လုပ်သား ၂၀၀ ဝန်းကျင်လုပ်ကိုင်နေတဲ့ Fook Hing Paper Packaging စက်ရုံမှာ လုပ်သက်ခွင့်ကို ငွေကြေးနဲ့ လဲလှယ်ပေးပေမဲ့ လုပ်သက် ၂ နှစ်ပြည့်မှ ၁၀ ရက်အတွက် နှစ်ကြေးပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိမ်လမ်းမှာ လုပ်ငန်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်။
“တနင်္ဂနွေ(ရက်သတ္တပတ်) ပိတ်ရက်၊ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ ဒေးကြေး ၄၈၀၀ ပဲ ပေးထားတယ်။ ဝန်ကြီးဌာနပေးဖို့ ပြောထားတဲ့ ထောက်ပံ့ကြေး ၂၀၀၀ ကို မပေဘူး။ အချိန်ပိုကြေးလည်း မပေးဘူး။ လုပ်သက် တနှစ်ပြည့်ရင် (လုပ်သတ်ခွင့်) ၁၀ ရက်အတွက် ငွေကို ၂ နှစ်ပြည့်ပြီးမှ ရတယ်။ အလုပ်ထွက်သွားတဲ့ အလုပ်သမားကိုဆို စက်ရုံက ထုတ်မပေးဘူး။ ကျန်တဲ့စက်ရုံက အလုပ်သမားတွေလည်း ဒါကို မကျေနပ်ကြဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။
စနေနေ့မှာ တရက်လုံးလုပ်ကိုင်ရပေမဲ့ နေ့တပိုင်း အတွက် အချိန်ပိုကြေးကို စက်ရုံဘက်က မပေးသလို အလုပ်သမားတွေကို EC စာချုပ် ပေးမထားတာ၊ လုပ်ငန်းခွင်ညှိနှိင်းရေးကော်မတီ WCC ဖွဲစည်းမထားတာ၊ နေ့စား အလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်း ခန့်မပေးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“စက်ရုံကို မြန်မာနိုင်ငံသား မန်နေဂျာ အုပ်ချုပ်တယ်။ အလုပ်သမားကို EC စာချုပ်ကို လက်မှတ်ထိုးခိုင်းပြီး စာချုပ်ကို ဖတ်ခွင့်မပေးဘူး၊ လက်မှတ်ထိုးပြီးတာနဲ့ ပြန်သိမ်းသွားတယ်လို အလုပ်သမားတွေက ပြောပါတယ်။ စ WCC လည်း ဖွဲ့မထားတော့ လုပ်ငန်းခွင် အခက်အခဲကို မန်နေဂျာကို တိုက်ရိုက်ပြောရတယ်၊ အချိန်ပို မဆင်းနိုင် လို့ မန်နေဂျာကို ပြောရပြီဆို မလုပ်နိုင် အလုပ်ထွက်လို့ပဲ ပြောတာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံတွင် ဆေးပေးခန်း၊ သူနာပြု မရှိသလို ဆေးပစ္စည်းအနည်းငယ်ထားပေးပြီး လုပ်ငန်းခွင် ထိခိုက်မှုအတွက် ကိုယ်တိုင် ဆေးထည့်ရတယ်လို့ ဆိုပါတယ်။ နွေရာသီရောက်လို့ သောက်ရေမှာ ပူနေပြီး ထားရှိတဲ့ နေရာမှာ (သန့်စင်ခန်း)အိမ်သာနှင့် ၁၀ ပေလောက်သာ ကွာဝေးပြီး သန့်စင်ခန်းမှာလည်း အနံ့အသက်တွေ ထွက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
Fook Hing Paper Packaging စက်ရုံကို ၂၀၁၉ ခုနှစ်က DICA ရဲ့ ခွင့်ပြုချက်နဲ့ တည်ထောင်ထားတာဖြစ်ပြီး လုပ်ငန်းလည်ပတ်တာ ၇ နှစ် ဝန်းကျင်ရှိတဲ့ စက်ရုံဖြစ်ပါတယ်။
Photo- Google
NEWS
Fook Hing Paper Packaging စက်ရုံ လုပ်သက်ခွင့် ၂ နှစ်ပြည့်မှရပြီး၊ ပိတ်ရက်များအတွက် ထောက်ပံကြေး မပေး

517 Views
Related posts

Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026

S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026

Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026

Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026

Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026

Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026

Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026

စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026