NEWS

Eternal Fashion အထည်ချုပ်လုပ်သားများ တလ နှစ်ရက်သာ နားရက်ရ

CoverLogo
1.2K Views
 
အနော်ရထာ စက်မှုဇုန်က Eternal Fashion အထည်ချုပ်စက်ရုံက အလုပ်သမားတွေ နားရက်အနေနဲ့ တလ နှစ်ရက်တည်းသာ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဥပဒေမှာ သတ်မှတ်ထားတဲ့ အတိုင်း နားရက်မရတာတွေကြောင့် လူမှုရေး၊ ကျန်းမာရေးကိစ္စတွေမှာ နစ်နာမှုတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားဥပဒေမှာဆို တလ ၄ ရက် နားရမယ်လို့ နားလည်ထားတယ်။ ဒီစက်ရုံမှာတော့ အဲ့လိုမဟုတ်ဘူး။ အရေးကြီးတယ်ဆိုပြီး တနင်္ဂနွေ နှစ်ပတ်၊ သုံးပတ်လောက် အချိန်ပို ဆင်းပေးရတော့ ၊ တလမှာ တရက်၊ နှစ်ရက်လောက်ပဲ အနားရတယ်။ သာရေး၊ နာရေး အဲလို လူမှုရေးကိစ္စတွေ မျက်နှာ ပျက်ရတယ်။ ကျန်းမာရေးဖြစ်လည်း မသွားနိုင်ဘူး ထိခိုက်ရတယ် ။“ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် အထည်တင်ပို့ရမဲ့ ရက်နီးလာပါက တနင်္ဂနွေနားရက် ၃ ရက်အထိ အလုပ်ဆင်းပေးရပြီး တချို့ဌာနတွေမှာတော့ နားရက်မရှိ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတချို့က ထပ်ဖြည့်ပြောပါတယ်။ လစဉ် တနင်္ဂနွေနားရက်တိုင်း စက်ရုံပိတ်တာမျိုး မရှိသေးဘဲ တနင်္ဂနွေနားရက် ၂ ရက်ကနေ ၃ ရက်ထိ လုပ်ကိုင် ပေးနေရတာလို့ သိရပါတယ်။ အချိန်ပို လုပ်ခကို လက်ငင်း ရှင်းပေးတာ မရှိဘဲ လစာမှာ ပေါင်းထည့်ပေးတယ်လို့လည်း ပြောပါတယ်။စက်ရုံဘက်က အများပြည်သူ အလုပ်ပိတ်ရက် တွေမှာ နားရက်ပိတ်ပေးပေမဲ့ တနင်္ဂနွေ ၂ ရက်ကတော့ အမြဲမြဲလိုလို အလုပ်ဆင်းနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Eternal Fashion အထည်ချုပ်စက်ရုံမှာ ပုံမှန်အားဖြင့် (အချိန်ပို ၂ နာရီအပါ) မနက် ၈ နာရီကနေ ည ၆ နာရီ ၄၀ အထိ ဖြစ်ပြီး နေ့လယ် ၁၂ နာရီ ၂၀ မှာတော့ နေ့လယ်စာ စားချိန် အနားပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ နေ့လယ်စာ စားအပြီး နေ့လည် ၁ နာရီကနေ အချိန်ပို အပြီး ၆ နာရီ ၄၀ အထိ နားချိန် မပေးပဲ စက်ရုံဘက်က ဆက်တိုက် လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို ၇ နာရီ ၄၀ အထိ လုပ်ရတဲ့ ရက်တွေဆိုလည်း ကြားထဲ အနားမပေးဘူး။ အစားအသောက် မကျွေးဘူး ။ ၆ နာရီ၊ ၇ နာရီ နီးပါး ဆက်တိုက် လုပ်ပေးနေရတာပါ။ “ လို့ အလုပ်သမား တဦးက ပြောပါတယ်။
 
အလုပ်သမားဥပဒေကိုကျော်လွန်ပြီး အလုပ်ချိန် ၅ နာရီကျော် တဆက်တည်း လုပ်ကိုင်နေရပေမဲ့ ပယ်ထည်အတွက် ငွေကြေးဖြတ်ထောက်ခံရတာတွေလည်း ရှိတယ်လို့ Eternal Fashion အထည်ချုပ်စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။
 
“အလုပ်သမားတယောက် ၅၀၀/ ၁၀၀၀ အဲလို နေ့တိုင်း အဖြတ်ခံရတယ်။ အဲဒီ ပိုက်ဆံကို အောစူပါက ဖြတ်တာ။ ဖြတ်တဲ့ ပိုက်ဆံတွေ ဘယ်လို သုံးနေလဲဆိုတာတော့ မသိရဘူး၊ ပယ်ထည်များရင် ဝိမ်တိန်ထိုးရတယ်၊ သုံးခါဆို အလုပ်ထုတ်တယ်” လို့ ပြောပါတယ်။
 
Eternal Fashion အထည်ချုပ်စက်ရုံရဲ့ ဖွဲ့စည်းပုံအရ စက်လိုင်းတလိုင်းမှာ ခေါင်းဆောင် လီဒါနှစ်ဦး၊ စူပါတဦး၊ အောစူပါ တဦး ပါဝင်ပြီး၊ အဲဒီစက်လိုင်းတွေကို မန်နေဂျာတွေက ကိုင်တွယ်တယ်လို့ သိရပါတယ်။ အလုပ်သမားတွေ ပယ်ထည်များလို့ လုပ်ခလစာအဖြတ်ခံရတဲ့အပြင် စူပါတွေမှာလည်း အထည်ကျန်လို့ဆိုပြီး လစာ ၄၀၀၀၀/၅၀၀၀၀ ဖြတ်တောက်ခံရတာတွေ ရှိတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“စူပါတွေလည်း အဖြတ်ခံရတယ်၊ ဒါ့အပြင် အလုပ်သမားတွေ စက်ရုံအဝင် လက်ဗွေ မဝင်လို့ ဆိုပြီး ၃၀၀၀ တောင် ဖြတ်တယ်၊ တကယ်ဆို အလုပ်သမားတယောက် အလုပ်ဆင်းမဆင်းက လိုင်းစာရေးမလည်း စာရင်းကောက်နေတာ သိနေတာပဲကို၊ အလုပ်သမားတဦးအတွက် ၃၀၀၀ ဆိုတာ တော်တော်များတဲ့ ပိုက်ဆံ၊ ထိခိုက်တာပေါ့” လို့ ပြောပါတယ်။
 
Eternal Fashion အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၄၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပြီး ဘဲမွှေး ဝယ်လွန်ထည်တွေ ချုပ်လုပ်နေတဲ့ တရုတ်လူမျိုးပိုင် အထည်ချုပ်စက်ရုံလို့ သိရပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်၊ အနော်ရထာဗဟိုလမ်းမှာရှိပြီး လုပ်ခလစာတိုးမြှင့်ပေး အလုပ်ခေါ်ယူမှုတွေကို လူမှုကွန်ရက်ကတဆင့် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
Photo- Eternal Fashion (FB)

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026