NEWS

Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ

CoverLogo
518 Views
 
Ever Lead (Myanmar) Lingerie Co.Ltd စက်ရုံက နိုင်ငံခြားသား ကြီးကြပ်သူတွေကို သီတင်းကျွတ် ကန်တော့ ဖို့ဆိုပြီး မြန်မာ ခေါင်းဆောင် တွေက အတင်းကျပ် ပိုက်ဆံ ကောက်ခံနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"အခု သီတင်းကျွတ်မှာတရုတ်ဆရာတွေကို ကန်တော့ ဖို့ဆိုပြီး အလုပ်သမားတစ်ဦးကို ၇၅၀၀ ကောက်နေ တယ်။ အလုပ်သမားတွေ ထည့်ချင်မထည်ချင်ဘူးလား မမေးဘဲ ကောက်တာ။ မဖြစ်မနေ ပေးရမယ် ဆိုပြီး ကောက်တာ။” လို့ ပြောပါတယ်။
 
ကန်တော့ဖို့ အတွက်ဆိုပြီး ဩဂုတ်လ လစာက ၃၀၀၀ ပေးခဲ့ပြီး တချို့လိုင်းတွေမှာလည်း ကြိုကောက်တာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မြန်မာခေါင်းဆောင်တွေ မျက်နှာရဖို့အတင်းအကျပ် ကောက်ခံ နေပြီး မထည့်ပါက ခြိမ်းခြောက်ပြောဆို တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“၇၅၀၀ ဆိုတာ တရက်လုပ်အားခ ဖြစ်နေတာ ခေါင်းဆောင်တွေက သူတို့ မျက်နှာရဖို့ပဲ၊ အလုပ်သမားတွေဆီက အတင်း အဓမ္မ ကောက်ပြီး မျက်နှာလုပ်ချင်နေတာ။ သူတို့ကြ အကုန်မခံ ချင်ဘူး။ မထည့်ရင် လိုင်းထဲမှာ ဖြစ်တဲ့ ပြဿနာ နင်တို့ဘာသာရှင်း ၊ ငါ မရှင်းပေးနိုင်ဘူးဆိုပြီး ပြောတယ်။ “ လို့ ပြောပါတယ်။
 
လက်ရှိ အခြေခံ လစာ ထောက်ပံ့ကြေး ၈၈၀၀ ကျပ်ကို ၁၂၀၀၀ နဲ့ရက်မှန်ကြေး တိုးပေးဖို့ ၊ အိုတီချိန် လျှော့ပေးဖို့ အကြံပြုစာပုံးကနေ တဆင့်ဆိုခဲ့သူကို မြန်မာခေါင်းဆောင်တချို့က ကိုယ်တိုင် ရှာဖွေပြီး အလုပ်ထုတ်မယ်လို့ အစည်းအဝး လုပ် ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
 
“စက်ရုံမန်နေဂျာက all super တွေကို ခေါ် မီတင်လုပ်ပြီး All super ကတစ်ဆင့် စာထည့်တဲ့သူကို စုံစမ်းခိုင်း ပြီး၊ မိရင် အလုပ်ထုတ်မယ် ။ ဖမ်းပေးတဲ့သူကိုလည်း ဆုကြေး ပိုက်ဆံတစ်သိန်းပေးမယ် ဆိုပြီးပြောတယ်။ လစာ တိုးပေးဖို့ကျ ဝန်ထမ်းတွေဘက်က ကူမပြောပေးတဲ့အပြင် တိုင်တဲ့ သူကို ဖမ်းဖို့ ၊ အထည်ဆုကြေး ရရင် ခေါင်းဆောင် တွေပဲ ပိုယူကြတာ " ဆိုပြီး ပြောပါတယ်။
 
