NEWS

foodpanda ဝန်ထမ်းတယောက်ရဲ့ ရင်ဖွင့်စာ

CoverLogo
70K Views

11.11 Promotion ဆိုလို့ Foodpanda Company ရဲ့ Rider တွေအပေါ်ဘယ်လိုယုတ်မာနေလဲဆိုတာကို Customer တွေသိအောင် အားလုံးကိုသိအောင်ရှင်းပြချင်ပါတယ်။ 
စာလေးကနဲနဲရှည်နိုင်ပါတယ်၊ အဆုံးထိဖတ်ကြည့်စေချင်ပါတယ်ခင်ဗျ။

ပထမဆုံးစပြောချင်တာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကအောက်ကပုံမှာပါတဲ့ Rider အကို Foodpanda နင်းနေရင်းအလုပ်အချိန်အတွင်းမှာပဲ ကားနဲ့တိုက်ခံရပီး accident ဖြစ်ပြီးဆုံးပါသွားပါတယ်။

တကယ်ဆို Foodpanda Uniform ပါဝတ်ထားပီး အလုပ်လုပ်နေတဲ့အချိန်မှာ ဆုံးပါးသွားတဲ့အတွက် Company မှာတာဝန်အပြည့်အဝရှိပါတယ်။

ဒါပေမဲ့ Foodpanda Company ကတာဝန်ယူပါသလားလို့မေးရင် လုံးဝတာဝန်မယူပါဘူးလို့သိရပါတယ်။ သူတို့Foodpanda Company က Rider ကြောင့်ရပ်တည်နေတာပါ။ အဲ့တာကိုအခုလို သူတို့အတွက်အလုပ်လုပ်ပေးနေကြတဲ့ Rider တွေအသက်သေဆုံးသွားတဲ့ အခါမျိုးမှာတောင် လုံးဝတာဝန်ယူမှုမရှိပါဘူး။ မင်းတို့အသုံးမကျလို့ ကားတိုက်ခံရတာ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့အထာပါ။ 
တော်တော်ကိုမိုက်ရိုင်းလွန်းပါတယ်။

ဒါတင်တာဝန်မယူတာလားဆိုတော့မဟုတ်ပါဘူး။ COVID First wave/Second wave တုန်းကလဲ Rider တွေဆီကနေ ဓားနဲ့ထောက်ပီးလုတာမျိုးတွေကြုံတွေ့ကြရပါတယ်။ အဲ့လိုအလုခံရတော့လဲ ရုံးကမင်းတို့အသုံးမကျလို့အလုခံရတာပဲဆိုတဲ့အထာမျိုးနဲ့ အလုခံရတဲ့ပိုက်ဆံတွေက Rider လေးတွေကပဲ စိုက်လျော်ရပါတယ်လို့ ကြားသိရပါတယ်

နောက်ပီးရှိပါသေးတယ် ၊ ကျွန်တော့အသိ Rider လေးတစ်ယောက်အလုပ်ချိန်မှာပဲ ကားနဲ့ငြိပီး ဆေးရုံတင်လိုက်ရပါတယ်၊ အဲ့တာကိုလဲတာဝန်ယူခဲ့လားဆိုတော့ ဆေးရုံကိုတောင်လာကြည့်ဖော်မရပါဘူး။

တစ်ခုရှိပါသေးတယ်။ ဟိုတစ်လောက Foodpanda ကကောင်လေးတစ်ယောက် စကစ တွေဖမ်းသွားတဲ့သတင်း တော်တော်များများကြားမိမယ်ထင်ပါတယ်။ အဲ့ကောင်လေးတုန်းကလဲ အလုပ်ချိန်ကြီးကိုအဖမ်းခံရတာပါ၊

အဲ့လိုအဖမ်းခံရတော့ လာဖြေရှင်းပေးဖို့မပြောနဲ့ ပြန်လွတ်လာတာတောင် အဆင်ပြေလားညီလေးဆိုပီး လာမေးဖော်မရပါဘူးလို့ အဲ့ကောင်လေး Acc မှာတင်ထားပါတယ်။

ဒီအကြောင်းအရာတွေအကုန်လုံးက ကျွန်တော်သိတဲ့အကြောင်းအရာအချို့ပဲရှိပါသေးတယ်၊ Foodpanda တာဝန်မခဲ့ယူတဲ့ အကြောင်းအရာတွေ Rider လေးတွေကို လူလိုမဆက်ဆံပဲ လူ့အခွင့်ရေးချိုးဖောက်တာတွေအများကြီးရှိနေနိုင်ပါသေးတယ်။

နောက်ဆုံးပြောချင်တာကတော့ Foodpanda Company ကတော်တော် တာဝန်ယူမှုကင်းမဲ့ပီးတော့ Rider တွေအပေါ်တော်တော်ရက်စက်တဲ့ Company ပါပဲ။ 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026