NEWS

EU အထောက်အပံ့ MADE စီမံချက်အား MICS-TUsF ပူးပေါင်းဆောင်ရွက်ခြင်းမရှိ

CoverLogo
1.1K Views

အလုပ်သမားတွေနဲ့ ကုန်အမှတ်တံဆိပ်တွေ၊ အလုပ်ရှင်တွေကြားကနေ အလုပ်သမား ကိုယ်စားမပြုတဲ့ အဖွဲ့အစည်း NGO တွေက ပေါင်းကူးတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်မဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင််မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများအဖွဲ့ချုပ်က ကန့်ကွက်တယ်လို့ ဧပြီလ ၂၂ ရက် က ထုတ်ပြန်ပါတယ်။ ဒီအစီအစဉ်ဟာ MAED စီမံချက်မှာ အကြံပြုထားတဲ့  မကျေနပ်ချက် ကိုင်တွယ်မှုစနစ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်သမားတွေကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်း NGO တွေရဲ့လုပ်ဆောင်မဲ့ အစီအစဉ်ဟာ အဖွဲ့ချုပ်တွေ ထိန်းချုပ်စောင့်ကြည့်တာမရှိဘဲ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ခြယ်လှယ်နိုင်တဲ့အပြင် အလုပ်သမားတွေကိုလည်း အတုအယောင် ကိုယ်စားပြုတာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် အလုပ်သမားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍကို ပိုမို ကျဆင်းစေမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ဥရောပသမဂ္ဂ EU ရဲ့ ပံပိုးမှုနဲ့ Seaqua ၊ EuroCham (ဥရောပနိုင်ငံများ အလုပ်ရှင်များ အဖွဲ့ အစည်း) တို့က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ MADE ( Multi-Stakeholder Alliance for Decent Employment in the Myanmar apparel industry) စီမံချက်ကို မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင််မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများအဖွဲ့ချုပ်က ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထား တာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026