အစည်းအဝေးမှာ မှာ ဂိတ်ပတ်ယူတာ၊ ရက်ပျက်တာတွေကို လစာဒေးကြေး ဖြတ်မယ့်ဆိုပြီး ပြောကြားခဲ့ပြီး လစာတိုးတောင်းခွင့် မရှိဘူး ဆိုပြီးပြောကြားခဲ့လို့ ခေါင်းဆောင်တွေကသာ လစာတိုး ရရှိတယ်လို့လည်း ပြောပါတယ်။
တချို့လိုင်း ခေါင်းဆောင် တွေက အထည် စံချိန်မပြည့်ရင် ဆဲဆိုပြီး၊ အထည်စံချိန် ပြည့်ပါကလည်း အရေအတွက် ထပ်တိုးတောင်း နေပြီပြီး ဆုကြေးငွေ ပိုမို ရယူပြိး လုပ်အား ခေါင်းပုံဖြတ် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိ စက်ရုံမှာ အချိန်ပို ည ၈ နာရီ ၄၅ မိနစ်အထိ ဆန္ဒမပါဘဲ လုပ်ကိုင်နေရပြီး စစ်ဆေးရေးအဖွဲ့ကိုတော့ ည ၇ နာရီအထိတာ လုပ်ကိုင်ရတယ်ဆိုပြီး လိမ်လည် ဖြေကြားခိုင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
" ၈လပိုင်း ၂၀ကျော်ကစပြီး အခုထိ အိုတီ ကိုည ၈:၄၅မိနစ် အထိ ပြန်ခေါ်တယ်။ စက်ရုံံ တစ်ရုံလုံး ဆင်းရတယ်။ စနေဆိုရင်လည်း ညနေ ၆နာရီထိဆင်းရပါတယ်။ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ် Audit လာရင် ည၇နာရီထိ ပဲဆင်းရတယ်လို့ ပြောခိုင်းတယ်။ ဖြစ်တယ် မဆင်းချင်လို့ ပြောပြီး ပြန်မယ်ဆိုရင်လဲ ဖယ်ရီ မပေးဘူးလို့ ပြောတယ် ။ ဒါနဲပဲ မဆင်းချင်လဲ ဆင်းပေးနေရတယ်။ တနင်္ဂနွေ အချိန်ပိုခေါ်လို့ မဆင်းရင် ခေါင်းဆောင်တွေက အော်ဟစ်ကြိမ်းမောင်း နေတာ။ ဆင်းရင်လည်း အိုတီကြေးကို နှစ်ရက် သုံးရက်ကြာမှ ရှင်းပေးတာ" လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံ WCC အဖွဲ့ကို လုပ်ခလစာတိုးပေးဖို့နဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး တောင်းဆို ပေးဖို့ တင်ပြခဲ့ပေမဲ့ ဆောင်ရွက် ပေးခြင်းမရှိဘဲ စက်ရုံရဲ့ သဘောဆန္ဒ အတိုင်း လုပ်ဆောင်ပေးနေလို့ စက်ရုံအလုပ်သမားတွေမှာ ကူရာမဲ့ ဖြစ်နေတာလို့ဆိုပါတယ်။
 
“EC စာချုပ်ကို အစမ်းခန့် ၃လပြည့်ရင် လက်မှတ်ထိုးခိုင်းတယ်။ လုပ်သက် ၆လပြည့်မှ စာအုပ်ထုတ်ပေးတယ်။ စာချုပ်ထဲက အချက်အလက်တွေ ဘာတစ်ခုမှ မသိရဘူး ဥပဒေပါ အကျိုးခံစားခွင့်တွေ လဲ မသိရဘူး .” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံတွင် ကျားအိမ်သာ ၁၈ လုံးမှာ တနှစ်ပတ်လုံး အညစ်အကြေးများ ပြည့်နေပြီး တချို့အိမ်သာတွေ မီးသီးမရှိလို့ ညဘက် သွားလာရ အဆင်မပြေဘူးလို့ ပြောပါတယ်။ ထမင်းစား ထိုင်ခုံမလောက်လို့ ဖြစ်သလို အောက်မှာထိုင်စားရပြီး ခွေး ၃ကောင်ရဲ့ အညစ်အကြးတွေကြောင့် သန့်ရှင်းမှု မရှိ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ထမင်းစား ဆင်းတဲ့အချိန်နဲ့ တက်တဲ့ချိန်မှာ လက်ဗွေ နှိပ်ရတယ်၊ မနှိပ်မိရင် အိုတီ ၁နာရီ ဖြတ်တောက်တယ်၊ အဲ့ဒါကို နားမလည်နိုင်ဘူး။ မနက်, ည နိပ်ခိုင်းတာက ဟုတ်တသေးတယ်၊ ပြီးတော့ အိုတီဖြတ်တာက မတရားတာပဲ” လို့ ပြောပါတယ်။
 
Ever Lead (Myanmar) Lingerie Co.Ltd စက်ရုံက ထမင်းစုပ်ခုံရွာ၊ ပိုက်ကြီးတွင်းကျေးရွာအုပ်စု၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။ Women secret အမှတ်တံဆိပ် ကို ချုပ်လုပ်နေပြီး Made project အဖွဲ့ဝင် စက်ရုံတစ်ရုံလည်း ဖြစ်ပါတယ်။

Related posts

Cover
Myanmar Ming Fan အထည်ချုပ် အတင်းအကျပ် အချိန်ပိုခိုင်း၊ ကြိုပို့မပေးဘဲ ညနက် ၉ နာရီ ပြန်ခိုင်း
Jan 28, 2026
Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026
Cover
Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ
Jan 24, 2026