NEWS

E&P Fashion အထည်ချုပ်စက်ရုံ အလုပ်သမားကို အထည်စံချိန်အလွန်အကျွံချုပ်လုပ်ခိုင်း

CoverLogo
849 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဘရားလမ်းမကြီးအနီးမှာဖွင့်လှစ်ထားတဲ့ E&P Fashion အထည်ချုပ်စက်ရုံမှာ 
အလုပ်သမားတွေကို အထည်စံချိန်အလွန်အကျွံတောင်းခံချုပ်လုပ်ခိုင်းနေပြီး လုပ်သားအခွင့်အရေး ဆုံးရှုံးနေရတယ်လို့အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာ အလုပ်သမား ၁၀၀ ကျော်နဲ့ CUH အမှတ်တံဆိပ် ရှပ်အင်္ကျီ၊ ဇာအင်္ကျီတွေချုပ်လုပ်ရတာဖြစ်ပြီး စက်လိုင်းတစ်လိုင်းလျှင် အလုပ်သမား ၃၀ ကျော်ရှိပြီး တစ်နာရီလျှင် လိုင်းပေါက် အထည် ၁၀၀‌ ကျော် တောင်းခံနေတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"ချုပ်ရတဲ့အထည်တွေက လက်ဝင်တယ် ခက်တယ်ပေါ့နော် အဲ့တာကို တစ်နာရီလိုင်းပေါက်အထည့် ၁၀၀ ကျော်ပေးရတယ် သူတို့တောင်းတဲ့စံချိန်ပြည့်အောင် အလုပ်သမားက မနားမနေ အသည်းအသန်ချုပ်တာတောင် စံချိန်ပြည့်အောင်မနည်းချုပ်နေရတယ် စံချိန်မပြည့်ရင် အောစူပါ စူပါတွေက အော်ဟစ်ဆဲဆိုတာ အမြဲတမ်းခံရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားတွေလည်းခန့်ထားပြီး အတည်ပြုဝန်ထမ်းခန့်အပ်ခြင်းမရှိဘဲ အလုပ်ရှိရင်ခိုင်းစေပြီး အလုပ်မရှိပါက အလုပ်မှ ထုတ်ပယ်တာကြောင့် နေ့စားအလုပ်သမားတွေနဲ့ အသက်မပြည့်သေးတဲ့ လူရွယ် အလုပ်သမားတွေအနေနဲ့ နစ်နာဆုံးရှုံးမှု တွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့်တွေ ခံစားခွင့်မရပါဘူး တခါတလေ နေမကောင်းလို့ ခွင့်တိုင်ရင် ခွင့်မပေးဘဲ တရက်ပျက်ရင် ‌ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ် ဖြတ်ခံရပါတယ် လူမှုဖူလုံရေးကြေးထည့်ဝင်ပေမဲ့ လူမှုဖူလုံရေးခံစားခွင့် ဆေးခွင့်လည်းမရဘူး ဖူလုံရေးဘက်က ဆေးခွင့်ပေးလည်း စက်ရုံဘက်က မပေးလို့ ဒေးကြေး ရက်မှန်ကြေးတွေဖြတ်ခံရတာ နစ်နာနေပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ ဥပဒေပါ ခွင့်ခံစားခွင့်တွေပေးဖို့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ စံချိန်ပမာဏကိုသာ သတ်မှတ်တောင်းခံဖို့ လုပ်သက် ၃ လကျော်ပြီးသော အလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်ဖို့ စတဲ့အချက်တွေ ‌ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026