NEWS

Dishang kenny Garment နိုင်ငံခြားသားများ တိုက်ရိုက်အုပ်ချုပ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိနေ

CoverLogo
523 Views
 
Dishang kenny (Myanmar)Garment Co.Ltd က မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုန် ၊ လှိုင်သာယာမြို့နယ်မှာ လုပ်သားအင်အား ၈၀၀ နဲ့လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ပါ။ စက်ရုံမှာ PIAZZAITALIA , Defacto, Yamamay တံဆိပ်တွေ ချုပ်ပါတယ်။
စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေကို နေ့စဉ် (အထည်) စံချိန် မတရားတောင်း ခိုင်းစေပါတယ်။ စံချိန်မပြည့်ဘူးဆိုပြီးလည်း အောစူပါ၊ စူပါတွေက အော်ဟစ်ဆဲဆို ဆူပူပါတယ်။ အဲဒီစံချိန်အတွက် အလုပ် မပြီးဘူးဆိုပြီး ညနက် ၁၁နာရီအထိ ရက်ဆက် အချိန်ပို ခေါ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အလုပ် ဆင်းတယ် ဆိုပြီး အလုပ်သမားတွေကို လက်မှတ်ထိုးခိုင်းပါတယ်။ အစိုးရပိတ်ရက်များကိုလည်း အလုပ်ဆင်းခိုင်းပါတယ်။ ရှိပါသည်။ မနက်ဆို ၇ နာရီ ၁၅ ကတည်းက မီတင်လုပ်ပါတယ်။
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို တရုတ်နိုင်ငံသားတွေ ကိုယ်တိုင်အုပ်ချုပ်ပါတယ်။ အလုပ်သမားတွေကို အလုပ်အချိန် မဟုတ်ဘဲ အလုပ်မစရကောင်းလားဆိုပြီး အဲဒီတရုတ်တွေက ပြောဆိုဆူပူပါတယ်။ အလုပ်သမားတွေ ပြန်ပြောရင်လည်း သတိပေးလက်မှတ် (ဝမ်နင်) ထိုးခိုင်းပါတယ်။
Finishing ဌာနက QC တရုတ်(ဆရာ)ကျွမ်းကျင်သူ တစ်ယောက်က လုပ်ငန်းခွင်ထဲက မိန်းကလေးငယ်တွေကို ကိုယ်လက် ထိကပါးရိကပါး လုပ်ပါတယ်။ စာရိတ္တမကောင်းသူ၊ အပြောအဆို မိုက်ရိုင်းကြမ်းတမ်းတွေကို ခေါင်းဆောင်တင်ပါတယ်။
မြန်မာမန်နေဂျာ ရှိပေမဲ့ အလုပ်သမားတွေကို အကာအကွယ်မပေးပါ။
အလုပ်ရှိရင် နေ့စားအလုပ်သမားတွေကို စက်ရုံက ခေါ်ခိုင်းပါတယ်၊ အလုပ်မရှိပါက အလုပ်ထုတ်ပါတယ်။ ဘာခံစားခွင့်မှ မရပါဘူး။
စက်ရုံကို လာရောက်စစ်ဆေးတဲ့ အခါမှာလည်း စက်ရုံတာဝန်ရှိသူတွေက ကြိုတင်သင်ကြားထားပြီး လိမ်လည် ဖြေကြား ခိုင်းပါတယ်။
စက်ရုံ အလုပ်သမားတွေမှာ စားဝတ်နေရေးအတွက် အမျိုးမျိုး သည်းခံလုပ်ကိုင်နေရပါတယ်။ စိတ်ဒုက္ခလည်း ရောက်ကြရပါတယ်။ အလုပ်သမားတွေကို အကူအညီပေးစေချင်ပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026