NEWS

EC စာချုပ် ဖောက်ဖျက်မှုနဲ့ စိုက်ပျိုးရေး ဆေးကုမ္ပဏီကို အလုပ်သမားတွေတရားစွဲဆိုသွားမည်ဟုဆို

CoverLogo
640 Views
 
ရန်ကုန်မြို့ Ctystal Tower, Iunction Square Compound ကျွန်းတောလမ်း၊ ကမာရွတ်မြို့နယ် မှာ ဖွင့်လှစ်ထားတဲ့ Myanmar Arysta LifeScience Co.,Ltd စိုက်ပျိုးရေးဆေးကုမ္ပဏီကို EC စာချုပ်ဖောက်ဖျက်မှုကြောင့် အလုပ်သမားတွေကတရားစွဲဆိုသွားမယ်လို့ အဲဒီအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးသူထံမှ သိရပါတယ်။
 
အဆိုပါဆေးကုမ္ပဏီက ဝန်ထမ်းများနှင့် ချုပ်ဆိုထားသော အလုပ်ရှင်အလုပ်သမားသဘောတူညီချက် EC စာချုပ်ကို အလုပ်ပိတ်သိမ်းအကြောင်းပြပြီး စာချုပ်ဖောက်ဖျက်မှု ကျူးလွန်ကာ ဝန်ထမ်းအလုပ်သမား (၂၈ဦး) အား ၈.၁၀.၂၀၂၄ ရက်နေ့တွင် Country Manager နှင့် မန်နေဂျာချုပ် ဒေါ်- မှ ရန်ကုန်ရုံးချုပ်သို့ခေါ်ကာ ၃၁.၁၂.၂၀၂၄ ရက်နေ့မှာ အလုပ်မှရပ်နားမယ်ဆိုကာ နို့တစ်ပေး ပြောကြားခဲ့တာလို့ သိရပါတယ်။
 
အဲဒီနောက် ၁၀.၁၀.၂၀၂၄ ရက်နေ့ မနက်(၁၁း၀၀) ခန့်တွင် ဝန်ထမ်းတွေကို နို့တစ်စာရွက်များပေးခဲ့ပြီး ၂၇.၁၂.၂၀၂၄ ရက်နေ့ တွင် ဝန်ထမ်းများ၏ လုပ်သက်နစ်နာကြေးများကို ဘဏ်မှတစ်ဆင့် လွှဲပေးခဲ့တဲ့နောက် ၉.၁.၂၀၂၅ ရက်နေ့တွင် Country Manager နှင့် မန်နေဂျာချုပ် ဒေါ်- တို့မှ ရန်ကုန်ရုံးချုပ်သို့ လာရောက် ပြီး လုပ်သက်နစ်နာကြေးများရရှိကြောင်း လက်မှတ်ထိုးပေးရန် ခေါ်သဖြင့် သွားရောက်ခဲ့ကြရတယ်လို့ပြောပါတယ်။
 
သွားရောက်စဥ်ကုမ္မဏီ၏ စည်းမျဉ်း စည်းကမ်းများနှင့် နှစ်ဖက်သဘောတူစာချုပ်အရ ကုမ္မဏီမှ ပေးရန်ကျန်ရှိသော လုပ်သက်အလိုက်ပင်စင်ခံစားခွင့်၊ ဂရုဏာထောက်ပံ့ကြေးများကို မည်သည့်ရက်တွင်ပေးချေမည်နည်းဟု မေးမြန်းခဲ့ရာမှာတော့ "ကုမ္ပဏီ၏ သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များက ပေးသွင်းရန်ကျန်ရှိသော ကုန်ဖိုးငွေများ အကြေပေးသွင်းပြီးမှသာ ပေးနိုင်မယ်လို့ဆိုခဲ့တယ်"လို့ သိရပါတယ်။
 
အဆိုပါအလုပ်သမား ၂၈ ဦးမှာ လုပ်သက်နှစ် ၃၀ ကျော်အထိ အလုပ်သမားများပါပါဝင်နေပြီး လုပ်သက်အလိုက်ပင်စင်ခံစားခွင့်နဲ့ထောက်ပံ့ကြေးများကို ပေးချေရန်မရှိဘဲ အရောင်းကိုယ်စားလှယ်များပေးသွင်းရန် ကျန်ရှိသောငွေကြေးများလာရောက်ပေးသွင်းပြီးမှသာ အလုပ်သမားတွေကိုပေးနိုင်မယ်ပြောဆိုတာဟာ ချုပ်ဆိုထားသောEC စာချုပ်အား လုပ်ငန်းရှင် ဘက်မှ ဖောက်ဖျက်ခြင်းပင်ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါနစ်နာကြေးအတွက် ဇန်နဝါရီ၂၂ရက်မှာညှိနှိုင်းဖို့ရှိတယ်လို့ဆိုခဲ့ပေမဲ့ အလုပ်သမာတွေအနေနဲ့ တရားစွဲဆိုမယ်လို့
ဇန်နဝါရီ၂၂ရက်နေ့မှာပဲပြောဆိုခဲ့တာဖြစ်ပါတယ်။
 
ဆေးကုမ္ပဏီအနေနဲ့ အလုပ်သမား ၂၈ဦးလုံးထံသို့ ငွေများလွှဲပေးခဲ့ပေမဲ့လည်း အကုန်လွှဲပေးခြင်းမရှိဘဲ ရရန်ကျန်ရှိနေသေးတာဖြစ်တယ်လို့သိရပါတယ်။
 
ယခုကဲ့သို့ ပြုမူ တုန့်ပြန်ခဲ့ခြင်းမှာ ဆယ်စုနှစ် ၃ ခု နီးပါးကြာအောင် ကုမ္ပဏီတွင် အချိန်နှစ်မြှုပ် အလုပ် လုပ်ပေးခဲ့သော အလုပ်သမားဝန်ထမ်းများအတွက် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှူ တခုဖြစ်တယ်လို့လည်း အလုပ်သမား အရေးဆောင်ရွက်သူကဆိုပါတယ်။
 
"ဒီနေ့ညှိဖြစ်လားဆို တရားစွဲဆိုရပါမယ်"လို့ အလုပ်သမားနဲ့နီးစပ်သူက ဆိုပါတယ်။
ယခုကဲ့သို့ အလုပ်သမားများအား စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ နောက်ဆက်တွဲချုပ်ဆိုထားသော နှစ်ဖက်သဘောတူစာချုပ်အား ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် STUM အနေဖြင့် နစ်နာသူအလုပ်သမားများ၏ ရပိုင်ခွင့်များအား အပြည့်အဝ ပြန်လည်ရရှိရေးအတွက်ကူညီပေးသွားမယ်လို့ ဆိုထားပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026