NEWS

EPS လုပ်သားများ ခွင့်ဖြင့် ပြန်လာပါက POEA ရုံးကို လူကိုယ်တိုင် သတင်းပို့ရမည်ဟုဆို

CoverLogo
369 Views
 
တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ်နဲ့ သွားရောက် အလုပ်လုပ်ကိုင်ပြီး ခွင့်ပြန်လာတဲ့ လုပ်သားတွေ အနေနဲ့ POEA ရုံး ကို လူကိုယ်တိုင်လာရောက် ကာ မပျက်မကွက် သတင်းပေးပို့ရမယ်လို့ Safe Migration က အသိပေးပြောလာပါတယ်။
 
ကိုရီးယားနိုင်ငံကနေ ခွင့်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ၊ခွင့်ပြန်အဖြစ် ပြည်လည်ထွက်ခွာမယ့် ဆိုပါက အစီအစဉ်အတိုင်း တင်ပြဆောင်ရွက်ကြဖို့လိုတယ်လို့ဆိုပါတယ်။
 
အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA)အစီစဉ်နဲ့ သွားရောက်လုပ်ကိုင်တဲ့ EPS လုပ်သားတွေဟာ POEA ရုံးက သတ်မှတ်ထားတဲ့ အထောက်အထား အပြည့်အစုံနဲ့ လူကိုယ်တိုင်သတင်းပေးပို့ တင်ပြရမယ်လို့ ဆိုပါတယ်။
 
မိမိအစီအစဉ်နဲ့ဖြစ်စေ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေရဲ့ အစီအစဉ်နဲ့ဖြစ်စေ၊သွားရောက်လုပ်ကိုင်ခဲ့ကြတဲ့ လုပ်သားတွေအနေနဲ့ ကတော့ gmail ကတစ်ဆင့် သတ်မှတ်အထောက်အထားပြည့်စုံစွာနဲ့ ပေးပို့တင်ပြကြရမှာဖြစ်တယ်လို့သိရပါတယ်။
 
ဒါ့အပြင် POEA အနေနဲ့ ကိုရီးယားရောက် မြန်မာ လုပ်သားတွေ ကို မိသားစု လွှဲပို့ငွေ အထောက် အထားတွေ ကိုလဲ လအလိုက် သတ်မှတ်ရက်အတွင်း ပေးပို့ကြဖို့ သတိပေး ကြေညာချက်တွေ မကြာခဏ ထုတ်ပြန်လျက်ရှိပါတယ်။

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026