NEWS

Food panda ဘက်က အော်ဒါကြေး တိုး မပေးမချင်း မန္တလေးနဲ့ မုံရွာက Riders တွေ အလုပ်မဆင်းဟုဆို

CoverLogo
1.3K Views

Foodpanda ကနေရှင်းပေးတဲ့ အော်ဒါကြေး‌ကို အလွန်အမင်း နှိမ့်ချလိုက်တာကြောင့် မန္တလေးနဲ့ မုံရွာက riders တွေဟာ အလုပ်မဆင်းဘဲ အော်ဒါကြေး တိုးမြှင့်ပေးဖို့ ဆန္ဒပြပြီး တောင်းဆိုနေကြပါတယ်။

Foodpandaမှာ အလုပ်လုပ်ရတဲ့ သယ်ယူပို့ဆောင်သူတွေဟာ လခစားအနေနဲ့ အလုပ်လုပ်ကိုင်ရတာ မဟုတ်ဘဲ  သယ်ယူပို့ဆောင်ပေးရတဲ့အပေါ် အော်ဒါကြေး‌အနေနဲ့သာ ရရှိတာဖြစ်တယ်လို့ သိရပါတယ်။
ယခင်က အနိမ့်ဆုံးအော်ဒါကြေး တခေါက်ကို ၆၅၀ကျပ်အထိ ရရှိခဲ့ပေမယ့် လတ်တလောမှာ တခေါက်စာ အနိမ့်ဆုံး အော်ဒါကြေးကို ၃၃၀ကျပ်သာ ပေးတော့တယ်လို့ သိရပါတယ်။

လတ်တလောမှာ စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာသလို၊ ဆိုင်ကယ်နဲ့ သယ်ယူပို့ဆောင်ရသူတွေအနေနဲ့ ဆိုင်ကယ်အတွက် အထွေထွေ အသုံးစားရိတ်၊ ဆီဖိုး ဖုန်းဘေလ်ကိုပါ အိတ်စိုက်ပြီး အလုပ်လုပ်ရတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှ Food panda ရဲ့ သယ်ယူပို့ဆောင်သူ တစ်ဦးက "ကျွန်တော်တို့အနေနဲ့ပြန်တွက်မယ်ဆိုရင် ဆိုင်ကယ်ပြင်စားရိတ်တွေရော၊ ဆိုင်ကယ်အင်ဂျင်ဝိုင်ဖိုးတွေအပြင် ဆီဈေးနှုန်းတွေ၊ ဖုန်းဘေလ်ဖိုးတွေကလည်း ကျွန်တော်တို့ကို သူတို့က မပေးဘူးခင်ဗျ၊ကျွန်တော်တို့ ကိုယ့်အိတ်ထဲကပဲ ကိုယ်စိုက်ရတာပေါ့နော်၊ အဲ့ဒါကို ကျွန်တော်တို့ကိုကျတော့ တစ်ကြောင်း တစ်ကြောင်းကို ၃၃၀တန်လေးတွေ၊ ၃၀၀ကျော်တန်လေးတွေ ပေးပြီးတော့မှ ဆယ်ပြကျော်လောက်တွေ ဘာတွေ အဲ့လိုမျိုး သွားပို့ရတယ်၊ ကျွန်တော်တို့အတွက် လုံးဝ မကိုက်တော့လို့ပါ၊ ရုံးကို အေးအေးဆေးဆေးလေး တင်ပြတယ် ကျွန်တော်တို့က၊ ပြဿနာကိုပြေလည်အောင် ဖြေရှင်းပေးဖို့ပြောပါတယ်၊ ဒါပေမယ့် ရုံးက ခုချိန်ထိကို ဘာမှ မထူးခြားဘဲနဲ့ ကျွန်တော်တို့ကို ဘာမှ လုပ်မပေးသေးလို့ပါ"လို့ပြောပါတယ်။

