NEWS

Food Panda rider များနဲ့ တာဝန်ရှိသူတို့ ယနေ့တွေ့ဆုံဆွေးနွေးသွားမယ်လို့ဆို

CoverLogo
1.1K Views

လက်ရှိ ဖြစ်ပေါ်နေတဲ့ Food Panda အစားအသောက်ပို့ဆောင်တဲ့ rider တွေအနေနဲ့ သူတို့ရဲ့ အော်ဒါကြေးပြောင်းလဲသတ်မှတ်သည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး  rider  တွေနဲ့ စားသုံးသူတွေကပါ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်နေတာပါ။

Food Panda တာဝန်ရှိသူတွေကတော့ system error ဖြစ်တာကြောင့်လို့ အကြောင်းပြထားပြီး rider တွေ ရရှိတဲ့ ဝင်ငွေဟာ တစ်လကို ၃ သိန်းကျော်ရှိနေပြီး အနည်းဆုံးအခကြေးငွေထက်များတယ်လို့ ဆိုပါတယ်။

ယနေ့ နေ့လည် ၂ နာရီဝန်းကျင်မှာတော့ rider တွေနဲ့ ရုံးချုပ်ကတာဝန်ရှိသူတွေ တွေ့ဆုံကာညှိနှိုင်းသွားမယ်လို့ rider တွေက Myanmar Labour News ကိုပြောပါတယ်။

"အခုလက်ရှိမှာတော့ ကျတော်တို့ခေါင်းဆောင်ပိုင်း ၁၀ ယောက်နဲ့  ဒီနေ့ခင်း ၂ နာရီမှာ သွားတွေ့ဖို့ရှိပါတယ်ခဗျ  ကျနော်တို့လိုချင်တာတွေနဲ့သူတို့ကို သွားပြီးတော့ ညှိနှိုင်း ဖို့ရှိပါတယ် ကျတော်တို့လိုချင်တာနဲ့ သူတို့ပေးနိုင်တာနဲ့ ပြန်ညှိမှာပေါ့ အဲ့လိုမျိုးပါ ၊ အခု rider ၁၀ ယောက်ကိုရွေးချယ်ထားပါတယ်။ ကျတော်တို့ လုံခြုံမှုကို အာမခံချက် တောင်းပြီးသားပါဗျ"လို့ သွားရောက်တွေ့ဆုံမယ့်အထဲမှာပါ ဝင်မယ့် rider တစ်ဦးက ဆိုပါတယ်။

ယခုလိုသွားရောက်တွေ့ဆုံ ညိနှိုင်းတဲ့ရလာဒ်ပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်သင့်တဲ့အရာတွေကို rider တွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

Food Panda အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းက မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၉ မြို့ မှ စားသောက်ဆိုင်ပေါင်း ၃၀၀၀၀ ကျော်နဲ့လက်တွဲလုပ်ဆောင်နေပြီး အစားအသောက်ပို့ဆောင်ပေးသူ rider ၈၀၀၀ ကျော်ကို အလုပ်အကိုင်ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026