NEWS

DongXin စက်ရုံအမျိုးသမီးလုပ်သားများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရပြီး တာဝန်ရှိသူများ အကာအကွယ်မပေး ဟုဆို

CoverLogo
526 Views
 
DongXin အထည်ချုပ်စက်ရုံ အမျိုးသမီးလုပ်သားတချို့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံနေရပြီး တာဝန်ရှိသူတွေက အကာအကွယ်မပေးဘူးလို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
“အထည်ဖြတ် ဌာနက နိုင်ငံခြားသားက မိန်ကလေး အလုပ်သမားတွေကို ကာယအိန္ဒြေပျက်ပြားအောင် ထိပါးနှောက်ယှက်နေတာ။ တယောက်လည်း မဟုတ်ဘူး။ နှစ်ယောက်လည်း မဟုတ်ဘူး။ အတော်များများ ဖြစ်နေတယ်။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
အဲဒီ နိုင်ငံခြားသားက စက်ရုံမှာ လုပ်ကိုင်နေတာ ၆ လဝန်းကျင်ရှိ ရှိနေပြီလို့ ပြောပါတယ်။ မိန်းကလေး အလုပ်သမားတွေကို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရိုက်ပုတ်တာ၊ တမင်သကိုင်တွယ်တာတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ အမျိုးသမီးအလုပ်သမားက ပြော ဆိုပါတယ်။ ဌာနအတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို တိုင်ကြားခဲ့ပေမဲ့ အကာအကွယ်မပေးတဲ့ အပြင် အလုပ်ထွက်ဖို့ အထိ ဖိအားပေးဆက်ဆံတယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။
 
“ကိုယ်က နှောင့်ယှက်ခံရတာ မကျေနပ်လို စက်ရုံ HR မန်နေဂျာကို တိုင်ရင်တောင် ပဲ့ပါသွားလို့ လားလို့ ပြန်ပြောတယ်။ တိုင်လည်းအရေးမယူဘူး။ တိုင်တဲ့သူပဲ အလုပ် ထွက်အောင် ဖိအားပေးတယ်။” လို့ ပြောပါတယ်။
 
လိင်ပိုင်းဆိုင် နှောင့်ယှက်ခံရသူတွေမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်တာ ၊ လုပ်ငန်းခွင် စွမ်းဆောင်မှု ကျဆင်းတာ၊ လုပ်ငန်းခွင်ကို စွန့်ခွာတာတွေ ဖြစ်ပွားနိုင်တယ်လို့ အမျိုးသမီးအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း ဖြစ်ပွားမှုတွေကို စုံစမ်းအရေးယူဖို့ မန်နေဂျာနဲ့ HR ဌာနတွေက အဓိက တာဝန်ရှိသူတွေ ဖြစ်ပြီး အရေးယူမှု မပြုလုပ်နိုင်ပါက လုပ်ငန်းခွင်တွေ အခြေအနေတွေကို ထိခိုက်စေနိုင်တယ်လို့ အတွေ့အကြုံရင့် HR မန်နေဂျာတဦးက ပြောဆိုပါတယ်။
 
DongXin စက်ရုံလုပ်ငန်းခွင်အတွင်: အမျိုးသမီးလုပ်သားတွေကို ငွေကြေးနဲ့ စည်းရုံးတာတွေ ပြီးခဲ့နှစ်အတွင်း ဖြစ်ပွားခဲ့ပြီးနောက် အခုနှစ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာတွေကို ကြုံတွေ့ရတာ ဖြစ်တယ်လို့ ပြောထားပါတယ်။
 
Dongxin Garment Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၃၊ နဝဒေးမင်းကြီးလမ်းမှာရှိ ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026