NEWS

Food Panda ကုမ္ပဏီကိုရန်ကုန်က Rider သမားတွေအလုပ်မဆင်းဘဲ သပိတ်မှောက်

CoverLogo
4.2K Views

ဒီကနေ့မနက်ပိုင်းလောက်ကစပြီး Food Panda  ကုမ္ပဏီကRiderတွေကိုအကြောင်းမကြားဘဲ Rider ကြေးတွေအဆမတန်လျော့ချဖြတ်တောက်လိုက်တဲ့အပေါ်ရန်ကုန်က riderတွေက အလုပ်မဆင်းဘဲ ကန်ရိပ်သာလမ်းပေါ်မှာရှိတဲ့ရုံးချုပ်ရှေ့မှာစုရုံးဆန္ဒပြဖို့ပြင်ဆင်နေကြတယ်လို့သိရပါတယ်။

"rider တွေအပေါ်မအလဆန်ဆန်လုပ်နေပါတယ် ခါတိုင်းက မော်တင်ကနေ ဆူးလေကို တစ်ထောင်ကျော်ရပါတယ် ယခုအချိန်မှာ ၅၀၀ကျော် ၆၀၀ကျော်လေးတွေသာရပါတော့တယ် ရုံးဘက်ကိုပြောတဲ့အခါမှာဆိုရင် တစ်ဌာနနဲ့တစ်ဌာလွှဲလွှဲချတာမျိုးလုပ်ပါတယ်  စကားပြောအဆင်မပြေဖြစ်လာတဲ့အခါမျိုးမှာဆိုရင်တိုင်ချင်တဲ့နေရာတိုင် လို့ပြောလာပါတယ် အခုလိုချိန်မျိုးမှာကျွန်တော်တို့ rider တွေကဘယ်သူ့ကိုသွားပြီးတိုင်ရမှာလဲ"လို့လက်ရှိလုပ်ကိုင်နေတဲ့ Rider တဦးက MLNကိုပြောပါတယ်။

ဒါ့အပြင် Food Panda ရုံးဖက်မှ ယခုလိုအာဏာသိမ်းကာလကိုအခွင့်ကောင်းယူ၍ customer ဘက်မှပို့ဆောင်ခ free ဟုပြောဆိုကာ  ပို့ဆောင်ခတွေယူပြီး system error ဖြစ်လို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ customer တွေဆီကနေလဲ ပိုက်ဆံတွေ တောင်းယူတာတွေရှိနေတဲ့အပြင် rider တွေဆီကလဲ ၁၀၀၀ တန်ပေးရမဲ့နေရာတွေကို ၈၀၀ ၇၀၀ကျော်သာပေးနေတယ်လို့Riderတွေရဲ့ပြောကြားချက်အရသိရပါတယ်။

"Rider ကြေးကိုပြောင်းလဲသတ်မှတ်မယ်ဆိုရင် rider တွေကိုအရင်ဆုံးအကြောင်းကြားရမယ်ဆိုတာကိုစာချုပ်မှာပါပေမယ့်တစ်ခါမှကြိုတင်အကြောင်းကြားခြင်းမျိုးမရှိပါဘူး စာချုပ်ဆိုတာကလဲ 2008 ဖွဲ့စည်းပုံနဲ့မည်သို့မျှမကွာပါဘူး သူတို့ဘက်ကိုဘဲအပိုင်ရေးထားတာပါ Foodpanda ရုံးကအရင်ကအခုလိုမျိုးမဟုတ်ပါဘူး door to door မှရောက်လာတဲ့လူတစ်ချို့နဲ့ အာဏာသိမ်းထားသောယခုကာလမှအခုလိုတွေဖြစ်နေတာပါ"လို့ ရန်ကုန်ကRiderသမားတဦးကဆက်ပြောပါတယ်။

Food panda မှ Riderသမားတဦးလျှင်တနေ့ကို ၃၀၀ ကနေ ၄၀၀ကျပ်ကြားဖြတ်တောက်ခံနေရပြီးသတ်မှတ်ဇုန်တခုလျင် Rider သမား ၄၀၀ လောက်ရှိနေတဲ့အတွက် အော်ဒါရဖို့ကြပ်ကြပ်တည်းတည်းလုပ်ကိုင်နေရတယ်လို့လည်းသိရပါတယ်။

" အခုလိုကုန်စျေးနှုန်းတွေတက် အဆင်မပြေအလုပ်ကိုင်ရှားပါးနေချိန်မှာ အခုလိုလုပ်နေတာတွေဟာလူမဆန်သလိုပါဘဲ ကျွန်တော်တို့အခုလုပ်ကိုင်နေတဲ့ account တွေကလဲ ရုံးကို ၈၅၀၀၀ သွင်းထားပြီး လုပ်ကိုင်ရတာပါ ရုံးဘက်မှအကောင့်များပိတ်ချလိုက်ပါက ကျွန်တော်တို့ပေးထားတဲ့ ၈၅၀၀၀ကလဲပြန်မရတော့ပါဘူး လူဟောင်းတွေမှယခုလိုကိစ္စများကိုရုံးကိုပြောရင် orderမချပေးတာမျိုးအကောင့်ပိတ်ပစ်တာမျိုးတွေလုပ်ပါတယ် " လို့ အလုပ်သမားတဦးကထပ်ပြောပါတယ်။

လက်ရှိမှာကုမ္ပဏီဖက်က rider လူဟောင်း တွေကို အော်ဒါတွေ ပြည့်ဝစွာမချပေးနိုင်ဘဲ rider အသစ်တွေခေါ်ယူနေတာမျိုးလုပ်နေပြီးတော့ လူသစ်ကြေး၈၅၀၀၀ ရရှိရေးသာလုပ်ဆောင်နေတဲ့အတွက် Riderသမားတဦးမှာတနေ့လျင်အော်ဒါ ၆ ကြောင်းလောက်သာပို့ဆောင်နေရတယ်လို့သိရပါတယ်။

အခုလိုRiderကြေးတွေအဆမတန်ဖြတ်တောက်နေတဲ့အပေါ်Riderတွေက မကျေနပ်တဲ့အတွက် Riderတွေအတွက်ထားပေးထားတဲ့ App ကို Log out လုပ်ပြီးအလုပ်မဆင်းပဲ ရုံးချုပ်မှာသွားရောက်ညှိနှိုင်းဖို့ပြင်ဆင်နေကြပေမယ့်ရုံးဖက်ကတော့အခုအထိဖြေရှင်းချက်မပေးသေးဘူးလို့သိရပါတယ်။

ယမန်နေ့ကလဲမန္တလေးကFood Panda Rider တွေဟာလဲအခုလိုRiderကြေးအဆမတန်ဖြတ်တောက်ခံရတဲ့အတွက်အော်ဒါမပို့ဆောင်တော့ပဲသပိတ်မှောက်နေကြပါတယ်။

Food Pand အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်ဝန်းပျင်လောက်ကမှမြန်မာပြည်ကိုရောက်ရှိလာတဲ့ဂျာမဏီအခြေစိုက်အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီတခုဖြစ်ပြီးအာဏာသိမ်းစစ်တပ်ရဲ့စစ်ခေါင်းဆောင်တွေပိုင်ဆိုင်တဲ့စားသောက်ကုန်လုပ်ငန်းများနဲ့လဲချိတ်ဆက်ဆောင်ရွက်မှု့တွေရှိနေပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026