ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ Dong Sheng Xing Apparel Co.,Ltd စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေကို အချိန်ပို အလွန်အကျွံ လုပ်ကိုင်ခိုင်းနေတယ်လို့ သိရပါတယ်။ အဲဒီ စက်ရုံကတော့ GYSen Myanmar (2) အထည်ချုပ်စက်ရုံကို အမည်ပြောင်းလဲ ဖွင့်လှစ်ထားတာလို့လည်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က ပြောပါတယ်။
" ည ၁၂ အထိ အောနိုက်ခေါ်တယ်။ စနေနေ့မှာ အောလင်း ဆင်းရတယ် ။ ကိုယ်ဝန်ဆောင်တွေ ကလေးငယ် မိခင်တွေပါ မကျန်ဘူး အတင်းအကျပ် ဆင်းခိုင်းတယ်။ OT မဆင်းနိုင်ဘူးဆိုရင် အလုပ်ထွက်ခိုင်းတယ်၊ အမျိုးမျိုးဖိအားပေးတယ်၊ ခွဲခြားဆက်ဆံတာမျိုးလည်း လုပ်တယ်။ အလုပ်သမားရုံး ဖုန်းဆက်တိုင်တော့လည်း စက်ရုံလာစစ်တဲ့အဖွဲ့က မစစ်ဘဲ ဂိတ်ပေါက်ကပဲ လှည့်ပြန်သွားတယ်"လို့ အလုပ်သမားတွေက ပြောကြား တယ်လို့ STUM အဖွဲ့ဆီက သိရပါတယ်။
အဲဒီ စစ်ဆေးရေးအဖွဲ့လာရောက်စဉ်က အလုပ်သမားတွေကို Packing ဌာနက အထည်အပူပေးခန်းမှာ ပုန်းအောင်း ခိုင်းခဲ့တယ်လို့ လည်း သိရပါတယ်။ ဒီဇင်ဘာ ၂၉ ရက်ကလည်း Packing (ထုတ်ပိုး) ၊ Iron (မီးပူတိုက်) နဲ့ QC (အရည်သွေးစစ်) ၊ စက်လိုင်းဌာန ၊ Cutting(အထည်ညှပ်) ဌာနတွေက ဝန်ထမ်း အယောက် ၂၀၀ ကျော်ဟာ ည ၁၂ အထိ အောနိုက် အလုပ်ဆင်းခဲ့ရပြီး အချိန်ပို လုံးဝ မလုပ်နိုင်တော့လို့ အလုပ်သမားတွေက STUM အဖွဲ့ဆီ ဖုန်းဆက် အကူအညီတောင်း ခဲ့တယ်လို့လည်း သိရပါတယ်။
GY Sen(2) Myanmar စက်ရုံဟာ အော်ဒါနည်းလာတယ်ဆိုပြီး စက်ရုံပိတ်သိမ်းခဲ့တာဖြစ်ပြီး စက်ရုံပြန်ဖွင့်ဖြစ်ရင် အလုပ်သမားဟောင်းတွေကို ဦးစားပေးပြန်ခန့်မယ်ဆိုတဲ့ သဘောတူစာချုပ်နဲ့ စက်ရုံပိတ်သိမ်းခဲ့တာကြောင့် အလုပ်သမား တထောင်ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
Dong Sheng Xing Apparel Co.,Ltd ဆိုပြီး အမည်ပြောင်း ဖွင့်လှစ်ပြီးနောက် လိုအပ်သူကိုသာရွေးချယ် ခေါ်ယူခဲ့လို့ အလုပ်မရခဲ့တဲ့ အလုပ်သမားဟောင်း များစွာ ရှိခဲ့တယ်လို့ STUM က ရေးသားထားပါတယ်။
Photo- REUTERS (Soe Zeya)
NEWS
Dong Sheng Xing Apparel စက်ရုံက အချိန်ပို အလွန်အကျွံ လုပ်ကိုင်ခိုင်းလို့ အလုပ်သမားများ အကူအညီတောင်း

985 Views
Related posts

Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026

Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026

ရန်ကုန် အခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026

Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026

YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026

Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026

Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026