NEWS

Feng Teng Garment စက်ရုံလုပ်သားများ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ

CoverLogo
586 Views
 
Feng Teng Garment Co.Ltd အထည်ချုပ်စက်ရုံ က အထည်စံချိန်တွေ တောင်းဆိုပြီး အရေအတွက် မပြည့်ပါက တရုတ်အမျိုးသမီးက ဆဲဆိုတာကြောင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံနေရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်ရှင်က အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ အထည်စံချိန် အရေအတွက်ကို မတရားတောင်းနေတာ။ တောင်းတဲ့ စံချိန့် မပြည်ရင် တရုတ်အမျိုးသမီးက အော်ဟစ် ဆဲတယ်။ နေတိုင်းကို စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတယ်။ ဒီလို ပြောတာတင်မဟုတ်ဘူး။ အောစူပါတွေက ဆို စံချိန်အပြည့်မပေးနိုင်ရင် စက်ရုံလာ လုပ်မစားနဲ့ -ာသယ်လုပ်စားကြလို့ ပြောတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
အလုပ်သမားတွေကို အလုပ်ခန့်ပြီး လည်ဆွဲကဒ်ကို လနဲ့ချီမပေးဘဲ့ နေ့စားလုပ်သားမျိုး ခိုင်းစေတာကြောင့် အလုပ်သမားတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စနေနေ့ဆိုရင်အမြဲတမ်း ည၇◌း၃၀ထိ အချိန်ပိုအိုတီဆင်းပေးရခြင်း၊ အလုပ်သမားများမှာ ည၇နာရီခွဲအထိ အချိန်ပိုအိုတီမဆင်းချင်သော်လည်း ဆင်းပေးနေရခြင်းကို အလုပ်သမားတွေကို ဒေကြေး၊ထောက်ပံ့ကြေး၊ ကျွမ်းကျင်ကြေး ပေါင်းပြီး A အဆင့် ပ ၁၁၈၀၀၊ Bအဆင့် ၁၀၈၀ကျပ်၊ Cအဆင့် ၉၈၀၀ကျပ် လို့ သတ်မှတ်ပေးပြီး ရက်မှန်ကြေးကို ကျပ် ၄၀၀၀၀ ပေးထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ဒီလို သတ်မှတ်ထားလဲ Aအဆင့် အလုပ်သမားများက အများကြီးမရှိဘူး၊ ပေးချင်တာက A အဆင့် အများကြီး မပေးဘူး။ ခွင့်ရက်ဆို ဘာမှ မရတာ။ အလုပ်ပျက်တယ်ဆိုပြီး ၃၀၀၀၀ ကျော်အဖြတ်ခံရတယ်။ အလုပ်သမားတစ်ဦးရဲ့ အဖေဆုံးတာ ၊ နာရေးအတွက် ခွင့်မပေးလို့ အလုပ်ထွက်ရပါတယ်။ အလုပ်သမားတွေ နစ်နာကြတာပေါ့။” လို့ ပြောပါတယ်။
လုပ်ငန်းခွင်အလုပ်သမားတွေအတွက် ထမင်း စားဆောင် သီသန့် ပေးမထားလို့ လုပ်ငန်းခွင်ထဲက နေရာတွေမှာ ဖြစ်သလို စားသောကက်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံသန့်စင်ခန်းတွေ သန့်ရှင်းမှုမရှိတဲ့ အပြင် လည်ဆွဲကတ်ပါမှ သန့်စင်ခန်းသွားခွင့်ရှိလို့ အလုပ်သမားတွေမှာကျန်းမာရေး ထိခိုက်နေတယ်လို့ သိရပါတယ်။ ကြိုပို့ယာဉ်တွေ အချိန် သတ်မှတ်မှုမရှိဘဲ ကြိုပို့တာကြောင့် အလုပ်သမားတွေမှာ အမြဲ ကြိုပို့ယာဉ် စီးနင်းရတာမရှိတဲ့အပြင် စက်ရုံ ဆေးပေးခန်းလည်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
Feng Teng Garment Co.Ltd စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး MOHITO တံဆိပ်ချုပ်လုပ်နေလို့ သိထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026