NEWS

Dishang fashion အထည်ချုပ်စက်ရုံဝန်ထမ်းများပေးစာ

CoverLogo
2.3K Views

မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊အမှတ် ၉၆၊၉၇ တွင်ဖွင့် လှစ်ထားပြီး Neon & Nylon, Zara,  Only စသည့် Brands များချုပ်လုပ်သော Dishang Fashion အထည်ချုပ်စက်ရုံသည် ၁၇.၁.၂၀၂၂ ရက်နေ့တွင် အလုပ်ဆင်းရသောလူဦးရေ ၉ ဦးနှင့် ၄.၂.၂၀၂၂ ရက်နေ့များတွင် အလုပ်ဆင်းရသောလူဦးရေ ၅ ဦးတို့ကို All Lin ခေါ်ယူခဲ့ပါတယ်။

၄င်းအလုပ်ရှင်သည် ၃.၁.၂၀၂၂ ရက်နေ့အစားကို၂၄.၁၂.၂၀၂၁ ရက်နေ့တွင်ရက်စားဆင်းခိုင်းရာအဲ့ဒီနေ့မလာနိင်သည့် အလုပ်သမားများက ဥပဒေပါခံစားခွင့် တင်ခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ခွင့်မပေးခဲ့ပါ။

ထိုနည်းတူစွာ အလုပ်ရှင်သည် ၃၀.၁.၂၀၂၂ ရက်နေ့တွင် တနဂ်နွေနေ့ ရက်သတ်တစ်ပတ် ပိတ်ရက် မပေးဘဲ ၁.၂.၂၀၂၂ ရက်နေ့ တရုတ်နှစ်သစ်ကူးရက်ကိုသာ အလုပ်ရှင်မှ ရက်သက်တစ်ပတ် အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ပြီး အဲ့ဒီနေ့ လုပ်ငန်းခွင်သို့ မလာနိင်သည့် အလုပ်သမားများက ဥပဒေပါ ခံစားခွင့်များတင်ခဲ့သော်လည်း အလုပ်ရှင်မှ ခွင့်အဖြစ်သတ်မှတ်ပေးခြင်းမရှိခဲ့ပါ။

၆.၂.၂၀၂၂ တနဂ်နွေနေ့ကို အလုပ်ရှင် အိုပါတိုင် ခေါ်ယူခဲ့သောကြောင့် အလုပ်သမားများအလုပ်ဆင်းခဲ့ရပါတယ်။

၁၃.၂.၂၀၂၂ တနဂ်နွေနေ့ရက်ကို အလုပ်ရှင်မှအိုဗာတိုင် ထမ်မံ အလုပ်ဆင်းရန် အလုပ်ရှင်မှကြေညာခဲ့ခြင်းများပြုလုပ်နေပါတယ်။

စက်ရုံတွင် နေ့စားအလုပ်သမားများလည်းခေါ်ယူထားပါတယ်။ ထိုနေ့စားဝန်ထမ်း များမှာ ၃ လကျော် ၄ လလုပ်ရက်ရှိနေပြီး ဖြစ်ပါသော်လည်း အမြဲတမ်းဝန်ထမ်း မခန့်အပ်သေးပါ။

အဆိုပါကိစ္စရပ်များသည် အလုပ်သမားများရဲ့ ရသင့်ရထိုက်သည့် ဥပဒေပါအခွင့်အရေးများချိုးဖောက်ခံနေရခြင်းများ ဖြစ်သောကြောင့် ပေးစာကဏ္ဍကနေ ဖော်ပြပေးရန် မေတ္တာ ရပ်ခံပါတယ်။

အလုပ်သမားများ


Related posts

Cover
Preclo Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား အလုပ်ထုတ်၊ စာချုပ်ဖောက်ဖျက်ပြီး ရပိုင်ခွင့်များအား ငြင်းပယ်
Jun 26, 2025
Cover
Fala Fala Clothing အထည်ချုပ် အချိန်ပို အော်လင်းအောနိုက် တပတ် ၄ ကြိမ်အထိ လုပ်ကိုင်ခိုင်း
Jun 26, 2025
Cover
လိင်ပိုင်းနှောင့်ယှက်မှုအတွက် စစ်ဆေးမှုတွေကို ဖြေကြားဖို့ Dongxin စက်ရုံ သင်ကြားပေးနေ
Jun 26, 2025
Cover
STYLE & SMART အထည်ချုပ်စက်ရုံ အတင်းအကျပ် အချိန်ပိုဆင်းခိုင်းမှု တလနီးပါး ရှိလာ
Jun 26, 2025
Cover
Dong Yu အထည်ချုပ် WCC ကိုယ်စားလှယ်အား အလုပ်ရှင် ရွေးချယ်၊ စစ်ဆေးရေးအဖွဲ့အား လိမ်လည် ဖြေကြားခိုင်း
Jun 26, 2025
Cover
မြန်မာလုပ်သား ၁၈၀ လစာနှင့်နစ်နာကြေး မရဘဲ အလုပ်ဖြုတ်ခံရလို့ အခက်ခဲဖြစ်နေ
Jun 26, 2025
Cover
Wanxinda စက်ရုံ အလုပ်သမားများအား စူပါအပေါင်းအပါဆိုကာ အလုပ်ထုတ်၊ ဖျန်ဖြေရေးရောက်မှ အရက်သောက်ဟုထွက်ဆို
Jun 26, 2025
Cover
SDI Manufacturing စက်ရုံချိုးဖောက်မှုအား ကောလာဟလ ဟု အလုပ်သမားရုံးတာဝန်ရှိသူက ပြောဆို ၊ လက်ရှိ ဓါတ်လိုက်မှုများအား စက်ရုံမှ ပြုပြင်ခြင်းမရှိ
Jun 25, 2025