NEWS

FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် "

CoverLogo
276 Views
 
ရာသီသွေးလာစဉ် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း၊ အလုပ်ခွင်မှ ခွင့်ရက်မရဘဲ အံကြိတ်လုပ်ကိုင်နေရသည့် အမျိုးသမီးတစ်ဦး၏ အခြေအနေကို မြင်ယောင်ကြည့်ပါ။ ဒီအခြေအနေ ဟာ အရှေ့တောင်အာရှနှင့် တောင်အာရှတစ်လွှားရှိ အထည်ချုပ်အမျိုးသမီး အလုပ်သမားထောင်ပေါင်း များစွာနေ့စဉ်ရင်ဆိုင်နေရသည့် ခါးသီးသော အရှိတရားပင် ဖြစ်သည်။
 
အထူးသဖြင့် လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက အာဏာသိမ်းမှုဒဏ်နှင့် အာဏာရှင်စနစ်အောက်ရောက် ရှိနေသည့် မြန်မာနိုင်ငံတွင် အမျိုးသမီးအလုပ်သမားများသည် ပိုမိုဆိုးရွားသည့် အခြေအနေများနှင့် ရင် ဆိုင်နေရသည်။ တစ်ပတ်လျှင် ၆ ရက်၊ တစ်နေ့လျှင် ၁၀ နာရီမှ ၁၂ နာရီအထိ အချိန်ပို (OT) ဆင်းနေ ရသော်လည်း လုပ်ငန်းခွင်အတွင်း လုံလောက်သော တစ်ကိုယ်ရည်သန့်ရှင်းမှု အစီအမံများ လုံးဝမရှိပါ။ ညစ်ပတ်သောအိမ်သာများ၊ သန့်ရှင်းမှုမရှိသောရေ၊ လက်ဆေးရန် ဆပ်ပြာမရှိခြင်းနှင့် လစဉ်သုံးပစ္စည်း စွန့်ပစ်ပုံးများ မလုံလောက်ခြင်းတိုအပြင်၊ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ခြင်းတိုသည် အမျိုးသမီး အလုပ်သမားများ၏ ဘဝကို ခြိမ်းခြောက်လျက်ရှိသည်။
 
ယနေ့ခေတ်တွင် တစ်နေ့လုပ်အားခမှာ ကျပ် ၁၀,၀၀၀ ပင် မပြည့်သော်လည်း၊ လစဉ်သုံးဂွမ်းထုပ် (Pad) တစ်ထုပ်၏ ဈေးနှုန်းမှာ ၃,၅၀၀ ကျပ်မှ ၄,၅၀၀ ကျပ်အထိ အဆမတန် မြင့်တက်နေပါသည်။ထိုကြောင့် အမျိုးသမီးအလုပ်သမားအချိုမှာ စက်ရုံမှ ပိတ်စအကြွင်းအကျန်များကိုသာ အစားထိုးအသုံးပြု နေရ ပြီး၊ ထိုမှတစ်ဆင့် မိန်းမကိုယ်ယားယံခြင်းနှင့် ပိုးဝင်ခြင်းဝေဒနာများကို မကြာခဏ ခံစားနေရသည်။ ဓမ္မတာလာစဉ် နာကျင်မှုကို အသိအမှတ်မပြုဘဲ အလုပ်စံချိန် (Target) တောင်းမှုများအောက်တွင် အလုပ်ဝန်ပိနေခြင်းမှာလည်း လူသားမဆန်သော ဖိနှိပ်မှုတစ်ခု ဖြစ်သည်။
 
ကမ္ဘာပေါ်ရှိ စပိန်၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်နှင့် ဂမ်ဘီယာနိုင်ငံတိုတွင် "ရာသီသွေးခွင့်ရက်" (Period Leave) ကို ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အတွက် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်းထိုအခွင့် အရေးကို သတ်မှတ် မပေးနိုင်စရာ အကြောင်းမရှိပါ။
 
ကျွန်ုပ်တို့၏ တောင်းဆိုချက်များသည် အလုပ်သမားများကို ခေါင်းပုံဖြတ်၍ အကျိုးအမြတ်ရယူနေသော စက်ရုံလုပ်ငန်းရှင်များနှင့် အထည်ချုပ်ကုန်အမှတ်တံဆိပ် (Brands) များကို တိုက်ရိုက် ဦးတည်သည်။ ကုန်အမှတ်တံဆိပ်များအနေဖြင့် မိမိတို အော်ဒါ အပ်နှံ ထား သော စက်ရုံများတွင် အောက်ပါအချက်များကို မဖြစ်မနေ အာမခံချက်ပေးရန် တောင်းဆိုသည်။
 
