NEWS

Dong Yu အထည်ချုပ် WCC ကိုယ်စားလှယ်အား အလုပ်ရှင် ရွေးချယ်၊ စစ်ဆေးရေးအဖွဲ့အား လိမ်လည် ဖြေကြားခိုင်း

CoverLogo
513 Views
 
Dong Yu Garment III Co.,Ltd အထည်ချုပ်စက်ရုံက WCC ကိုယ်စားလှယ်တွေကို စက်ရုံဘက်က ရွေးချယ်ပေးပြီး အလုပ်သမားတွေကို မဲ့ထည်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ကိုယ်းစာလှယ်တာတွေကို မဲပေးခဲ့တာကို ပြီးခဲ့တဲ့ မေလထဲမှာ ပြုလုပ်ခဲ့တာလို့လည်း မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“၅လပိုင်းထဲမှာ မဲပေးခဲ့တယ်။ WCCရွေးချယ်ရာမှာ အလုပ်သမားများစိတ်ကြိုက် ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ အလုပ်ရှင်ကသာ ရွေးချယ်ထားတာ။ ရွေးထားတဲ့သူတွေကို အလုပ်သမားတွေက မဲပေးခိုင်းခဲ့တာ.” လို့ ပြောပါတယ်။
 
စက်ရုံကို စစ်ဆေးရေး အဖွဲ့တွေ လာရောက်စစ်ဆေးရာမှာ စစ်ဆေးရေးတွေ လာရောက်မှာကို ကြိုတင်သိထားပြီး မေးခွန်းတွေ ဖြေကြားဖို့ကို စာရေးမတွေ ကြိုတင် သင်ကြားပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လုပ်ငန်းခွင်မှာ အကုန်ကောင်းမွန်ကြောင်းကို စာရေးမတွေကို ပြောခိုင်းတယ်။ ကြိုသင်ပေးထားတာ။ စစ်ဆေးရေးတွေလာတော့ သင်ပေးထားတဲ့ စာရေးမတွေကို ဖြေခိုင်းတယ်။ အလုပ်သမားတွေကို မဖြေခိုင်းဘူး။ အလုပ်သမားတွေ အမှန်တိုင်းဖြေခွင့်မရဘူး။ ချိုးဖောက်မှုတွေလည်း မပြောင်းဘူး၊ ဆက်လက်ပြီး ချိုး ဖောက်နေတာ။ “ လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်တွေကို ဖိအားပေး တောင်းခံပြီး ၊ အထည်စံချိန်ပြည့်ပါကလည်း စက်ရုံဘက်က စံချိန် ထပ်တိုးတောင်းခံများကိုတောင်းခံတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အထည်စံချိန်မရတာနဲ့ ညနက် ၁၁ အထိ အချိန် ပို မဆင်းတဲ့ အလုပ်သမားတွေကို စူပါ၊ လီတာတွေက ဆဲဆို ကြိမ်းမောင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ ည ၁၁နာရီအထိ အချိန်ပိုဆင်းရလည်း။ လစာကနည်းတယ်။ ဂရိတ်ကြေးတွေကလည်း တကယ်ကျွမ်းကျင် သူတေ မရဘူး။ စူပါ၊ လီတာတွေနဲ့ နီးစပ်သူတွေပဲ ဂရိတ်ကြေး ပေးတာ။ အလုပ်သမားအ ချင်းချင်း ခွဲခြားဆက်ဆံတာပါ။” လို့ ပြောပါတယ်။
အလုပ်သမားဥပဒေပါ ရှောင်တခင်ခွင့်ရက် မရဘဲ အလုပ်ပျက်ရက် သတ်မှတ်ပြီး ဒေးကြေး ၁၃၀၀၀ နဲ့ ရက်မှန်ကြေးကျပ် ၄၀၀၀၀ ဖြတ်တောက်ခံရတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပိုလုပ်ခကို ကျပ် ၂၀၀၀ ပဲ ပေးထားလို့ အလုပ်သမားတွေ နစ်နာနေရတယ်လို့ သိရပါတယ်။
 
“စက်ရုံမှာ ဂိတ်ပတ်လည်း လွယ်လွယ်ကူကူမရဘူး။ ဘိုင်လာ ထင်းချတော့ စက်ချုပ်အလုပ်သမားတွေကို ချခိုင်းတယ်။များ သောက်ရေလည်း မလုံလောက်ဘူး။ သောက်ရတဲ့ ရေကြတော့ အနံတွေနဲ့ ၊ မသန့်ရှင်းဘူး။ အလုပ်သမားတွေလည်း ကျန်းမာရေးထိခိုက်တယ်.” လို့ ပြောပါတယ်။
 
Dong Yu Garment III Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြစံပယ်လမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၈၀၀ကျော် လုပ်ကိုင်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး Workman COLOURS တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026