NEWS

Fala Fala Clothing အထည်ချုပ် အချိန်ပို အော်လင်းအောနိုက် တပတ် ၄ ကြိမ်အထိ လုပ်ကိုင်ခိုင်း

CoverLogo
342 Views
 
(Myanmar) Fala Fala Clothing အထည်ချုပ်စက်ရုံ အချိန်ပို အောလင်းအောနိုက် တပတ် ၄ ကြိမ်အထိ လုပ်ခိုင်းတဲ့ အပြင် နေ့စဉ် အချိန်ပို ၃ နာရီ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အောနိုက် ည ၁ နာရီနဲ့ အော်လင်း မနက် ၅ နာရီ အထိ လုပ်ကိုင်ခိုင်းတာလို့လည်း ပြောပါတယ်။
 
“အောလင်းအောနိုက်က တပတ်ကို အနည်းဆုံး ၂ ကြိမ်၊ အများဆုံး ၄ ကြိမ် လုပ်ခိုင်းတယ်။ နေတိုင်းပုံမှန်က ည ၇ ခွဲမှ ဆင်းတယ်။ နေ့လယ် ထမင်းစားနားတာ နာရီဝက်။ ၁၂ ခွဲမှာ အလုပ်ပြန်စပြီး ည ၇ ခွဲအထိ နားချိန် မပေးတော့ ဘူး။ ဆက်တိုက် လုပ်ရတယ်။ အောလင်းအောနိုက် ဆင်းရတဲ့ နေ့ဆို ည ၈ နာရီမှ နားရတော့တာ။” လို့ ပြောပါတယ်။
 
စက်ရုံ ပုံမှန် အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၄ ခွဲအထိ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ အလုပ်ချိန်ပြီး ညနေ ၄ နာရီ ပြန်ဖို့ ဂိတ်ပတ်စ်နဲ့ နေအိမ်ပြန်မယ်ဆိုရင်တော့ ရက်မှန်ကြေး ဖြတ်တောက် မယ်ဆို စက်ရုံတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ တနင်္ဂနွေ နားရက်ကို တပတ် ၂ ကြိမ်ဆင်းရတာကြောင့် အလုပ်သမားတွေမှာ နားချိန်မရဘဲ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အောနိုက်တွေဆို အိမ်ပြန်မရတော့ဘူး၊ ဖြစ်သလို အိပ်ရတယ်။ အော်လင်းကတော့ ကြိုပို့ပေးတယ်. ။ စနေနေ့ ဆို ၄ ခွဲအထိ ဆင်းရတယ်။ နားချိန်မရှိ၊ မုန့်စားချိန်မပေးနဲ့၊ ကြာတော့မခံနိုင်တော့ဘူး။ ညီမတို့မှာက ဗိုက်တွေကစာ၊ ထမင်းစားပြီး ဆက်တိုက်လုပ်ရတော့လည်း လူတွေက အားမရှိ မလုပ်နိုင် ။ မလုပ်ရင်လဲ အထည်က မတရား တောင်း ။ မရရင် အပြောခံရမှာ ကြောက်တော့၊ တနေကုန်မှ အိမ်သာ တခါလောက်ပဲ သွားတယ်။ အိမ်ကဆို လုံးဝ မယုံတော့ဘူး။ ညီမ သူငယ်ချင်းတွေဆို အိမ်ပြန်မှ ချက်စားရတာ၊ ခေတ်ကာလက ကောင်းတာမဟုတ်ဘူး ”လို့ အလုပ်သမာတဦးက ပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနကတော့ စက်ရုံ အလုပ်ရုံတွေ အချိန်ပို လုပ်ကိုင်လိုပါက ကြိုတင် ခွင့်ပြုချက်ယူရမှာ ဖြစ်ပြီး အချိန်ပိုခွင့်ပြုမိန့်ကို စက်ရုံကြော်ငြာပုဒ်မှာ အလုပ်သမားတွေ မြင်သာအောက် ကပ်ထားဖို့ ညွှန်ကြားထား ပါတယ်။ ဒါ့အပြင် တပတ် အချိန်ပို နာရီ ၂၀ ထက်ပို ခိုင်းစေခွင့်မရဘဲ ချိုးဖောက်မှုတွေ ဖြစ်ပေါ်ပါက ထောင်ဒဏ် ငွေဒဏ် ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။
 
စက်ရုံအတွင်း အရေးပေါ်ကျန်းမာရေးအတွက် ဆေးခန်းနဲ့ သူနာပြုတွေ မရှိဘူးလို့ ပြောပါတယ်။ စက်ရုံက နှစ်ထပ်စက်ရုံဖြစ်ပြီး မိုးရာသီမှာပဲ ပူလောင်တဲ့ ဒဏ် ခံစားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အထည်စံချိန် မရပါက ပြောဆိုခံရပြီး ဆုကြေးနဲ့ လုပ်ခလစာတွေကို ခေါင်းဆောင်တွေပဲ တိုးပေးတယ်လို့ သိရပါတယ်။
 
“တနေ့က ခေါင်းဆောင်တွေကို တယောက် ၅၀,၀၀၀ စီပေးတယ်။ အလုပ်သမားတွေက ဘာမှမရဘူး။ တကယ်လုပ်ရတာက အလုပ်သမားတွေ။ လစာတိုးတော့လည်း မပါဘူး။ ပိတ်ရက်ကို ၆၈၀၀ နဲ့ ပဲ ရှင်းပေးသေးတယ်။ “ လို့ ပြောပါတယ်။
 
စက်ရုံ ဒေးကြေးက ကျပ် ၁၀,၀၀၀ ဖြစ်ပြီး အချိန်ပို တစ်နာရီ ၂၁၀၀ နဲ့ ရက်မှန်ကြေး ကျပ် ၄၀,၀၀၀ သတ်မှတ်ပေးထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း စစ်ဆေးရေးအဖွဲ့တွေ ဝင်တဲ့နေမှာတော့ အောလင်းအောနိုက် မခေါ်ဘဲ အလုပ်သမားတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စစ်ဆေးရေး လာစစ်လည်း စစ်တဲ့ တနေ့ပဲ နောက်နေ့ အောလင်းအောနိုက်လုပ်ရတယ်။ ညီမတို့မှာ တခုခုဆို ဘယ်သူ့ကို ပြောရမှန်းမသိဘူး။ WCC အဖွဲ့လည်း မရှိဘူး။ စက်ရုံထဲက သောက်ရေကို ခြေဆေးလက်ဆေး ပိုက်နဲ့ ရောထားတယ်။ ဘယ်ဟာနဲ့ သောက်ရေမှန်း မသိတော့ဘူး။ နောက် အဲ့နေရာမှာ အမိုးကမရှိဘူး။ မိုးရွာရင် စိုတာပဲ.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
(Myanmar) Fala Fala Clothing Co.,Ltd ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်းရှိပြိး အလုပ်သမား ၂၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026