ကျွန်ုပ်တို အမျိုးသမီးကော်မတီ (FGWM) ၏ တောင်းဆိုချက်များ
၁။ လုပ်ငန်းခွင်တွင် အမျိုးသမီးလစဥ်သုံးပစ္စည်းများ (ဓမ္မတာလာစဥ် အသုံးပြုပစ္စည်းများ) အား အခမဲ့ ထားရှိပေး (သို ) လစဥ်သုံး ပစ္စည်းစရိတ်ဖိုးအား ဘောနပ်အနေဖြင့် လစာထပ်ဆောင်း တွက် ချက်ပေး။
၂။ အမျိုးသမီးအလုပ်သမားများအား ဓမ္မတာလာစဥ် ကာလများတွင် လစာအပြည့်ဖြင့်ခွင့်ရက်ပေး။
၃။ အမျိုးသမီးအလုပ်သမားများအား ကိုယ်ဝန်ဆောင်စဥ်နှင့် ဓမ္မတာလာစဥ်ကာလများတွင် အလုပ်ဝန်လျော့ပေါ့ပေး ၊တစ်ဖက်သက်စံချိန်တောင်းခြင်းအားရပ်တန့်ပေး။
၄။ လုပ်ငန်းခွင်က အမျိုးသမီးအလုပ်သမတွေအတွက် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး ၊ ရာသီသွေးလာချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုပေး။
၅။ သန္ဓေတား သားဆက်ခြားရန်လိုအပ်ချက်အတွက် အပိုလစာထပ်ဆောင်းပေး။
၆။ အိမ်သာများ ၊ သောက်ရေ ၊လက်ဆေးဆပ်ပြာနဲ့ လစဥ်သုံးစွန့်ပစ်ပစ္စည်းအမှိက် ပုံးများ သန့်ရှင်း မှုရှိနေစေ‌ရေး လုပ်ဆောင်ပေး။
၇။ အိမ်သာသွားချိန်ကို အချိန်ကန့်သတ်ခြင်း ၊ ကတ်စနစ်များဖြင့် ကန့်သတ်ခြင်းများကို လုံးဝ မရှိစေရ။
"နိုင်ငံ၏ အရွေ့တိုင်းတွင် အမျိုးသမီး အလုပ်သမားထုသည် ရှေ့တန်းမှ ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ပါဝင်ခဲ့ကြသည်။" သိုသော် ယနေ့အချိန်တွင် အမျိုးသမီးဖြစ်မှု သဘာဝအရ ရာသီသွေးပြဿနာကို ဖြေရှင်းရန်ပင် ခက်ခဲနေသည့် အခြေအနေသည် ကျန်းမာရေးရှုထောင့်အရ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေသည်။
ဖိနှိပ်ခံနေရသော အမျိုးသမီးအလုပ်သမားထုနှင့် အမျိုးသမီးတိုင်းအတွက် ဂုဏ်ပြုသောအားဖြင့်၊ သူတို၏ အခြေခံလိုအပ်ချက်များကို တောင်းဆိုရန် လာမည့် မတ်လ (၈) ရက်နေ့တွင် ပြုလုပ်မည့် Online Campaign ၌ အတူတူ အသံထွက်ကြရန် ဖိတ်ခေါ်အပ်ပါသည်။
မိဘပြည်သူများနှင့် အလုပ်သမား ညီအစ်ကို မောင်နှမများအနေဖြင့် အထက်ပါ တောင်းဆိုချက် စာသားများနှင့်အတူ ဓာတ်ပုံရိုက်ပြီး မတ်လ (၈) ရက်နေ့တွင် မိမိတို၏ Facebook အကောင့်များ သိုမဟုတ် FGWM ၏ Facebook Page Messenger သို ပေးပိုကာ ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
ပြည်တွင်းပြည်ပရှိ သမဂ္ဂရဲဘော်များ၊ မဟာမိတ်အဖွဲများနှင့် အမျိုးသမီးအဖွဲအစည်းများ အနေဖြင့် လည်း ကျွန်ုပ်တို၏ တောင်းဆိုချက်များကို သွေးစည်းညီညွတ်စွာဖြင့် ထောက်ခံဝန်းရံပေးကြပါရန် အလေးအနက် တောင်းဆိုပါသည်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026