NEWS

Ford Glory စက်ရုံကအလုပ်သမားတွေအပေါ်ခြိမ်းခြောက်အချိန်ပိုခေါ်ယူနေ

CoverLogo
1K Views

ရွှေပြည်သာမြို့နယ် ကျောင်းလမ်းက Ford Glory စက်ရုံဟာ အလုပ်သမားတွေကို ခြိမ်းခြောက်မှူတွေပြုလုပ်ပြီး အချိန်ပိုတွေမတရားခေါ်ယူနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 

နားရက်မရှိအချိန်ပိုတွေနေ့စဥ်လုပ်ရလို့ ကျန်းမာရေး ထိခိုက်ပါကလည်း ခွင့်မပေးဘဲ ​ဖြတ်တောက်ခံရသလို ပင်ပန်းလာလို့ အချိန်ပိုမဆင်းရင်လည်း အချိန်ပိုမဆင်းတာကြောင့် အငြိုးအတေးထားကာအပြစ်ရှာပြီး အလုပ်ထုတ်ခံရတယ်လို့လည်းသိရပါတယ်။ 

"အလုပ်ချိန်က ၄ ခွဲဆိုပြီးသွားပြီနော်။  အဲ့တာကိုဒီနေ့ဆိုလည်း ကျွန်တော်တို့အိမ်မပြန်ရဘူး။ အောနိုက်တင်မဟုတ်ဘူး။ အောလင်းပါဆင်းနေရတယ်။ မဆင်းချင်ဘူးလို့ပြောတော့လည်း မဆင်းရင်ကျွန်တော်တို့ကိုအလုပ်ဖြုတ်မယ်လို့ပြောတယ်ဗျာ။ နောက်ပြီးအိုတီကတစ်ရက်တည်းလည်းမဟုတ်ဘူး။ အောနိုက်တွေအောလင်းတွေ အောနိုက်တွေအောလင်းတွေကို နေ့တိုင်းခေါ်နေတာ။ ကျွန်တော်တို့လည်းလူတွေ စက်ရုပ်မဟုတ်ဘူးဗျာ။ အ်ိပ်ချိန်လည်းမရှိဘူး။ အဲ့တာကိုပြောတာ။ တိုင်တာလည်းတစ်ယောက်ပြီးတစ်ယောက်တိုင်တာ တစ်ရက်တိုင်ရင် အဲ့တစ်ရက်ကိုမခေါ်တော့ဘူး။ နောက်ပိုင်းကျရင်ပြန်ခေါ်တာပဲ" လို့ အလုပ်သမားတစ်ဦးက ပြောဆိုလာပါတယ်။ 

လတ်တလောကာလမှာ မနက်နဲ့ညနှစ်ဆိုင်းခွဲအချိန်ပိုခေါ်ယူမယ်လို့ ပြင်ဆင်နေပြီးနေ့ခင်းအလုပ်သမားတွေကဖယ်ရီကားစီစဥ်ထားလို့ အဆင်ပြေပေမဲ့ ညဆိုင်းအလုပ်သမားတွေကိုတော့ ဖယ်ရီမစီစဥ်ပေးလို့အဆင်မပြေဘူးလို့ ဆိုပါတယ်။ 

" ခုလည်းမနက်တစ်ပတ်ည တစ်ပတ်လုပ်မယ်ကြားတယ်။ မနက်ပိုင်းလုပ်တဲ့သူတွေကျဖယ်ရီရှိပြီး  ညပိုင်းလုပ်တဲ့ သူတွေကျဖယ်ရီမရှိဘူး။ လိုင်းကားစီးပြီး.သွားရတာ။ အဲ့တာတွေကိုမကျေနပ်တာ။ အချိန်ပိုကလည်း ကျွန်တော်တို့မှတ်ထားတာတွေနဲ့  သူတို့မှတ်ထားတာတွေနဲ့ အ့မြဲတမ်းလွဲတယ်။ ပြောပြီးပြန်ရှင်းပေးပါဆို လည်း ပြန်မရှင်းပေးဘူး။ အောလင်းအောနိုက်ဆင်းပြီးရင်  မနက်၄နာရီပြန်လွှတ်တယ်။ မနက်၈နာရီအလုပ်ပြန်၀င်ရတယ်။ နိုက်ဆင်းရင်လည်း ည၁၂နာရီပြန်လွှတ်ရင် မနက်၈နာရီပြန်၀င်ရတယ်။ ဒီနေ့ဆိုရင်အောလင်းပါဆင်းရတယ်။ ကျွန်တော်တို့မှာတနင်္ဂနွေပိတ်ရက်မှာတောင် နားရက်မရှိဘူး။ တစ်ပတ်ကိုတစ်ရက်တော့နားရက်လိုချင်ပါတယ်" လို့ အလုပ်သမားကဆိုပါတယ်။ 

" တောက်လျှောက်အလုပ်တွေဆင်းနေရလို့ ကျန်းမာရေးပျက်ရင်လည်း ခွင့်မပေးဘူးအကုန်ဖြတ်တာပဲ။  အချိန်ပိုမဆင်းတဲ့အလုပ်သမားဆိုရင် အလုပ်ဖြုတ်ခံရတယ်။ ဒဲ့ကြီးဖြုတ်တာတော့မဟုတ်ဘူး။ အချိန်ပိုမ ဆင်းဘူးဆိုတာနဲ့ အဲ့ဒီအလုပ်သမားကိုပြဿနာရှာပြီးရအောင်ဖြုတ်တယ်။ စက်ရုံမှာWCC မရှိဘူး။ ခုလိုဖြစ်တာတွေကို မန်နေဂျာတို့ စူပါတို့ဆီတိုင်တယ် ဘာမှမထူးဘူး။ အလုပ်သမားရုံးတွေမှာတိုင်ရင်လည်း တိုင်တဲ့ရက်ပဲ နောက်ရက်ကျပြန်ခေါ်တာပဲ" လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

အဆိုပါစက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ အလုပ်သမား၅၀၀ ဖြင့် ဝယ်လွန်အနွေးထည်များ အမွှေးပွများချုပ်လုပ်ပြီး တရုတ်နိုင်ငံသို့တင်ပို့နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စက်ရုံကအမည်ပြောင်းလဲ လည်ပတ်လေ့ရှိတယ်လို့လည်း အလုပ်သမားထံကသိရပါတယ်။ 

ဒီစက်ရုံမှာတော့ SINSAY  စတဲ့အမှတ်တဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026