NEWS

Dishang Group(Myanmar)Dihuali Grament စက်ရုံ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေဟုဆို

CoverLogo
958 Views

လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် အနော်ရထာလမ်းနှင့် ဧရာဝတီလမ်းထောင့်လမ်း မှာ လုပ်သား ၁၀၀၀ ကျော်နဲ့ ဖွင့်လှစ်ထားတဲ့ Dishang Group(Myanmar)Dihuali Grament စက်ရုံ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

ပိုင်ရှင်မှာတရုတ်နိုင်ငံ သားဖြစ်ပြီး စက်ရုံတွင် ဂျပန်အမှတ်တံဆိပ် (FINEASSIST) (BEST COOL) ဂျာကင်အထည်နှင့်ဘောင်ဘီများချုပ်ကာ တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။ 

 

လုပ်ငန်းခွင်အတွင်းအထည်ချုပ်လုပ်သားများ ရရှိနေသော အခကြေးငွေနှုန်းထားမှာ ဒေးကြေး ၄၈၀၀ ကျပ် အချိန်ပိုကြေး ၁ နာရီ ၁၂၀၀ ကျပ် ရက်မှန်ကြေး ၃၀၀၀၀ ကျပ် ကျွမ်းကျင်ကြေး A 36000 ကျပ် B 24000 ကျပ် C 12000 ကျပ် ရရှိပြီး မည်သည့်ခွင့်အမျိုးအစားမဆို ခွင့် ၁ ရက် ယူပါက ရက်မှန်ကြေးများဖြတ်တောက်ခံရတာကြောင့် ခွင့်ခံစားခွင့် ရရှိလိုတယ်လို့ အလုပ်သမားကပြောပါတယ်။

 

လုပ်ငန်းခွင်အတွင်း ချုပ်လုပ်နိုင်တာထက် ပိုများတဲ့ အထည်စံချိန်တောင်းခံပြီး စံချိန်မပြည့်ပါက စူပါများမှ ဖိအားပေးပြောဆိုမှုများလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

 

" အလုပ်ရှင်ဘက်က အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက် ပိုတောင်းထားတယ် စံချိန်မပြည့်ရင် စက်ရုံမှူးက စူပါတွေကိုခေါ်ပြီး ပြောဆိုတာလုပ်တယ် စူပါတွေက အလုပ်သမားတွေကိုပြန်ပြီး ဖိအားပေး အော်ဟစ်ပြောဆိုတာလုပ်တယ် အထည်စံချိန်ကအရမ်းခက်တဲ့ အထည်ဆို ၁ နာရီကို ၃၀ တောင်းတယ် တချို့အထည်တွေကျတော့ ၅၀ ကနေ ၈၀ ထိတောင်းတယ် အော်ဒါ အရေးကြီးလို့ဆိုပြီး အချိန်ပိုကို အလုပ်သမားသဘောဆန္ဒမပါဘဲဖိအားပေးခေါ်တာတွေလုပ်တယ်" လို့ အလုပ်သမားကပြောဆိုပါတယ်။

 

"တချို့ရက်တွေဆိုရင် အချိန်ပို အိုတီ ကို ည ၉ နာရီ ၊ ၁၂ နာရီ ၊ မနက် ၄ ခွဲ ထိဆင်းရတာရှိတယ် မနက်ကျရင်လည်းပုံမှန်အတိုင်း အလုပ်ဆက်လုပ်ရတယ်

တနဂ်နွေးအချိန်ပိုကြေး တွေကို လစာတိုင်ထဲမထည်ဘဲနောက်အပတ်သောကြာနေမှထုတ်ပေးပါတယ် အချိန်ပိုမတရားဆင်းနေရလို့ အလုပ်သမားတွေကခေါင်းတွေမူးပြီး မူးလဲတဲ့သူတောင်ရှိတယ် နေမကောင်းလို့ အလုပ်ပျက်ရင်လည်း ကျွမ်းကျင်ကြေး ရက်မှန်ကြေးအဖြတ်ခံရတယ် အလုပ်လုပ်ရတာ ငတ်မသေရုံတမယ်ပဲ " လို့ အလုပ်သမားကပြောပါတယ်။

 

စက်ရုံတွင်းပေးထားတဲ့ သောက်သုံးရေ မသန့်ရှင်းတာကြောင့်လည်း အပြင်ကရေ၀ယ်သောက်နေရပြီး အိမ်သာများလည်းပျက်စီးကာ အနံ့အသက်များထွက်ပေါ်နေပြီး ပြုပြင်ပေးစေချင်တယ် လို့ဆိုပါတယ်။

 

နေ့စားအလုပ်သမားတွေ ခိုင်းစေပြီး ၂ ပတ်အတွင်းအလုပ်ထုတ်တာ ဂျပန် မှ စစ်ဆေးရေးများ လာရောက်စစ်ဆေးစဥ် အပြစ်တစုံတရာ တွေ့ပါက အလုပ်သမားနဲ့လိုင်းခေါင်းဆောင်တွေထံမှ ဒဏ်ကြေးဖြတ်တောက်မယ်လို့ ခြိမ်းခြောက် မှုများပြုလုပ်ခံနေရတယ်လို့ဆိုပါတယ်။

 

အလုပ်သမားများတောင်းဆိုချက်များအနေနဲ့အလုပ်သမားများသဘောဆန္ဒဖြင့်သာ အချိန်ပိုခေါ်ယူရန်၊ အလုပ်သမားများထုတ်လုပ်နိုင်သောအထည်စံချိန်အားတောင်းခံရန်၊ ဥပဒေခွင့်ရက်များဖြင့်ရက်ပျက်ပါက ရက်မှန်ကြေးနှင့်ကျွမ်းကျင်ကြေးမဖျက်တောက်ရန်၊ အလုပ်သမားများအားရေးသန့်တိုက်ရန်၊ လုပ်ငန်းခွင်အတွင်ဘေးအန္တာရာယ်ကင်းရှင်းအောင်လုပ်ဆောင်ပေးရန်၊ နေ့စားဝန်များကိုအမြဲထမ်းဝန်ထမ်းဖြင့်ခန့်ပေးရန်၊ အိမ်သာများကိုပြုပြင်ပေးပါရန်၊ အလုပ်သမားများကိုအလုပ်ရှင်မှခြိမ်းခြောက်ခြင်းများမပြုလုပ်ရန်စတဲ့ အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026