ဖြတ်မယ်ပြောတယ်။ စက်ရုံဘက်က လိုအပ်ချက်မို့ ကျွန်မတို့ ရပိုင်ခွင့်ကိုတောင်းတာ။ ကျွန်မတို့ဘက်က ပျက်ကြည့် အကုန်ဖြတ်နေတာ။ ပိတ်ရက်အတွက် ရက်မှန်ကြေး တစ်သောင်းကျပ်ကိုဖြတ်ပါ၊ ကျွမ်းကျင်ကြေးကို မဖြတ်ဖို့တောင်းဆိုခဲ့ပေမဲ့ တိကျတဲ့ အဖြေမရခဲ့ဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်က လက်မခံဘူးလို့ မန်နေဂျာက တဆင့် အကြောင်းပြန် တာကြောင့် ညနေ ၃ နာရီအထိ ညှိနှိုင်းခဲ့ရာမှာ အဆင်မပြေခဲ့လို့ အလုပ်သမားရုံးသွားပြီး ကျွမ်းကျင်ကြေးရအောင် တောင်းမယ်ဆိုပြီး မန်နေဂျာက ပြောကြားခဲ့လို့ အဲဒီနေ့မှာ အလုပ်သမား အိမ်ပြန်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
 
Full Way Myanmar garment စက်ရုံ ဆယ်ရက်မပိတ်မီကလည်း အလုပ်သမားတွေကို ခွင့်မပေးတာ၊ ရက်ပျက်ပါက ဒေးကြေး ၄၈၀၀ ၊ ရက်မှန်ကြေး ၁၀၀၀၀ ၊ စုစုပေါင်း ၁၄၈၀၀ ဖြတ်တောက်တဲ့အပြင် ကျွမ်းကျင်အဆင့်ပါ ချခံခဲ့ရတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်အတွင်း တောင်းခံတဲ့ စံချိန် မရပါ စူပါတွေက ဆဲဆို အော်ဟစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ် ။
စက်ရုံ အလုပ်သမားတွေက စက်ရုံပိတ်သိမ်းပါက ဥပဒေနဲ့ အညီ လုပ်ဆောင်ဖို့နဲ့ အလုပ်ပိတ်ထားတဲ့ ရက်တွေမှာ စက်ရုံအတွင်းက စက်တွေကို ထုတ်ယူတာတွေမလုပ်ဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
 
Full Way Myanmar garment စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် ၂ ၊ မင်းဧရာလမ်းမှာရှိပြီး တရုတ်နိုင်ငံသား တဦး ပိုင်ဆိုင်ကာ တခြားစက်ရုံကို တဆင့်ခံပြီး ဂျင်းထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ WCC အဖွဲ့ ဖွဲ့စည်းထားပြီး လက်ရှိ အလုပ်သမား ၂၀၀ ဝန်းကျင် နဲ့ စက်ရုံကို လည်ပတ်နေတယ်လို့ သိထားရပါတယ် ။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026