NEWS

FOA ချိုးဖောက်တဲ့အပေါ် ဖြေရှင်းပေးဖို့ Dishang Fashion (Myanmar) အလုပ်သမားတွေဆန္ဒဖော်ထုတ်

CoverLogo
436 Views
 
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် မင်းကြီးမဟာ မင်းခေါင်လမ်းမှာဖွင့်လှစ်ထားတဲ့ Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေအပေါ်ဖိနှိပ် ဖို့အတွက် WCC အလုပ်သမားကိုယ်စားလှယ်တွေကို စက်ရုံဘက်မှ ထောက်ပံ့ကြေးပေးကာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကိုချိုးဖောက်ခဲ့လို့ ဖြေရှင်းပေးဖို့ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေပါတယ်။
 
အလုပ်သမား ၉၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ အဆိုပါ တရုတ်နိုင်ငံသားပိုင်စက်ရုံမှာ ONLY, BESTSELLER အမှတ်တံဆိပ် အင်္ကျီနှင့်ဘောင်းဘီထည်တွေ ချုပ်လုပ်နေတာဖြစ်ပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC သာဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
 
"WCC အလုပ်သမားကိုယ်စားလှယ်တွေကို ၂၀၂၄ ဇွန်လမှာ အလုပ်သမားတွေက အမည်စာရင်းတင်ပေးခဲ့တာပါ နောက်ပိုင်းမှာ စည်းကမ်းထိန်းသိမ်းရေးဆိုတဲ့ရာထူးယူပြီး ဖိနှိပ်တာတွေလုပ်တယ်။ အလုပ်သမားတွေက မကြိုက်တော့ ပြန်လည်ရွေးချယ်ပေးဖို့ ပြောပေမယ့် အလုပ်ရှင်ဘက်က အရေးမစိုက်ခဲ့ဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
အဆိုပါ အလုပ်သမားကိုယ်စားလှယ် ၃ ဦးကို ၂၀၂၄ ခုနှစ် ၈ လပိုင်းမှ စပြီး စက်ရုံမှ လစဉ်ထောက်ပံ့ကြေး တစ်ဦးလျင် ၃ သိန်းကျပ်နှုန်းဖြင့် လစဉ်ပေးချေခဲ့တာနဲ့ ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေဘက်က ဖြေရှင်းပေးဖို့ စာနဲ့ တောင်းဆိုခဲ့ရာ စက်ရုံကငွေပေးချေတာမရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။
 
"ဇွန်လ ၁၀ ရက်နေ့က BESTSELLER ဘက်ကလည်း စက်ရုံက အလုပ်သမားတွေကို ပိုက််ဆံပေးလို့ရတယ်ဆိုပြီးပြောတယ် ၊ အလုပ်သမားတွေက သက်သေအထောက်အထားတွေရှိတယ်ပြောတော့ စွတ်စွဲတဲ့သူတွေကို အရေးယူမယ်ဆိုပြီးပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
"ဇွန် ၁၂ ရက်နေ့မှာ စက်ရုံကို Made in Myanmar Smart Factories က လူတွေလာပြီး မေးတော့ ဒီလိုလွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ချိုးဖောက်ပြီး WCC ကို ငွေပေးပြီး အလုပ်သမားတွေကို ဖိနှိပ်တဲ့အကြောင်းပြောတော့ အဖြေပေးမယ်လို့ ပဲပြောသွားပြီး သေချာ ဆွေးနွေးအရေးယူတာမျိုးမလုပ်ပေးဘူး ဒီနေ့လည်း ထပ်လာသွားတယ်"လို့ အလုပ်သမားက ဆက်ပြောပါတယ်။
 
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းထားတယ်လို့ ဆိုပါိတယ်။
 
လက်ရှိမှာ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုနေတာဖြစ်ပြီး
 
၁။ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာညှိနှိုင်းအရေးဆိုခွင့်ကို ချိုးဖောက်သည့်အပြင် မလျော်သြဇာသုံး၍ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့သည့် စက်ရုံတာဝန်ခံများကို အရေးယူပေးရန်နှင့် ၎င်းကိစ္စအား စက်ရုံသူဌေးမှ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရန်။ (အလုပ်သမားဥပဒေနှင့် EC စာချုပ်နှင့်အညီ၊ သဘောတူစာချုပ် များနှင့်အညီ
 
၂။ လာဘ်ပေးလာဘ်ယူလုပ်ခဲ့သည့် အလုပ်သမားကိုယ်စားပြုကိုယ်စားလှယ်များကို အရေးယူပေး ရန်နှင့် (အလုပ်သမားဥပဒေနှင့် EC စာချုပ်နှင့်အညီ၊ သဘောတူစာချုပ် များနှင့်အညီ)
 
၃။ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီကို ပြန်လည်၍ ရွေးချယ်မှု ပြုလုပ်ပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026