အခုလို ဆန္ဒပြတောင်းဆိုနေပေမယ့် Food panda ဘက်ကတော့ ချက်ခြင်းဖြေရှင်းပေးတာ မရှိသေးပဲ ‌သယ်ယူပို့ဆောင်သူ အသစ်တွေကိုပဲ ဆက်လက် ခေါ်ယူ ခိုင်းစေနေတယ်လို့ သိရပါတယ်။

မုံရွာမြို့မှ Food panda ရဲ့ သယ်ယူပို့ဆောင်သူ တစ်ဦးက "မုံရွာမှာတော့ အချိန် တပတ်စောင့်ခိုင်းတယ်၊ တပတ်စောင့်ခိုင်းပြီး ဖြေရှင်းပေးမယ်လို့ပြောပေမယ့် မနေ့က ကျွန်တော်တို့ရုံးမှာတိုင်ပင်ကြတယ်၊ ဆွေးနွေးကြတယ်၊ ဒါပေမယ့် ဒီနေ့ပဲ သူတို့ လူသစ်တွေ ဆက်ခန့်ပစ်တယ်ပေါ့နော်၊ လူသစ်တွေဆိုတော့ကျ ဘာမှတော့ မသိဘူးပေါ့၊ သူတို့ ပေးတဲ့ဈေးနဲ့ပဲ ဆွဲကြရမယ်ပေါ့"လို့ပြောပါတယ်။

ဆန္ဒပြ‌သူတွေအနေနဲ့ Batch  4 ၊အခြေခံ delivery ကြေး ၆၇၀ နဲ့ ၁ ကီလိုမီတာကို ၁၅၀ မရမချင်း အလုပ်မဆင်းဘူးလို့ ဆိုပါတယ်။အခုတောင်းဆိုတဲ့ နှုန်းထားဟာ Food panda Company ဘက်ကလည်း မနစ်နာနိုင်သလို ၊ rider တွေ အနေနဲ့လည်း  လုပ်ပျော်နိုင်တဲ့ delivery ကြေး ဖြစ်တယ်လို့ ဆိုပါတယ်။

Food panda အနေတဲ့  စားသုံးသူတွေထံကနေ delivery ကြေး ၂၅၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ ကကောက်ခံနေပေမယ့် ၄င်း delivery နှုန်းထားကို သယ်ယူပို့ဆောင်သူ‌တွေ မရရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဆိုင်ကယ်နဲ့ သယ်ယူပို့ဆောင်ရသူတွေအနေနဲ့ ယာဉ် မတော်တဆဖြစ်မှုတွေကိုလည်း ကိုယ်တိုင်ကုသရပြီး ကုမ္ပဏီဘက်က တာဝန်ယူတာ မရှိဘူးလို့ ဆိုပါတယ်။

လုပ်ငန်းကိစ္စ အဆင်မပြေမှုတွေအတွက် ဦးဆောင်တောင်းဆိုသူတွေကိုလည်း အော်ဒါချမပေးတာ၊ အချိန်မပေးတာတွေ လုပ်ဆောင်နေပြီး အလုပ်ထွက်သွားသူတွေ ရှိတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာတော့ Food panda ရဲ့ သယ်ယူပို့ဆောင်သူ တစ်ရာကျော်ရှိပြီး လက်ရှိမှာ အားလုံးနီးပါး အလုပ်မဆင်းဘူးလို့ သိရပါတယ်။

မုံရွာမြို့မှာတော့ သယ်ယူပို့ဆောင်သူ ၈၀ခန့်ရှိခဲ့ပေမယ့် လတ်တလောမှာတော့ ၃၀ခန့်ကသာ သယ်ယူပို့ဆောင်ပေးနေပြီး လက်ရှိမှာ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

တောင်းဆိုမှုတွေ အဆင်မပြေမချင်း အလုပ်ဆင်းမှာ မဟုတ်ဖူးလို့ သယ်ယူပို့ဆောင်သူတွေက ဆိုပါတယ်။
 

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026