NEWS

E&P Fashion စက်ရုံကအလုပ်သမားများစက်ရုံအတွင်းခြိမ်းခြောက်ခံနေရ

CoverLogo
620 Views

လှိုင်သာယာမြို့နယ်  စက်မှုဇုန် ၅၊ အနော်ရထာလမ်းမှာ ဖွင့်လှစ်ထားတဲ့ E&P Fashion အထည်ချုပ်စက်ရုံက အလုပ်သမား (၄၀၀) ကျော်ဟာစက်ရုံတွင်းခြိမ်းခြောက်မှုတွေခံနေရတယ်လို့ သိရပါ တယ်။ 

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမားလူဉီးရေ (၄၀၀)ကျော်ဖြင့် House၊ xc တံဆိပ်ဖြစ်တဲ့ ဂျင်းအနွေးထည်၊ လက်ပျက်ဂျာကင်ထည်များ ချုပ်လုပ်နေတဲ့စက်ရုံဖြစ်တယ်လို့  သိရပါတယ်။  

၎င်းစက်ရုံမှမန်နေဂျာဆိုသူဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၃၀ ရက်နေ့က  အလုပ်ရှင်သဘောမကျတဲ့အလုပ်သမားများ၊ ငြိမ်မခံဘဲပြန်ခံပြီးပြောတဲ့ အလုပ်သမားများကို "နောက်စက်ရုံတွေမှာ  အလုပ်လျှောက်မရအောင်လုပ်ပစ်မယ်"လို့  ခြိမ်းခြောက်ခဲ့သလို  အလုပ်သမားတွေကို pdf ပါလို့ စစ်တပ်ကိုတိုင်ပြီး ဖမ်းခိုင်းမယ်လို့လည်း လုပ်ငန်းခွင်ထဲတွင် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်မှုများ ပြုလုပ်ကာ စေခိုင်းနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အဲဒီလိုခြိမ်းခြောက်မှုများရှိနေခြင်းကြောင့် အလုပ်သမားများဟာ လုပ်ငန်းခွင်ထဲမှာ လုံခြုံမှုမရှိသလို ခံစားနေရပြီး စိုးရိမ်မှုများဖြင့် လုပ်ကိုင်နေရတာဖြစ်တယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် အော်ဒါအရေးကြီးတယ်ဆိုကာ အချိန်ပိုအိုတီများကို အောနိုက်၊ အောလင်းများဆင်းခိုင်းပြီး လစာပေးချေရာမှာလည်း ဒေးကြေးနဲ့ပေးချေမယ်လို့ အသိပေးထားပြီး လစာပေးရာတွင် အထည်ကြေးနဲ့ ရှင်းပေးတာမျိုး ပြုလုပ်လေ့ရှိတာကြောင့် အခက်တွေ့နေရတယ်လို့အလုပ်သမားကပြောဆိုပါတယ်။

"လစာကို ဘယ်လိုပေးမလဲမေးရင် ၁ ရက်နေ့ကနေ ၃၀ ရက်နေ့ထိကို ဒေးကြေး ၄၈၀၀ နှုန်းနဲ့ပေးမယ်ပြောတယ် လကုန်လို့ ၅ ရက်နေရင်တော့ အထည်ကြေးနဲ့ပေးမယ်ဆိုပြီး ပြောင်းသွားတယ် အလုပ်လုပ်လို့ရမဲ့ပမာဏနဲ့ အလုပ်ရှင်တွက်ပေးတဲ့ လစာပမာဏက ကွာနေတော့အဆင်မပြေဘူး"လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်အတွင်း ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ကျေနပ်မှုမရှိသော်လည်း တိုင်ကြားရန် ခက်ခဲနေခြင်း အလုပ်သမားတွေရဲ့ ဓါတ်ပုံကို အလုပ်မရအောင် လုပ်မယ်လို့ခြိမ်းခြောက်တာနဲ့ စစ်တပ်ကို ဖမ်းခိုင်းမယ်ဆိုပြီးခြိမ်းခြောက်ပြောဆိုနေလို့ အကြောက်တရားတွေနဲ့ ငြိမ်ခံနေရတယ်လို့အလုပ်သမားတွေကပြောဆိုပါတယ်။

"စက်ရုံကို ၉ လပိုင်း ၂၀ ရက်နေ့က ယာယီပိတ်တယ်ဆိုပြီးကြေညာတယ် ၁၀ လပိုင်း ၂ ရက်နေ့မှာ ပြန်ဖွင့်တယ် အလုပ်ပိတ်ထားတဲ့ရက်တွေကိုတော့ အလုပ်သမားတွေရဲ့ သဘောမပါဘဲ ၂၄၀၀ ပဲပေးတယ် အဲဒါကိုထောက်ပြတဲ့ အလုပ်သမား တစ်ဝက်လောက်ကို အလုပ်မခိုင်းဘဲ ငုတ်တုတ်ထိုင်ခိုင်းထားတယ်"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

စက်ရုံယာယီပိတ်ရက်အတွက် ဒေးကြေး ၂၄၀၀ သာ ပေးချေမှုအပေါ် ထောက်ပြတဲ့အလုပ်သမား ဦးရေဟာ ၁၈၀ ကျော်ရှိပြီး ပြန်လည် တွက်ချက်ပေးတာမျိုးလည်းမရှိဘူးလို့ ဆိုပါတယ်။

 အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ လုပ်ငန်းခွင်ထဲမှာ မန်နေဂျာမှ အလုပ်သမားများကို စစ်တပ်ဖြင့်ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်မှုများ မပြုလုပ်ရန် အလုပ်မခိုင်းဘဲ  ငုတ်တုတ်ထိုင်ခိုင်းထားတဲ့ အလုပ်သမားက (၁၈၇)ယောက်ကို အငြိုးအတေးထားပြီး မဆက်ဆံရန် အလုပ်သမားများ အသုံးပြုသောအိမ်သာများကို ပြင်ဆင်ပေးရန် လစာပေးရာတွင် ရှင်းလင်းမှုရှိရန်နှင့် လစာထုတ်ခါနီးမှ အပြောင်းအလဲပြုလုပ်ပြီး မရှင်းရှင်းမပြုလုပ်ရန် အချိန်ပိုအိုတီများကို အောနိုက်၊ အောလင်းများဆင်းခိုင်းရာတွင် အလုပ်သမားများ သဘောဆန္ဒကို မေးမြန်ရန်နှင့် ဖိအားပေးဆင်းခိုင်းခြင်း မပြုလုပ်ရန်တို့ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026