NEWS

ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း

CoverLogo
304 Views
 
လုပ်သား ၃၀၀၀ ကျော် လုပ်ကိုင်နေတဲ့ ETERNAL FASHION Co.,Ltd အထည်ချုပ်စက်ရုံက ဇန်နဝါရီ ၃၀ ရက် မနက်မှာ ပိတ်သိမ်းကြောင်းကို ရုတ်တရက် ကြေညာခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ အပြောင်းအလဲ တချို့ဖြစ်ပေါ်ပြိးနောက် ဇန်နဝါရီ ၂၉ ရက်မှာ လုပ်ခလစာတိုးပေးဖို့ အလုပ်သမားတွေက တောင်းဆို ခဲ့ပါတယ်။
 
“ပိုင်ရှင်က ခဏခဏ ပြောင်းတယ်၊ အခုနှစ်စမှာလည်း ပိုင်ရှင်ပြောင်းတော့ အလုပ်သမားတွေက လစာတိုးပေးဖို့ပါ အချက် ၉ ချက် တောင်းဆိုခဲ့တာ။ နောက်ရက် မနက်မှာ စက်ရုံကို နေ့လည် ၁၁ နာရီမှာ စပိတ်တယ်ဆိုပြီး မန်နေဂျာက အလုပ်သမားတွေ အားလုံးကို ပြောခဲ့တာ။” လို့ ပြောပါတယ်။
 
တောင်းဆိုမှု မပြုလုပ်မီ လုပ်ငန်းခွင်အတွင်း လုပ်ခလစာ ခွဲခြားတာ၊ တခြားအလုပ်တွေကို ရွှေ့ပြောင်းခိုင်းစေတာ၊ ရာထူးချတာ၊ ကြိုပို့ယာဉ်မပေးဘဲ ကိုယ့်အစီအစဉ်ကိုယ် အလုပ်လာခိုင်းတာ၊ အထည်စံချိန်ကို အောစူပါတွေက ဆဲဆိုပြီး တောင်းတာ၊ HR မန်နေဂျာ အမျိုးသားက “လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် အလုပ်ထွက်ဆိုပြီး” မကြာခဏ ပြောဆိုတာ၊ ပိုင်ရှင် အပြောင်းအလဲ ပွင့်လင်းမြင်သာစွာ မပြောဘဲ ရှောင်တိမ်းနေတာ၊ သတိပေးလက်မှတ်တွေ မကြာခဏ ထိုးခိုင်း
တွေ ပြုလုပ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံပိတ်သိမ်းပြီ မန်နေဂျာက ကြေညာတယ် ။ လုပ်ခလစာကို အခုလာမဲ့ ၃ ရက်(ဖေဖော်ဝါရီ ၃ )မှာ လေဘာရုံးမှာ သွားထုတ်ရမယ်။ “ လို့ ပြောပါတယ်။
 
ဒီလို မကြေညာမီ အလုပ်သမားတွေကို ရိုင်းဆိုင်းစွာ ပြောဆိုလို့ လုပ်ငန်းခွင် မန်နေဂျာက အမျိုးသားက ပြန်လည်တောင်းပန်ခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်ရှင် နဲ့ အလုပ်သမားကြား ညှိနှုင်းပေးဖို့ အလုပ်သမားအရာရှိတွေ ရောက်လာသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ရောက်လာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လှိုင်သာယာ အနောက်ပိုင်း အလုပ်သမားရုံးက ဆိုတာတွေလာတယ်။ စစ်ကားတစီး၊ ရဲကားတစီး လည်း ရောက်လာတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ရွှေပြည်သာမြို့နယ် အထည်ချုပ် သမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ စက်ရုံ အလုပ်သမား ၁၄၇၅ ဦး အတွက် ဥပဒေမှာ ပါရှိတဲ့ နို့တစ်ကြေး၊ လုပ်သက် နစ်နာကြေး၊ ခွင့်ရက်နဲ့ ခွင့်ခံစားခွင်တွေ၊ ဇန်နဝါရီလစာတွေကို လာမဲ့ ဖေဖော်ဝါရီ ၃ ရက်မှာ ပေးချေဖို့ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေက မြို့နယ် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ရှေ့မှာ သဘာတူ လက်မှတ် ထိုးတယ်လို့လည်း နားလည်ရပါတယ်။
 
ဒါပေမဲ့ အလုပ်သမားတွေ ဥပဒေအရ ရရှိမဲ့ နစ်နာကြေးတွေ အားလုံးကို တလုံးတခဲတည်း ပေးချေမယ် ဆိုတာကိုတော့ နှစ်ဖက်သဘောတူချက်မှာ ဖော်ပြမထားတာကို တွေ့ရပါတယ်။
 
ETERNAL FASHION Co.,Ltd အထည်ချုပ်စက်ရုံကို လက်ရှိ မြန်မာနိုင်ငံသားပိုင်ဆိုပြီး ရန်ကုန်မြို့၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာစက်မှုဇုန်မှာ ရှိပါတယ်။ လက်ရှိ ချုပ်လုပ်နေတဲ့ အထည်တွေရဲ့ အမှတ် တံဆိပ်ကတော့ Sinsay ဖြစ်ပါတယ်။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026