NEWS

Everlao အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားများအား ခွဲခြားဆက်ဆံနေ

CoverLogo
309 Views
 
 
မဂ်လာပါရှင့်။
ညီမတိုက လာအိုနိုင်ငံ Everlao အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ ပါရှင့်။
 
ညီမတို တန်ဆောင်မုန်းလပြည့်နေ့(အင်္ဂါနေ့)က အလုပ်ဆင်းရပါတယ်ရှင့်။
မနက် ၈နာရီကနေ ည၇အထိ ဆင်းရပါတယ်။ ညနေလောက်မှာ ညီမတိုကို့ မနက်ဖြန်လပြည့်ကျော် ၁ရက်နေ့ (ဗုဒ္ဓဟူးနေ့ )ညနေ ၅နာရီပြန်လွှတ်မှာမလို့ ဒီ လပြည့်နေ့ကို ည ၁၀ နာရီ အထိ ဆင်းပေးရမယ် ဆိုပြီး ပြောပါတယ် ရှင့်။ အချိန်ပို Otကြေးလည်း မရပါဘူး ။
ညနေ ၅နာရီ ပြန်လွှတ်လို့ ဆင်းရတာဆိုပြီး ပြောပါတယ် ။
 
ညီမတို့ကလည်း Otကြေး မရရင် ဆင်းမပေးနိုင်ဘူးလိုပြောတော့ စက်ရုံမှာ ရှိတဲ့ တရုတ်တွေက စူပါတွေကို အစည်းအဝေး ခေါ်ပြီး အတင်းကျပ်ပြောခိုင်းပါတယ် ။
 
ညနေ ၅နာရီ မှာ ညီမတို့ကို မုန့်စားဖို့ အချိန်နာရီဝက်ပေးနားပါတယ်။ ဘယ်သူမှ မုန့် ဆင်း မစားကြပါဘူး။ အဲ့မှာ စက်ရုံက တရုတ်အမျိုးသမီးက ည ဆယ်နာရီအထိ ဆင်းရမှာမို့ မုန့်စားဆင်းလို့ စကားပြန်ကနေ တဆင့် ပြောခိုင်းပါတယ်။
 
ညီမတို့ အလုပ်သမားတွေ မုန့်စားမဆင်းကြတော့ ကြိုပို့ကားက ဆယ်နာရီမှရှိတာ၊ ဆယ်နာရီမှပြန်ပို့မှာဆိုပြီး အဲ့ဒီ တရုတ်အမျိုးသမီးက ပြောပါတယ်။ အဲ့ဒါပြီးတော့ စက်ရုံမှူးတွေ၊ တရုတ်အမျိုးသမီးတွေ ရှေ့မှာပဲ ဆယ်နာရီအထိ မဆင်းပေးနိုင်တာကို ညီမတို့ မြန်မာအလုပ်သမားတွေ အကုန်ထပြောပါတယ်။
 
အဲဒီ တရုတ်လူမျိုးတွေက မဆင်းပေးလိုမရဘူးဆိုပြီး ပဲပြောပါတယ်။ အထည်တွေက အရေးကြီးလို့ ဆိုပြီးပြောတယ်။ ညီမတို့ဘက်က အရေးကြီးရင် Otခေါ် ၊ ဆင်းပေးမယ်ဆိုပြီးပြောတော့ “မနက်ဖြန် ငါးနာရီဆင်းပေးမှာ မို့လို့ ရက် ပြောင်းလိုက်တာ” ဆိုပြီး ပြောပါတယ်။
 
လပြည့်ကျော် ၁ ရက်(ဗုဒ္ဓဟူးနေ့)က လာအိုနိုင်ငံမှာ ပိတ်ရက်ပါ။ လာအိုလူမျိုးတွေကိုတော့ အဲ့နေ့ကို မနက် ၈နာရီကနေ ညနေ၅နာရီအထိ Ot ကြေး ပေး အလုပ်ဆင်းခိုင်းပါတယ်။
 
ညီမတို့ မြန်မာအလုပ်သမားတွေကိုတော့ ပိတ်ရက်ကို အချိန်ပို Ot ကြေးမရဘဲ့ ဆင်းပေးရတာပါ။
 
တန်ဆောင်မုန်းလပြည့်နေ့(အင်္ဂါနေ့)က ဆယ်နာရီအထိ ဆင်းခိုင်းတာကိုလည်း လာအိုလူမျိုး အလုပ်သမားတွေက အချိန်ပို Otကြေးရပြီး ညီမတို့ကို ရက်အစားဆိုပြီး ဆင်းခိုင်းတာပါ။
 
ညီမတို့က မဆင်းပဲ ည ၇နာရီထိုးတော့ သန့်ရှင်းရေး လုပ်ပြီး ပြန်ကြပါတယ်။ ညီမတို့ စက်ရုံက ဆင်းလာတော့ အ လုံခြုံရေးတွေ၊ ဖယ်ရီကား မောင်းသူတွေ၊ HR ရုံးခန်းက ဝန်ထမ်းတွေ ရှိပါတယ်။ အကုန် ရပ်ကြည့်နေကြပါတယ်။
 
ညီမတို့ကို တံခါးလည်း မဖွင့်ပေးပါဘူး ။ ညီမတို့ မြန်မာအလုပ်သမားတွေ တံခါးပေါ်ကျော်တက်ပြီး စက်ရုံ အပြင်ဘက်ကို ထွက်ခဲ့ရပါတယ်။
 
စက်ရုံက ကြိုပို့ကားသမားတွေကိုလည်း လိုက်မပိုခိုင်းပါဘူး။ ညီမတို့ မြန်မာအမျိုးသမီးတွေ ညကြီး မိုးချုပ် လမ်းလျှောက် ပြန်ခဲ့ရပါတယ် ရှင့်။
 
ညီမတို့မှာ လာအိုနိုင်ငံကို တရားဝင် လာရောက် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေပါ။ ဒါပေမဲ့ အနှိမ်ခံနေရပါတယ်။ တရားဝင် အလုပ်သမားလို့ ပြောပေမဲ့ စာရွက်စာတန်း(စာချုပ်)၊ မူရင်း နိုင်ငံကူး လက်မှတ် တွေ ကိုင် မထားရဘူး၊ စက်ရုံက သိမ်းထားပါတယ် ရှင့်။
 

Related posts

Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026