NEWS

EPS စာမေးပွဲမှတ်ပုံတင်ကြေးအတွက် ည ၆ နာရီ ကတည်းက တန်းစီရ

CoverLogo
803 Views
 
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံးကို ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) မှတ်ပုံတင်ကြေး ပေးသွင်းသူများလွန်းတာကြောင့် ည ၆နာရီ ကတည်းက တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ ဘာသာစကားသင်တန်းကျောင်းက တာဝန်ရှိသူက ပြောပါတယ်။ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ဖို့ အတွက် (EPS-TOPIK) စာမေးပွဲ ဖြေဆိုဖို့ လိုအပ်ပြီး မှတ်ပုံတင်ကြေးကိုတော့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၃ရပ်ကွက် ပင်လုံခန်းမမှာ ပေးသွင်းရတာဖြစ်ပါတယ်။
 
“ ဒီနေ့ဆိုရင် ည၆နာရီကတည်းက တန်းစီနေကြတာ။ ၇နာရီလောက်ကျတော့ လူကတစ်ထောင်လောက် ရှိနေ ပြီတဲ့။ မနေ့ညက ၈နာရီလောက်ကစပြီး တန်းစီကြတာ။မနက် ၈နာရီထိုးခါနီးတော့ ရုံးရှေ့က လမ်းထိပ်ပဲ ရှိသေးတယ် ။ ဒီနေ့တော့ ၆နာရီလောက်ကတည်းက တန်းစီနေ ကြတယ်။ ဖြေဆိုခွင့်ရအောင်လို့ တန်းစီကြတာ ပါ”လို့ ကိုရီယားသင်တန်းကျောင်း တခု တာ၀န်ရှိ သူက ပြောပါတယ်။
 
မတ်လ၂၀ ရက်အတွက် မှတ်ပုံတင်ကြေး ပေးသွင်းမှုကို ည ၈နာရီကတည်းက တန်းစီခဲ့ကြပြီး မတ်လ၂၁ ရက် အတွက် စာမေးပွဲကြေးသွင်းဖို့ကို ည ၆ နာရီ ကတတည်းက တန်းစီစောင့်ဆိုင်း နေကြတာ ဖြစ်ပါတယ်။
 
ဝန်ဆောင်မူလုပ်ငန်းအတွက် အမျိုးသမီးတွေရဲ့ စာမေးပွဲ မှတ်ပုံတင်ကြေး ပေးသွင်းမှုကို မတ်လ ၁၉ ရက်က လက်ခံခဲရာမှာလည်း လူဦးရေ ၇၀၀၀ ကျော်အထိ ရှိခဲ့ပြီး မနက် ၄နာရီကတည်းက တန်းစီ ပေးသွင်းခဲ့ ကြတယ်လို့ သိရပါတယ်။
 
“မနေ့ကနဲ့ ဒီနေ့က လူအရေအတွက် အတိအကျ သတ်မှတ်မထားတော့ တော်တော်ပင်ပန်းကြတယ် ။ ရုံးက လည်း မိုးချုပ်အထိ လက်ခံပေးတယ်။ မနက်ဖြန်က ၂,၅၀၀ကျော် လောက်ပဲ ရှိပါတယ်။ အာ့ကြောင့် နက်ဖြန် အသုတ်က အရမ်းကြီး အပင်ပန်း ခံစရာမလိုဘူးထင်ပါတယ်ဗျ၊”လို့ မှတ်ပုံတင်ကြေးပေးသွင်းမဲ့သူ တဦးက ပြောပါတယ်။
 
အဲဒီစာမေးပွဲမှတ်ပုံတင်ကြေးတွေကို မတ်လ ၁၉ရက်ကနေ ဧပြီ ၅ရက်အထိ ပေးသွင်းရမှာဖြစ်လို့ မတ် ၁၉ရက် မှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးအားလုံး၊ မတ်၂၀ရက်မှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသား အားလုံးနဲ့ ကုန်ထုတ်၊ဆောက်လုပ်ရေး၊စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် လူဦးရေ ၂၀၀၀ နီးပါးကို လက်ခံခဲ့ပါတယ်။ မတ်လ၂၁ရက်နေ့မှာတော့ ကုန်ထုတ်၊ဆောက်လုပ်ရေး၊စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း အတွက် လူဦးရေ ၂၅၀၀ကျော် လက်ခံမှာဖြစ်ပါတယ်။
 
စာမေးပွဲမှတ်ပုံတင်ကြေးအနေနဲ့ တဦးကို အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာပေးသွင်းရမှာ ဖြစ်ပြီး ကျပ်ငွေနဲ့ ပေးသွင်းမယ့်သူတွေကတော့ တစ်ဒေါ်လာ ၃၈၀၀ ကျပ်နှုန်းနဲ့ ၁၀၆၄၀၀ကျပ် ပေးသွင်းရတယ်လို့ ကိုယ်တိုင် ပေးသွင်းခဲ့သူတဦးက ပြောပါတယ်။ လက်ရှိ အဲဒီစာမေးပွဲကိုဝင်ရောက်ဖြေဆိုဖို့ လျှောက်ထားသူဦးရေ ၇၅,၀၀၀ အထိ ရှိနေပြီလို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026