NEWS

ETEC စက်ရုံ အလုပ်သမားတောင်းဆိုမှု မပြီးပြတ်

CoverLogo
97 Views
 
ETEC စက်ရုံ အလုပ်သမားတောင်းဆိုမှု ပြီးပြတ်မှု မရှိဘူးလို့ အလုပ်သမားတချို့က ပြောပါတယ်။ အလုပ်သမား ၂၀၀၀ ကျော်က ဒေးကြေး ၅၈၀၀ ကနေ ကျပ် ၁၃၀၀၀ တိုးပေးဖို့ ဇွန် ၂ ရက်နေ့က တောင်းဆိုခဲ့ကြပါတယ်။
 
“သူတို့က ၉ ရက်နေ့ကျမှ အဖြေပေးမယ် ပြောတာ။ ချက်ချင်း မပေးဘူး။ အလုပ်ကြ တော့ ဆက်လုပ်တဲ့ လေ” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက် အခြေခံလစာ ၅၈၀၀၊ ထောက်ပံ့ကြေးက ၁၀၀၀ ၊ ထပ်တိုး ပေးတာက ၁၄၀၀ စုစုပေါင်း ဒေးကြေး ၈၂၀၀ တိုးပေးတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ရက်မှန်ကြေး ကျပ် ၅၀၀၀၀ ကို အရင် ရက်ပျက်ပါက အကုန်လုံးဖြတ်ပြီး ၊ အခုနောက်ဆုံး တစ်ရက်ပျက် ၃၅၀၀၀နဲ့. နှစ်ရက်ပျက်ပါက ရက်မှန်ကြေး အားလုံး ဖြတ်မှာဆိုပြီး ညှိနှိုင်းထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညှိနှိုင်းထားတဲ့ အတိုင်းဆို လက်ခံတဲ့ အလုပ်သမားများတယ်။ အများဆန္ဒ အတိုင်းလိုက်နာရမှာ။ အရင်လ ကတော့ ရက်မှန်ကြေးမပါ လစာ၂သိန်းဝန်းကျင် ပဲရတာပါ။ တောင်ဒဂုံထဲမှာ ညီမတို့ စက်ရုံက လုပ်ခ အနည်းဆုံးပါ။ ” လို့ ပြောပါတယ်။
 
ETEC စက်ရုံက အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် ၁ မှာ ရှိပါတယ်။ စက်ရုံဝန်းအတွင်းက Earth စက်ရုံအလုပ်သမားတွေကလည်း ဇွန်လ ၃ ရက်က လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေပါတယ်။

Related posts

Cover
ETEC နှင့် EI အီလက်ထရောနှစ်စက်ရုံ အလုပ်သမားများ ဆက်လက်တောင်းဆိုနေ
Jun 06, 2025
Cover
ILO ရဲ့ အရေးယူမယ့်ဆုံးဖြတ်ချက်အပေါ် မစိုးရိမ်ကြဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနတုန့်ပြန်
Jun 06, 2025
Cover
Joy Time Garment စက်ရုံလုပ်သားများ တောင်းဆိုမှု ပြေလည်မှုရ
Jun 06, 2025
Cover
J&F Myanmar LNY Caps စက်ရုံ အချိန်ပို တစ်လ နာရီ ၉၀ ကျော် လုပ်ခိုင်း
Jun 06, 2025
Cover
မြန်မာကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။
Jun 06, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူ
Jun 05, 2025
Cover
Myanmar Postarion စက်ရုံ နှင့် အလုပ်သမားများ သဘောတူညီမှုရရှိ
Jun 05, 2025
Cover
Myanmar Postarion စက်ရုံလုပ်သားများ လုပ်ခလစာတိုးမြှင့်ရေး တတိယမြောက်နေ့တောင်းဆို”
Jun 05, 2025