NEWS

Dishang Group မှ စက်ရုံ တရုံ လုပ်ငန်းခွင် ဆန္ဒပြနေ

CoverLogo
791 Views

DISHANG GROUP (Great Summer/ HuAXIA) အထည်ချုပ် စက်ရုံမှာ အလုပ်သမား အများစု က လုပ်ငန်းခွင် အတွင်း တောင်းဆို ဆန္ဒပြ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခုလို တောင်ဆိုမှုတွေ ပြုနေတာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းကတည်းက ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“စက်ရုံရဲ့ မန်းနေဂျာဒါရိုက်တာ တရုတ်အမျိုးသမီးက အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေကြားကို သွေးခွဲစကား ပြောပြီး ညီညွတ်မှု ဖြိုခွဲနေတယ်။ နောက် အရင်စက်ရုံမှူးအဟောင်းကို စက်ရုံ အရှုံးပေါ်ပြီး အလုပ်ကနေ ထုတ် ထားတယ်။ ပြီးတော့ ခေါင်းဆောင် တချို့ကို ရာထူးလစာ ထိုးပေးပြီး အလုပ်သမားတွေကို ဖိနှိပ် ခိုင်းနေတယ်။ အဲလို့ အခွင့်အရေးလက်မခံတဲ့ ခေါင်းဆောင်တွေကို အလုပ်ထုတ်ဖို့ ပြင်ဆင်တယ်။ ဒါကို အလုပ်သမားတွေက သိလို့ လုပ်ငန်းခွင်တောင်းဆိုတာတွေ လုပ်တာ။ အဓိကက အလုပ်ထုတ်ထားတဲ့ စက်ရုံမှူးဟောင်းကို ပြန်ခန့်ပေး ဖို့ပဲ။” လို့ အလုပ်သမားတွေက ပြောပါတယ်။  

Great Summer/ HuAXIA  အထည်ချုပ် စက်ရုံက အနော်ရထာစက်မှုဇုန်မှာရှိပြီး စက်ရုံတည်ရှိရာဝင်းအတွင်း မှာ Dishang Group  ရဲ့ သီးခြား စက်ရုံ သုံးရုံလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“စက်ရုံဝင်းထဲမှာ စုစုပေါင်း စက်ရုံ လေးရုံ ရှိတယ်။ Great Summer က တရုံ အပါအဝင်ပါ။ အခု လုပ်ငန်းခွင် ဆန္ဒပြနေတဲ့ အထဲမှာ အလုပ်သမား ၇၀၀ ကျော်ပါဝင် ဆန္ဒပြနေတာပါ။ အထည်စစ် ဌာန၊ စက်လိုင်း ၁၁ လိုင်းနဲ့ ထုတ်ပိုး ဌာနက အလုပ်သမားတွေလည်း ပါဝင် တောင်းဆိုနေကြပါတယ်။ သောက်ရေကိစ္စ၊ ဖယ်ရီကိစ္စတွေလည်း အခက်အခဲရှိတယ်။ ဒါတွေလည်း တောင်းဆိုထားပါတယ်။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောဆိုပါတယ်။ 

စက်ရုံအတွင်း အတွင်း အောစူပါ သုံးဦးက စက်လိုင်း ၁၆ လိုင်းကို အုပ်ချုပ်နေပြီး အဲ့ဒီထဲက စက်လိုင်း ၁၁ လိုင်းနဲ့ တခြားဌာနတွေက တောင်းဆိုမှုတွေ ပြုလုပ်နေတာပါ။ လက်ရှိ လုပ်ငန်းခွင်အတွင်း အေးဆေးစွာ တောင်းဆို နေတာဖြစ်ပြီး အကျပ်အတည်းကို ဖြေရှင်းပေးဖို့ မြို့နယ် အလုပ်သမားရုံးကို အကြောင်းကြားထားတယ်လို့လည်း အလုပ်သမား တချို့က ပြောကြားထားပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026