NEWS

ETEC စက်ရုံ အလုပ်သမားတောင်းဆိုမှု မပြီးပြတ်

CoverLogo
735 Views
 
ETEC စက်ရုံ အလုပ်သမားတောင်းဆိုမှု ပြီးပြတ်မှု မရှိဘူးလို့ အလုပ်သမားတချို့က ပြောပါတယ်။ အလုပ်သမား ၂၀၀၀ ကျော်က ဒေးကြေး ၅၈၀၀ ကနေ ကျပ် ၁၃၀၀၀ တိုးပေးဖို့ ဇွန် ၂ ရက်နေ့က တောင်းဆိုခဲ့ကြပါတယ်။
 
“သူတို့က ၉ ရက်နေ့ကျမှ အဖြေပေးမယ် ပြောတာ။ ချက်ချင်း မပေးဘူး။ အလုပ်ကြ တော့ ဆက်လုပ်တဲ့ လေ” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက် အခြေခံလစာ ၅၈၀၀၊ ထောက်ပံ့ကြေးက ၁၀၀၀ ၊ ထပ်တိုး ပေးတာက ၁၄၀၀ စုစုပေါင်း ဒေးကြေး ၈၂၀၀ တိုးပေးတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ရက်မှန်ကြေး ကျပ် ၅၀၀၀၀ ကို အရင် ရက်ပျက်ပါက အကုန်လုံးဖြတ်ပြီး ၊ အခုနောက်ဆုံး တစ်ရက်ပျက် ၃၅၀၀၀နဲ့. နှစ်ရက်ပျက်ပါက ရက်မှန်ကြေး အားလုံး ဖြတ်မှာဆိုပြီး ညှိနှိုင်းထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညှိနှိုင်းထားတဲ့ အတိုင်းဆို လက်ခံတဲ့ အလုပ်သမားများတယ်။ အများဆန္ဒ အတိုင်းလိုက်နာရမှာ။ အရင်လ ကတော့ ရက်မှန်ကြေးမပါ လစာ၂သိန်းဝန်းကျင် ပဲရတာပါ။ တောင်ဒဂုံထဲမှာ ညီမတို့ စက်ရုံက လုပ်ခ အနည်းဆုံးပါ။ ” လို့ ပြောပါတယ်။
 
ETEC စက်ရုံက အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး ရန်ကုန်မြို့၊တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန် ၁ မှာ ရှိပါတယ်။ စက်ရုံဝန်းအတွင်းက Earth စက်ရုံအလုပ်သမားတွေကလည်း ဇွန်လ ၃ ရက်က လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026